iMyanmarHouse.com - Best Property Website for Myanmar
×

ယခုႏွစ္ အမ္မီဆုေပးပြဲအခမ္းအနားတြင္ အေအာင္ျမင္ဆံုး ဒရာမာဇာတ္ လမ္းတြဲဆုကို NYPD BIVE ဇာတ္ ကား ၾကယ္ပြင့္မင္းသားမ်ားျဖစ္ ေသာ ဂ်င္မီစမစ္ႏွင့္ ဒန္းနစ္ဖရန္႔ဇ္ တို႔ ပါဝင္သ႐ုပ္ေဆာင္သည့္ Game of Thrones ဇာတ္ကား က ၂ ႏွစ္ဆက္တိုက္ ရရွိခဲ့သည္။

ယင္းဇာတ္ကားသည္ ပၪၥမေျမာက္ ဇာတ္လမ္းတြဲျဖင့္ ၂၀၁၅က အမ္မီဆု ရရွိခဲ့ၿပီး Battle of the Bastards ဇာတ္လမ္းတြဲျဖင့္ ၂၀၁၆ အမ္မီဆုကို ထပ္မံရရွိ ျခင္းျဖစ္သည္။

ယင္းဇာတ္လမ္းတြဲကို  ပုံု ေဖာ္႐ိုက္ကူးခဲ့သည့္ မီဂူးလ္ဆာ ေပါ့နစ္ခ်္က ဒရာမာဇာတ္လမ္း တြဲ အေကာင္းဆံုးဒါ႐ိုက္တာဆု ရရွိခဲ့ၿပီး ဇာတ္ၫႊန္းေရးသူ ေဒးဗစ္ ဘန္နီေယာ့ဖ္လည္း ဒရာမာ ဇာတ္လမ္းတြဲ အေကာင္းဆံုးဇာတ္ၫႊန္း ဆု ရရွိခဲ့သည္။

ယင္း Battle of the Bastardsဇာတ္လမ္းသည္ Game of Thrones ၏ နဝမေျမာက္အပိုင္း ျဖစ္သည္။

ယင္းဇာတ္လမ္းသည္ ေဝဖန္သံမ်ားႏွင့္ ခ်ီးက်ဴးသံမ်ား ဆူညံခဲ့ေသာ ဇာတ္လမ္းျဖစ္ၿပီး ခ်ီးက်ဴးသူမ်ားက လက္ရာေျမာက္ ဖန္တီးမႈတစ္ခုျဖစ္သည္ဟု ေျပာ သည္။ဇာတ္လမ္းတြင္ပါဝင္ေသာ ေရွးစစ္ပြဲကို ၂၅ ရက္ၾကာ ႐ိုက္ကူးခဲ့ရၿပီး ေနာက္ထပ္ရက္ ၅၀၀ အထိ ျပင္ဆင္ခဲ့ရကာ ဝန္ထမ္း ၆၀၀ ေက်ာ္ႏွင့္ ျမင္းေကာင္ေရ ၇၀ ျဖင့္ ႐ိုက္ကူးခဲ့ရသည္။ ကနဦးထုတ္လႊင့္ ျပသမႈအတြင္း အေမရိကန္ႏိုင္ငံတြင္ ၾကည့္႐ႈအားေပးသူ ၇ ဒသမ ၆၆ သန္းအထိ ရွိခဲ့သည္။

Credit :trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ယခုနှစ် အမ်မီဆုပေးပွဲအခမ်းအနားတွင် အအောင်မြင်ဆုံး ဒရာမာဇာတ် လမ်းတွဲဆုကို NYPD BIVE ဇာတ် ကား ကြယ်ပွင့်မင်းသားများဖြစ် သော ဂျင်မီစမစ်နှင့် ဒန်းနစ်ဖရန့်ဇ် တို့ ပါဝင်သရုပ်ဆောင်သည့် Game of Thrones ဇာတ်ကား က ၂ နှစ်ဆက်တိုက် ရရှိခဲ့သည်။

ယင်းဇာတ်ကားသည် ပဉ္စမမြောက် ဇာတ်လမ်းတွဲဖြင့် ၂၀၁၅က အမ်မီဆု ရရှိခဲ့ပြီး Battle of the Bastards ဇာတ်လမ်းတွဲဖြင့် ၂၀၁၆ အမ်မီဆုကို ထပ်မံရရှိ ခြင်းဖြစ်သည်။

ယင်းဇာတ်လမ်းတွဲကို  ပုံ ဖော်ရိုက်ကူးခဲ့သည့် မီဂူးလ်ဆာ ပေါ့နစ်ချ်က ဒရာမာဇာတ်လမ်း တွဲ အကောင်းဆုံးဒါရိုက်တာဆု ရရှိခဲ့ပြီး ဇာတ်ညွှန်းရေးသူ ဒေးဗစ် ဘန်နီယော့ဖ်လည်း ဒရာမာ ဇာတ်လမ်းတွဲ အကောင်းဆုံးဇာတ်ညွှန်း ဆု ရရှိခဲ့သည်။

ယင်း Battle of the Bastardsဇာတ်လမ်းသည် Game of Thrones ၏ နဝမမြောက်အပိုင်း ဖြစ်သည်။

ယင်းဇာတ်လမ်းသည် ဝေဖန်သံများနှင့် ချီးကျူးသံများ ဆူညံခဲ့သော ဇာတ်လမ်းဖြစ်ပြီး ချီးကျူးသူများက လက်ရာမြောက် ဖန်တီးမှုတစ်ခုဖြစ်သည်ဟု ပြော သည်။ဇာတ်လမ်းတွင်ပါဝင်သော ရှေးစစ်ပွဲကို ၂၅ ရက်ကြာ ရိုက်ကူးခဲ့ရပြီး နောက်ထပ်ရက် ၅၀၀ အထိ ပြင်ဆင်ခဲ့ရကာ ဝန်ထမ်း ၆၀၀ ကျော်နှင့် မြင်းကောင်ရေ ၇၀ ဖြင့် ရိုက်ကူးခဲ့ရသည်။ ကနဦးထုတ်လွှင့် ပြသမှုအတွင်း အမေရိကန်နိုင်ငံတွင် ကြည့်ရှုအားပေးသူ ၇ ဒသမ ၆၆ သန်းအထိ ရှိခဲ့သည်။

Credit :trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top