iMyanmarHouse.com - Best Property Website for Myanmar
×

ကမၻာေက်ာ္ အဆိုေတာ္ ေဂ်လိုသည္ စေကာ့တလန္ဒီေဂ်သမား ကာလ္ဗင္ဟားရစ္ႏွင့္ တြဲခုတ္ေနသည္ဟု ေကာလဟာလ သတင္းမ်ား ထြက္ေပၚေနေသာ္လည္း ယင္းသတင္းမ်ားကို လ်စ္လ်ဴ ရႈကာ NBC ရုပ္သံ၏ ဒရမ္မာဇာတ္ကား “ Shade of Blue”ကို ဆက္လက္ ရိုက္ကူးလ်က္ရွိသည္။

အသက္ ၄၇ ႏွစ္ အရြယ္ရွိ ေဂ်လို ႏွင့္ ေတလာဆြစ္ဖ္၏ ရည္စားေဟာင္းျဖစ္သူ အသက္ ၃၂ ႏွစ္အရြယ္ ကာလ္ဗင္ဟားရစ္ တို႔သည္  လက္စ္ဗီးဂက္စ္ ဟိုတယ္တြင္  ေတးသီခ်င္းအတြက္ အလုပ္အတူ လုပ္ရန္ဟု အေၾကာင္းျပကာ အတူအခ်ိန္ကုန္ဆံုးခဲ့ေၾကာင္း  National Enquirer က ယခု သီတင္းပတ္တြင္ ေျပာၾကားခဲ့သည္။

ေဂ်လိုသည္ မၾကာေသးမီက  ကာလရွည္ ျပတ္လိုက္ဆက္လိုက္ျဖစ္ေနေသာ အသက္၂၉ႏွစ္အရြယ္ ကက္စပါစမက္ႏွင့္ လမ္းခြဲခဲ့သည္။ ကာလ္ဗင္သည္ ေတလာႏွင့္ ၁၅လၾကာ တြဲခဲ့ၿပီးေနာက္ ေမလက လမ္းခြဲခဲ့သည္။

ကာလ္ဗင္ဟားရစ္သည္ လက္စ္ဗီးဂက္စ္ျမိဳ႕တြင္  ဇြန္လက က်င္းပျပဳလုပ္ေသာ ေဂ်လို၏ အသက္ ၄၇ ႏွစ္ျပည့္ ေမြးေန႔ပြဲကို တက္ေရာက္ခဲ့ၿပီး ေတးဂီတအတြက္ ပူးေပါင္းလုပ္ေဆာင္ရန္   ေဆြးေႏြးခဲ့ၾကေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Credit ; mizzima

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

ကမ္ဘာကျော် အဆိုတော် ဂျေလိုသည် စကော့တလန်ဒီဂျေသမား ကာလ်ဗင်ဟားရစ်နှင့် တွဲခုတ်နေသည်ဟု ကောလဟာလ သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းသတင်းများကို လျစ်လျူ ရှုကာ NBC ရုပ်သံ၏ ဒရမ်မာဇာတ်ကား “ Shade of Blue”ကို ဆက်လက် ရိုက်ကူးလျက်ရှိသည်။

အသက် ၄၇ နှစ် အရွယ်ရှိ ဂျေလို နှင့် တေလာဆွစ်ဖ်၏ ရည်စားဟောင်းဖြစ်သူ အသက် ၃၂ နှစ်အရွယ် ကာလ်ဗင်ဟားရစ် တို့သည်  လက်စ်ဗီးဂက်စ် ဟိုတယ်တွင်  တေးသီချင်းအတွက် အလုပ်အတူ လုပ်ရန်ဟု အကြောင်းပြကာ အတူအချိန်ကုန်ဆုံးခဲ့ကြောင်း  National Enquirer က ယခု သီတင်းပတ်တွင် ပြောကြားခဲ့သည်။

ဂျေလိုသည် မကြာသေးမီက  ကာလရှည် ပြတ်လိုက်ဆက်လိုက်ဖြစ်နေသော အသက်၂၉နှစ်အရွယ် ကက်စပါစမက်နှင့် လမ်းခွဲခဲ့သည်။ ကာလ်ဗင်သည် တေလာနှင့် ၁၅လကြာ တွဲခဲ့ပြီးနောက် မေလက လမ်းခွဲခဲ့သည်။

ကာလ်ဗင်ဟားရစ်သည် လက်စ်ဗီးဂက်စ်မြို့တွင်  ဇွန်လက ကျင်းပပြုလုပ်သော ဂျေလို၏ အသက် ၄၇ နှစ်ပြည့် မွေးနေ့ပွဲကို တက်ရောက်ခဲ့ပြီး တေးဂီတအတွက် ပူးပေါင်းလုပ်ဆောင်ရန်   ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Credit ; mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top