iMyanmarHouse.com - Best Property Website for Myanmar
×

Angelina Jolie ဟာ Brad Pitt နဲ႔ကြာရွင္းခြင့္ကို တိုးတိုးတိတ္တိတ္ ေတာင္းဆိုခဲ့တာ ၁ ပတ္နီးပါးရိွခဲ့ျပီး ဒီအေျခအေနေတြကို ပရိသတ္ေတြ သိလိုက္ရခ်ိန္မွာေတာ့"အခ်စ္ဆုိတာ ေသသြားျပီ" လို႕ေတာင္ တစ္ကမာၻလုံး သတ္မွတ္လိုက္ၾကတဲ့အထိပါပဲ။

Angelina ဟာ Brad Pitt ဆီက အဝင္ text message ေတြနဲ႔ ဖုန္းနံပါတ္ေတြအားလုံး ဘေလာ့ခ္လုပ္ခဲ့ျပီး Pitt အေနနဲ႔ စိတ္မေကာင္းျဖစ္ခဲ့တယ္လုိ႔ သတင္းအရင္းအျမစ္တစ္ခုက Us Weekly ကုိ ေျပာျပခဲ့ပါတယ္။ သူ စိတ္ထိန္းမရျဖစ္ျပီး ငိုေၾကြးမ်က္ရည္က်ေနခဲ့တယ္လုိ႔ေတာင္ ယင္းသတင္းအရင္းအျမစ္က ဆုိပါတယ္။

သူဟာ ကိုယ္ရံေတာ္မရိွတဲ့အခ်ိန္ အကြက္ဆင္ ခ်ဳံခုိတုိက္ခုိက္ခံရျပီး သူမ ဒီလုိလုပ္လိမ့္မယ္လုိ႔ မသိခဲ့ပါဘူး။ Angelina Jolie ဟာ တနလၤာေန႔ည တရားရုံးမပိတ္ခင္ေလး ၁မိနစ္အလိုမွာ စာရြက္စာတန္းေတြ တင္ခဲ့ပါတယ္။ Brad မွာ ဘာေရွ႕ေနမွ မရိွပါဘူး။ Jolie က သူ႕ကို ကြာရွင္းမယ္လို႕ အရင္အခါေတြက ျခိမ္းေျခာက္ခဲ့ဖူးေပမယ့္ ခုလိုေတြ ျဖစ္လာလိမ့္မယ္၊ အမႈတင္လိမ့္မယ္လုိ႔ ေတာ့ သူ မယူဆခဲ့ပါဘူးတဲ့။

Brad သိခ်င္မွသိမယ့္ ေနာက္တစ္ခ်က္က Angelina ဟာ ကြာရွင္းခြင့္မေတာင္းခင္ Malibu မွာ အိမ္တစ္လုံး ထပ္ငွားခဲ့ပါတယ္။ ဒါကို သူသိရင္လည္း သိပါလိမ့္မယ္။ သူတို႔အခ်စ္ေရးဆက္ဆံမႈအေၾကာင္း ကြ်ႏု္ပ္တုိ႔ဘာမွ မသိေပမယ့္ သတင္းထုတ္ျပန္ခ်က္ေတြနဲ႔ ထင္ေၾကးေပးမႈေတြ ဆက္လက္ထြက္လာေနဦးမွာပဲ ျဖစ္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

Angelina Jolie ဟာ Brad Pitt နဲ့ကွာရှင်းခွင့်ကို တိုးတိုးတိတ်တိတ် တောင်းဆိုခဲ့တာ ၁ ပတ်နီးပါးရှိခဲ့ပြီး ဒီအခြေအနေတွေကို ပရိသတ်တွေ သိလိုက်ရချိန်မှာတော့"အချစ်ဆိုတာ သေသွားပြီ" လို့တောင် တစ်ကမ္ဘာလုံး သတ်မှတ်လိုက်ကြတဲ့အထိပါပဲ။

Angelina ဟာ Brad Pitt ဆီက အဝင် text message တွေနဲ့ ဖုန်းနံပါတ်တွေအားလုံး ဘလော့ခ်လုပ်ခဲ့ပြီး Pitt အနေနဲ့ စိတ်မကောင်းဖြစ်ခဲ့တယ်လို့ သတင်းအရင်းအမြစ်တစ်ခုက Us Weekly ကို ပြောပြခဲ့ပါတယ်။ သူ စိတ်ထိန်းမရဖြစ်ပြီး ငိုကြွေးမျက်ရည်ကျနေခဲ့တယ်လို့တောင် ယင်းသတင်းအရင်းအမြစ်က ဆိုပါတယ်။

သူဟာ ကိုယ်ရံတော်မရှိတဲ့အချိန် အကွက်ဆင် ချုံခိုတိုက်ခိုက်ခံရပြီး သူမ ဒီလိုလုပ်လိမ့်မယ်လို့ မသိခဲ့ပါဘူး။ Angelina Jolie ဟာ တနင်္လာနေ့ည တရားရုံးမပိတ်ခင်လေး ၁မိနစ်အလိုမှာ စာရွက်စာတန်းတွေ တင်ခဲ့ပါတယ်။ Brad မှာ ဘာရှေ့နေမှ မရှိပါဘူး။ Jolie က သူ့ကို ကွာရှင်းမယ်လို့ အရင်အခါတွေက ခြိမ်းခြောက်ခဲ့ဖူးပေမယ့် ခုလိုတွေ ဖြစ်လာလိမ့်မယ်၊ အမှုတင်လိမ့်မယ်လို့ တော့ သူ မယူဆခဲ့ပါဘူးတဲ့။

Brad သိချင်မှသိမယ့် နောက်တစ်ချက်က Angelina ဟာ ကွာရှင်းခွင့်မတောင်းခင် Malibu မှာ အိမ်တစ်လုံး ထပ်ငှားခဲ့ပါတယ်။ ဒါကို သူသိရင်လည်း သိပါလိမ့်မယ်။ သူတို့အချစ်ရေးဆက်ဆံမှုအကြောင်း ကျွနု်ပ်တို့ဘာမှ မသိပေမယ့် သတင်းထုတ်ပြန်ချက်တွေနဲ့ ထင်ကြေးပေးမှုတွေ ဆက်လက်ထွက်လာနေဦးမှာပဲ ဖြစ်ပါတယ်။

Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top