iMyanmarHouse.com - Best Property Website for Myanmar
×






Credit : duwun



#Unicode Version

ကေပေါ့ကြယ်ပွင့် G-Dragon ကိုယ်တိုင် သီးသန့်အသုံးပြုနေတဲ့ အင်စတာဂရမ်အကောင့်က အဟက်ခံခဲ့ရပြီး ဂျပန်မော်ဒယ်နဲ့ လျှို့ဝှက်ပုံရိပ်တွေ ပျံ့နှံ့လာခဲ့ပါတယ်။

G-Dragon က peaceminusone အမည်နဲ့ သီးသန့်အင်စတာဂရမ်အကောင့် ဖွင့်ထားခဲ့တယ်လို့ သိရပါတယ်။ ယင်းအကောင့်ကို ဟက်ကာတွေက ထိုးဖောက်ဝင်ရောက်ခဲ့ပြီး အကောင့်ထဲက ပုံတွေဟာ public ဖြစ်သွားခဲ့တာပါ။

ဟက်ခံရတဲ့ အင်စတာဂရမ် အကောင့်ထဲမှာ ဂျပန်မော်ဒယ် ကိုမတ်စု နာနာနဲ့ G-Dragon တို့ မိတ်ဆွေအဆင့်ထက် ကျော်လွန်စွာ ပူးပူးကပ်ကပ်ရှိနေကြတဲ့ ပုံရိပ်တွေကို ဇူလိုင်ကစပြီး တောက်လျှောက်တင်ထားတာတွေ့ရပါတယ်။ အဆိုတော် တေးယန်ကပါ peaceminusone အကောင့်ထဲက ပုံတစ်ပုံအောက်မှာ ကွန်မန့်ဝင်ပေးခဲ့ပါသေးတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top