iMyanmarHouse.com - Best Property Website for Myanmar
×

Harper's Bazaar ရဲ႕ ေအာက္တုိဘာလထုတ္ မဂၢဇင္းမ်က္ႏွာဖံုးရွင္အျဖစ္ တက္ၾကြလွပစြာ ပါဝင္ထားတဲ့ ဂ်ီဂ်ီဟက္ဒီးဟာ သူမရဲ႕ စားေသာက္ေနုထိုင္မႈ ပံုစံနဲ႔ ပတ္သက္ၿပီး ေျပာျပသြားခဲ့တာ ျဖစ္ပါတယ္။

ေန႔စဥ္ မနက္ ၇ နာရီထတဲ့ ဂ်ီဂ်ီဟာ မနက္စာအျဖစ္ နယူးေယာ့ခ္က The Smile ဆုိင္က ၾကက္ဥေမႊေၾကာ္၊ ဝက္ေပါင္ေျခာက္နဲ႔ ေပါင္မုန္႔မီးကင္ကို အႀကိဳက္ဆံုးပါတဲ့။ ဒါေပမဲ့ အခုေနာက္ပိုင္းေတာ့ ေဇးေမာလစ္က မနက္စာအျဖစ္ ပဲေတြကို စားေစတယ္လို႔ ဆုိပါတယ္။

အားကစားေန႔စဥ္လုပ္တဲ့ ဂ်ီဂ်ီဟာ လက္ေဝွ႕လည္း ထိုးသလို ေဘာ္လီေဘာကစားျခင္းနဲ႔ ျမင္းစီးျခင္းတုိ႔ကိုလည္း ႏွစ္သက္သူျဖစ္ပါတယ္။

"ကၽြန္မရဲ႕ေဆာင္ပုဒ္က က်န္းမာဖုိ႔အတြက္ သန္႔ရွင္းတဲ့အရာေတြကို စားပါ။ စိတ္မွန္ဖုိ႔အတြက္ ဘာဂါစားပါ" လုိ႔ ဂ်ီဂ်ီက ေျပာျပခဲ့ပါတယ္။ သူမဟာ ေန႔လယ္စာအျဖစ္ ဘာဂါကို မၾကာခဏ စားၿပီး သူမစိတ္ကို အလုိလိုက္သူပါ။

ဒါ့အျပင္ Emack & Bolio's က ေရခဲမုန္႔နဲ႔ ပိုင္မုန္႔ေတြကိုလည္း သူမက ႀကိဳက္ျပန္ပါေသးတယ္။

ညဘက္ဆုိရင္ တစ္ခါတရံမွာ သူငယ္ခ်င္းေတြနဲ႔ အျပင္ထြက္ ညစာစား၊ ေသာက္စားတာေတြ လုပ္တတ္ၿပီး သူမအႀကိဳက္ဆံုးက Bond Street က ဆူရွီျဖစ္တယ္လို႔ ေျပာျပပါတယ္။

ဒါေပမဲ့ သူမဟာ အိမ္မွာပဲေနၿပီး ႐ုပ္ရွင္ၾကည့္ရတာကိုလည္း ႏွစ္သက္ျပန္ပါေသးတယ္။

သူမဟာ Girls ဒါမွမဟုတ္ Prison Break ႐ုပ္သံဇာတ္လမ္းတြဲကို ၾကည့္ၿပီး အိပ္ရာဝင္တယ္လို႔ ဆိုပါတယ္။

Credit :duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

Harper's Bazaar ရဲ့ အောက်တိုဘာလထုတ် မဂ္ဂဇင်းမျက်နှာဖုံးရှင်အဖြစ် တက်ကြွလှပစွာ ပါဝင်ထားတဲ့ ဂျီဂျီဟက်ဒီးဟာ သူမရဲ့ စားသောက်နေုထိုင်မှု ပုံစံနဲ့ ပတ်သက်ပြီး ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။

နေ့စဉ် မနက် ၇ နာရီထတဲ့ ဂျီဂျီဟာ မနက်စာအဖြစ် နယူးယော့ခ်က The Smile ဆိုင်က ကြက်ဥမွှေကြော်၊ ဝက်ပေါင်ခြောက်နဲ့ ပေါင်မုန့်မီးကင်ကို အကြိုက်ဆုံးပါတဲ့။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ ဇေးမောလစ်က မနက်စာအဖြစ် ပဲတွေကို စားစေတယ်လို့ ဆိုပါတယ်။

အားကစားနေ့စဉ်လုပ်တဲ့ ဂျီဂျီဟာ လက်ဝှေ့လည်း ထိုးသလို ဘော်လီဘောကစားခြင်းနဲ့ မြင်းစီးခြင်းတို့ကိုလည်း နှစ်သက်သူဖြစ်ပါတယ်။

"ကျွန်မရဲ့ဆောင်ပုဒ်က ကျန်းမာဖို့အတွက် သန့်ရှင်းတဲ့အရာတွေကို စားပါ။ စိတ်မှန်ဖို့အတွက် ဘာဂါစားပါ" လို့ ဂျီဂျီက ပြောပြခဲ့ပါတယ်။ သူမဟာ နေ့လယ်စာအဖြစ် ဘာဂါကို မကြာခဏ စားပြီး သူမစိတ်ကို အလိုလိုက်သူပါ။

ဒါ့အပြင် Emack & Bolio's က ရေခဲမုန့်နဲ့ ပိုင်မုန့်တွေကိုလည်း သူမက ကြိုက်ပြန်ပါသေးတယ်။

ညဘက်ဆိုရင် တစ်ခါတရံမှာ သူငယ်ချင်းတွေနဲ့ အပြင်ထွက် ညစာစား၊ သောက်စားတာတွေ လုပ်တတ်ပြီး သူမအကြိုက်ဆုံးက Bond Street က ဆူရှီဖြစ်တယ်လို့ ပြောပြပါတယ်။

ဒါပေမဲ့ သူမဟာ အိမ်မှာပဲနေပြီး ရုပ်ရှင်ကြည့်ရတာကိုလည်း နှစ်သက်ပြန်ပါသေးတယ်။

သူမဟာ Girls ဒါမှမဟုတ် Prison Break ရုပ်သံဇာတ်လမ်းတွဲကို ကြည့်ပြီး အိပ်ရာဝင်တယ်လို့ ဆိုပါတယ်။

Credit :duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top