iMyanmarHouse.com - Best Property Website for Myanmar
×

ဒါ႐ုိက္တာမုိက္တီး႐ုိက္ကူးေန သည့္ ႐ုိက္စား႐ုပ္ရွင္ဇာတ္ကား တြင္ ေျပတီဦး၊ ခင္လႈိင္္တုိ႔ႏွင့္အတူ ၿဗိတိန္ေမာ္ဒယ္ႏွင့္သ႐ုပ္ ေဆာင္ Libby Jennings လည္း ပါ၀င္သ႐ုပ္ေဆာင္ေနရာ ႐ုပ္ရွင္ ကားတြင္ပါ၀င္ျဖစ္သည့္အ ေၾကာင္းႏွင့္ ဇာတ္႐ုပ္အေၾကာင္းတုိ႔ကို ေတြ႕ဆုံေမးျမန္းခဲ့ပါသည္။

႐ုိက္စား႐ုပ္ရွင္ဇာတ္ကား႐ုိက္ကူး ဖုိ႔လက္ခံျဖစ္ခဲ့တဲ့အေၾကာင္းနဲ႔ ပါ ၀င္သ႐ုပ္ေဆာင္ရမယ့္ဇာတ္႐ုပ္ အေၾကာင္း အရင္ဆုံးေျပာျပေပး ပါလား။

လပ္ကီးဆဲဗင္းထုတ္လုပ္ ေရးက ကမ္းလွမ္းတဲ့အခါမွာ ဇာတ္ၫႊန္းေတြဖတ္ၾကည့္ေတာ့ သေဘာက်တယ္။ ထုတ္လုပ္ေရး နဲ႔ပတ္သက္ၿပီး ေလ့လာၾကည့္ ေတာ့လည္း သေဘာက်တယ္။အဲ ဒါေၾကာင့္ ႐ုိက္ကူူးဖုိ႔လက္ခံျဖစ္ တာပါ။ ဒီဇာတ္ကားမွာ ပေရာ္ ဖက္ရွင္နယ္ေရငုပ္အဖြဲ႕ရဲ႕ ေခါင္း ေဆာင္တစ္ေယာက္ေနရာမွာ သ ႐ုပ္ေဆာင္ရမွာပါ။ ျမစ္ၾကမ္းျပင္ မွာက်ေနတဲ့ ေခါင္းေလာင္းကို ဆယ္တဲ့အဖြဲ႕ထဲမွာ။ ေနာက္ၿပီး ေတာ့ ေျပတီဦးနဲ႔ ခင္လႈိင္တုိ႔ႏွစ္ ေယာက္ရဲ႕ ပုိင္ဆုိင္မႈအားလုံးကုိ ယူသြားၿပီး ေရာ္ဘင္ဟုလုိပဲ ယူ သြားတဲ့ပစၥည္းေတြအားလုံးကိုလွဴ ခဲ့တဲ့ ဇာတ္႐ုပ္ေနရာမွာပါ၀င္ရမွာ ပါ။

အဂၤလန္မွာ သ႐ုပ္ေဆာင္မႈနဲ႔ပတ္ သက္ၿပီး ဘာေတြလုပ္ျဖစ္လဲ။

ေနာက္ႏွစ္မွာျပမယ့္ Short Filmတစ္ခုမွာလည္း သ႐ုပ္ေဆာင္ ထားတယ္။ ေနာက္ၿပီး ျပင္သစ္မွာ လည္း ေအာ္စကာဆုရတဲ့႐ုပ္ရွင္ တစ္ကားမွာလည္း သ႐ုပ္ေဆာင္ ဖူးတယ္။ သ႐ုပ္ေဆာင္အျပင္ေမာ္ ဒယ္အလုပ္ကိုလည္း ပေရာ္ဖက္ ရွင္နယ္အေနနဲ႔လုပ္ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ ႐ုပ္ရွင္လာ႐ုိက္ရ တဲ့ ခံစားမႈကိုလည္းေျပာျပေပးပါ ဦး။ ဘာသာစကားမတူညီမႈက ေကာအခက္အခဲရွိမယ္လို႔ထင္ လား။

ျမန္မာႏုိင္ငံကို အရင္က လည္း Holiday ေတြမွာလာဖူး တယ္။ အဲဒါေၾကာင့္အဆင္ေျပ တယ္။ အခုထပ္လာရတာလည္း ၀မ္းသာတယ္။ ေရႊတိဂုံကိုသြားရ တာလည္း ၾကည္ႏူးမႈ၊ ေအးခ်မ္းမႈ ေတြရတယ္။ ဘာသာစကားနဲ႔ ပတ္သက္လုိ႔ကေတာ့ ေလ့လာေန တယ္။ နာမည္ေတြဆုိရင္လုိက္ ေမးတယ္။ ႐ုိက္ကြင္းထဲမွာ သုံး မယ့္စကားေတြကိုလည္း သင္ယူ ေနတယ္။

အရင္တစ္ေခါက္လာတုန္းက ေရႊ တိဂုံမွာလည္း လုပ္အားေပးဖူး တယ္ဆုိေတာ့ အဲဒီအေၾကာင္း လည္းေျပာျပေပးပါဦး။

ၿပီးခဲ့တဲ့ သုံးလေလာက္က ေရႊတိဂုံကိုလာေတာ့ တံျမက္စည္း လွည္းတဲ့ ပရဟိတအဖြဲ႕ေတြနဲ႔ ေတြ႕တယ္။ အဲဒီအခ်ိန္မွာ အရမ္း စိတ္၀င္စားတယ္။ အဲဒါေၾကာင့္ ကၽြန္မလည္းပါ၀င္လုိ႔ရမလားလုိ႔ ေျပာၿပီးတံျမက္စည္းလွည္းခဲ့ဖူးပါ တယ္။

ဒီဇာတ္ကားမွာ Libby Jennings  ရဲ႕ ဖက္ရွင္ေတြအေနနဲ႔ ဘယ္လို ေတြ႕ရမလဲ။ ျမန္မာ၀တ္စုံ၀တ္ ဆင္ဖုိ႔ေကာ အစီအစဥ္ရွိမလား။

အခုထိေတာ့ ဒီဇုိင္နာနဲ႔မ ေတြ႕ေသးေတာ့ အေနာက္တုိင္းပဲ ၀တ္ရမလား၊ ျမန္မာ၀တ္စုံပဲ၀တ္ ရမလား မသိေသးဘူး။ ဒါေပမဲ့ ျမန္မာ၀တ္စုံကို ၀တ္ရမွာေတာ့ သေဘာက်ပါတယ္။ ၀တ္လည္း ၀တ္ခ်င္ပါတယ္။

ဒီ႐ုပ္ရွင္မွာ တြဲဖက္သ႐ုပ္ေဆာင္ မယ့္ သူေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဘာေတြသိထားလဲ။

လပ္ကီးဆဲဗင္းထုတ္လုပ္ ေရးကလည္း သူတုိ႔ရဲ႕အေၾကာင္း ေတြကို ပုိ႔ေပးထားတယ္။ ကုိယ္ တုိင္လည္း Googleမွာရွာတယ္။ ေျပတီဦးက ျမန္မာႏုိင္ငံရဲ႕ အ ေအာင္ျမင္ဆုံးမင္းသားဆုိတာသိ လုိက္ရတယ္။ ဒီလုိမင္းသားနဲ႔ တြဲ ဖက္သ႐ုပ္ေဆာင္ရတဲ့အတြက္ လည္းစိတ္လႈပ္ရွားမိပါတယ္။

ျမန္မာႏုိင္ငံကိုလည္း ေရာက္ဖူး တာဆုိေတာ့ ဒီႏုိင္ငံနဲ႔ပတ္သက္ၿပီး ဘာေတြသိထားလဲ။

ျမန္မာႏုိင္ငံမွာ အရမ္းအံ့ၾသ ဖြယ္ေကာင္းတဲ့ ေရႊတိဂုံဘုရားရွိ တယ္။ ၿပီးေတာ့ ပုဂံလုိမ်ဳိးေရွး ေဟာင္းေစတီပုထုိးေတြရွိတယ္။ အဲဒါေတြကို အရမ္းသေဘာက် တယ္။ ျမန္မာလူမ်ဳိးေတြရဲ႕ ႐ုိး သားပြင့္လင္းတဲ့အၿပဳံးေတြ၊ ႀကိဳ ဆုိတာေတြကိုလည္း သေဘာက် တယ္။ ေနာက္တစ္ခုကကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကုိအရမ္း သေဘာက်တယ္။ အားလည္း အားက်တယ္။ ေဒၚေအာင္ဆန္းစု ၾကည္ေရးတဲ့ စာအုပ္ေတြလည္း ဖတ္ျဖစ္တယ္။

႐ုိက္စား႐ုပ္ရွင္ကို ေစာင့္ၾကည့္ေန မယ့္ ျမန္မာပရိသတ္ေတြကိုေကာ ဘာေျပာခ်င္လဲ။

မဂၤလာပါ။ ေႏြးေထြးစြာႀကိဳ ဆုိတဲ့အတြက္ ေက်းဇူးတင္ပါ တယ္။ ျမန္မာႏုိင္ငံရဲ႕ အနာဂတ္ အေကာင္းဆုံးျဖစ္ဖုိ႔ ဆုေတာင္း ေပးခ်င္ပါတယ္။

ေက်းဇူးတင္ပါတယ္။

Credit :7 day

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဒါရိုက်တာမိုက်တီးရိုက်ကူးနေ သည့် ရိုက်စားရုပ်ရှင်ဇာတ်ကား တွင် ပြေတီဦး၊ ခင်လှိုင်တို့နှင့်အတူ ဗြိတိန်မော်ဒယ်နှင့်သရုပ် ဆောင် Libby Jennings လည်း ပါဝင်သရုပ်ဆောင်နေရာ ရုပ်ရှင် ကားတွင်ပါဝင်ဖြစ်သည့်အ ကြောင်းနှင့် ဇာတ်ရုပ်အကြောင်းတို့ကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ရိုက်စားရုပ်ရှင်ဇာတ်ကားရိုက်ကူး ဖို့လက်ခံဖြစ်ခဲ့တဲ့အကြောင်းနဲ့ ပါ ဝင်သရုပ်ဆောင်ရမယ့်ဇာတ်ရုပ် အကြောင်း အရင်ဆုံးပြောပြပေး ပါလား။

လပ်ကီးဆဲဗင်းထုတ်လုပ် ရေးက ကမ်းလှမ်းတဲ့အခါမှာ ဇာတ်ညွှန်းတွေဖတ်ကြည့်တော့ သဘောကျတယ်။ ထုတ်လုပ်ရေး နဲ့ပတ်သက်ပြီး လေ့လာကြည့် တော့လည်း သဘောကျတယ်။အဲ ဒါကြောင့် ရိုက်ကူူးဖို့လက်ခံဖြစ် တာပါ။ ဒီဇာတ်ကားမှာ ပရော် ဖက်ရှင်နယ်ရေငုပ်အဖွဲ့ရဲ့ ခေါင်း ဆောင်တစ်ယောက်နေရာမှာ သ ရုပ်ဆောင်ရမှာပါ။ မြစ်ကြမ်းပြင် မှာကျနေတဲ့ ခေါင်းလောင်းကို ဆယ်တဲ့အဖွဲ့ထဲမှာ။ နောက်ပြီး တော့ ပြေတီဦးနဲ့ ခင်လှိုင်တို့နှစ် ယောက်ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ယူသွားပြီး ရော်ဘင်ဟုလိုပဲ ယူ သွားတဲ့ပစ္စည်းတွေအားလုံးကိုလှူ ခဲ့တဲ့ ဇာတ်ရုပ်နေရာမှာပါဝင်ရမှာ ပါ။

အင်္ဂလန်မှာ သရုပ်ဆောင်မှုနဲ့ပတ် သက်ပြီး ဘာတွေလုပ်ဖြစ်လဲ။

နောက်နှစ်မှာပြမယ့် Short Filmတစ်ခုမှာလည်း သရုပ်ဆောင် ထားတယ်။ နောက်ပြီး ပြင်သစ်မှာ လည်း အော်စကာဆုရတဲ့ရုပ်ရှင် တစ်ကားမှာလည်း သရုပ်ဆောင် ဖူးတယ်။ သရုပ်ဆောင်အပြင်မော် ဒယ်အလုပ်ကိုလည်း ပရော်ဖက် ရှင်နယ်အနေနဲ့လုပ်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရုပ်ရှင်လာရိုက်ရ တဲ့ ခံစားမှုကိုလည်းပြောပြပေးပါ ဦး။ ဘာသာစကားမတူညီမှုက ကောအခက်အခဲရှိမယ်လို့ထင် လား။

မြန်မာနိုင်ငံကို အရင်က လည်း Holiday တွေမှာလာဖူး တယ်။ အဲဒါကြောင့်အဆင်ပြေ တယ်။ အခုထပ်လာရတာလည်း ဝမ်းသာတယ်။ ရွှေတိဂုံကိုသွားရ တာလည်း ကြည်နူးမှု၊ အေးချမ်းမှု တွေရတယ်။ ဘာသာစကားနဲ့ ပတ်သက်လို့ကတော့ လေ့လာနေ တယ်။ နာမည်တွေဆိုရင်လိုက် မေးတယ်။ ရိုက်ကွင်းထဲမှာ သုံး မယ့်စကားတွေကိုလည်း သင်ယူ နေတယ်။

အရင်တစ်ခေါက်လာတုန်းက ရွှေ တိဂုံမှာလည်း လုပ်အားပေးဖူး တယ်ဆိုတော့ အဲဒီအကြောင်း လည်းပြောပြပေးပါဦး။

ပြီးခဲ့တဲ့ သုံးလလောက်က ရွှေတိဂုံကိုလာတော့ တံမြက်စည်း လှည်းတဲ့ ပရဟိတအဖွဲ့တွေနဲ့ တွေ့တယ်။ အဲဒီအချိန်မှာ အရမ်း စိတ်ဝင်စားတယ်။ အဲဒါကြောင့် ကျွန်မလည်းပါဝင်လို့ရမလားလို့ ပြောပြီးတံမြက်စည်းလှည်းခဲ့ဖူးပါ တယ်။

ဒီဇာတ်ကားမှာ Libby Jennings  ရဲ့ ဖက်ရှင်တွေအနေနဲ့ ဘယ်လို တွေ့ရမလဲ။ မြန်မာဝတ်စုံဝတ် ဆင်ဖို့ကော အစီအစဉ်ရှိမလား။

အခုထိတော့ ဒီဇိုင်နာနဲ့မ တွေ့သေးတော့ အနောက်တိုင်းပဲ ဝတ်ရမလား၊ မြန်မာဝတ်စုံပဲဝတ် ရမလား မသိသေးဘူး။ ဒါပေမဲ့ မြန်မာဝတ်စုံကို ဝတ်ရမှာတော့ သဘောကျပါတယ်။ ဝတ်လည်း ဝတ်ချင်ပါတယ်။

ဒီရုပ်ရှင်မှာ တွဲဖက်သရုပ်ဆောင် မယ့် သူတွေနဲ့ ပတ်သက်ပြီးတော့ ဘာတွေသိထားလဲ။

လပ်ကီးဆဲဗင်းထုတ်လုပ် ရေးကလည်း သူတို့ရဲ့အကြောင်း တွေကို ပို့ပေးထားတယ်။ ကိုယ် တိုင်လည်း Googleမှာရှာတယ်။ ပြေတီဦးက မြန်မာနိုင်ငံရဲ့ အ အောင်မြင်ဆုံးမင်းသားဆိုတာသိ လိုက်ရတယ်။ ဒီလိုမင်းသားနဲ့ တွဲ ဖက်သရုပ်ဆောင်ရတဲ့အတွက် လည်းစိတ်လှုပ်ရှားမိပါတယ်။

မြန်မာနိုင်ငံကိုလည်း ရောက်ဖူး တာဆိုတော့ ဒီနိုင်ငံနဲ့ပတ်သက်ပြီး ဘာတွေသိထားလဲ။

မြန်မာနိုင်ငံမှာ အရမ်းအံ့သြ ဖွယ်ကောင်းတဲ့ ရွှေတိဂုံဘုရားရှိ တယ်။ ပြီးတော့ ပုဂံလိုမျိုးရှေး ဟောင်းစေတီပုထိုးတွေရှိတယ်။ အဲဒါတွေကို အရမ်းသဘောကျ တယ်။ မြန်မာလူမျိုးတွေရဲ့ ရိုး သားပွင့်လင်းတဲ့အပြုံးတွေ၊ ကြို ဆိုတာတွေကိုလည်း သဘောကျ တယ်။ နောက်တစ်ခုကကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုအရမ်း သဘောကျတယ်။ အားလည်း အားကျတယ်။ ဒေါ်အောင်ဆန်းစု ကြည်ရေးတဲ့ စာအုပ်တွေလည်း ဖတ်ဖြစ်တယ်။

ရိုက်စားရုပ်ရှင်ကို စောင့်ကြည့်နေ မယ့် မြန်မာပရိသတ်တွေကိုကော ဘာပြောချင်လဲ။

မင်္ဂလာပါ။ နွေးထွေးစွာကြို ဆိုတဲ့အတွက် ကျေးဇူးတင်ပါ တယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ် အကောင်းဆုံးဖြစ်ဖို့ ဆုတောင်း ပေးချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

Credit :7 day

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top