iMyanmarHouse.com - Best Property Website for Myanmar
×

Pee Mak မင္းသားအျဖစ္ ျမန္မာပရိသတ္မ်ား၏ အားေပးမႈ ရရွိထားေသာ ထုိင္းႏိုင္ငံမွ သ႐ုပ္ ေဆာင္ Mario Maurer သည္ ႏိုဝင္ဘာအတြင္း ျမန္မာႏိုင္ငံတြင္ျပဳလုပ္မည့္ ဖက္ရွင္႐ႈိးတစ္ခု၌ ပါဝင္ရန္စီစဥ္ေနေၾကာင္း သတင္းရရွိသည္။

Mario Maurer သည္ Pen- shoppe ဖက္ရွင္အမွတ္တံဆိပ္၏ Brand Ambassador တစ္ဦး အျဖစ္ ျမန္မာႏိုင္ငံသို႔ လာေရာက္ မည္ျဖစ္ၿပီး အဆိုပါကုမၸဏီ ျပဳလုပ္မည့္ ဖက္ရွင္ပြဲတြင္ ပါဝင္မည္ျဖစ္ သည္။

ယင္းဖက္ရွင္ပြဲကို ႏိုဝင္ဘာ ၁၄ ရက္တြင္ အင္းလ်ားလိတ္ ဟိုတယ္၌ ျပဳလုပ္မည္ျဖစ္ၿပီး ျမန္မာႏိုင္ငံမွ အႏုပညာရွင္မ်ားႏွင့္ ေမာ္ဒယ္မ်ား ပါဝင္မည္ျဖစ္သည္။

ယင္းဖက္ရွင္ပြဲကို ျမန္မာ ႏိုင္ငံမွ Penshoppe ဖက္ရွင္ပရိ သတ္မ်ားအတြက္ စီစဥ္ျခင္းျဖစ္ ေၾကာင္း ယင္းပြဲကိုစီစဥ္သည့္ Earth Trading မွ ဒါ႐ိုက္တာ ေဒၚခိုင္ခ်ဳိျမင့္က ေျပာသည္။

Mario Maurer သည္ ျမန္မာႏိုင္ငံသို႔ ၂၀၁၅ ေအာက္တိုဘာ အတြင္း Pond's Men ကုန္ပစၥည္းမိတ္ဆက္ပြဲတြင္ ယင္းကုန္ပစၥည္း၏ Brand Ambassador တစ္ဦးအျဖစ္ ပထမဆံုးအႀကိမ္ လာေရာက္ခဲ့ၿပီး ပရိသတ္ မ်ားႏွင့္ေတြ႕ဆံုခဲ့သည္။

 Credit : 7 day daily

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

Pee Mak မင်းသားအဖြစ် မြန်မာပရိသတ်များ၏ အားပေးမှု ရရှိထားသော ထိုင်းနိုင်ငံမှ သရုပ် ဆောင် Mario Maurer သည် နိုဝင်ဘာအတွင်း မြန်မာနိုင်ငံတွင်ပြုလုပ်မည့် ဖက်ရှင်ရှိုးတစ်ခု၌ ပါဝင်ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။

Mario Maurer သည် Pen- shoppe ဖက်ရှင်အမှတ်တံဆိပ်၏ Brand Ambassador တစ်ဦး အဖြစ် မြန်မာနိုင်ငံသို့ လာရောက် မည်ဖြစ်ပြီး အဆိုပါကုမ္ပဏီ ပြုလုပ်မည့် ဖက်ရှင်ပွဲတွင် ပါဝင်မည်ဖြစ် သည်။

ယင်းဖက်ရှင်ပွဲကို နိုဝင်ဘာ ၁၄ ရက်တွင် အင်းလျားလိတ် ဟိုတယ်၌ ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အနုပညာရှင်များနှင့် မော်ဒယ်များ ပါဝင်မည်ဖြစ်သည်။

ယင်းဖက်ရှင်ပွဲကို မြန်မာ နိုင်ငံမှ Penshoppe ဖက်ရှင်ပရိ သတ်များအတွက် စီစဉ်ခြင်းဖြစ် ကြောင်း ယင်းပွဲကိုစီစဉ်သည့် Earth Trading မှ ဒါရိုက်တာ ဒေါ်ခိုင်ချိုမြင့်က ပြောသည်။

Mario Maurer သည် မြန်မာနိုင်ငံသို့ ၂၀၁၅ အောက်တိုဘာ အတွင်း Pond's Men ကုန်ပစ္စည်းမိတ်ဆက်ပွဲတွင် ယင်းကုန်ပစ္စည်း၏ Brand Ambassador တစ်ဦးအဖြစ် ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီး ပရိသတ် များနှင့်တွေ့ဆုံခဲ့သည်။

 Credit : 7 day daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top