iMyanmarHouse.com - Best Property Website for Myanmar
×

ခုေျပာျပမယ့္ အေၾကာင္းအရာကို သိသြားတာနဲ႕ ေနာက္တစ္ခါရုပ္ရွင္ရံုသြားတဲ့အခါ ေပါက္ေပါက္၀ယ္စားခါနီးတုိင္း စားသင့္မစားသင့္ ႏွစ္ခါျပန္ စဥ္းစားမိၾကပါလိမ့္မယ္။ Center for Science in the Public Interest ကေနျပဳလုပ္တဲ့ ေလ့လာမႈအရ ရုပ္ရွင္ရုံေတြမွာ ေရာင္းတဲ့ ေပါက္ေပါက္ ( popcorn) ေတြဟာ က်န္းမာေရးနဲ႕ မညီညြတ္ပါဘူးတဲ့။ 

ဘာျဖစ္လုိ႕လဲဆုိေတာ့ ရုပ္ရွင္ရုပ္အမ်ားစုဟာ ေျပာင္းဖူးေစ့ေတြကုိ အုန္းဆီအသုံးျပဳျပီး ေပါက္ေပါက္ေဖာက္ၾကပါတယ္။ အုန္းဆီဟာ ေပါက္ေပါက္ေဖာက္ရာမွာ သုံးစြဲတတ္တဲ့ အဆုိးဆုံးအရာပါ။ အေၾကာင္းကေတာ့ သူက ႏွလုံးထိခိုက္ေစႏိုင္လို႕ပဲ ျဖစ္ပါတယ္။ အုန္းဆီဟာ ၉၀% ျပည့္ဝအဆီျဖစ္ျပီး ဝက္ဆီက်ေတာ့ ၄၀% ျပည့္ဝအဆီျဖစ္ပါတယ္။ ဒါ အလြန္ဆိုးေၾကာင္း ေလ့လာမႈအဆုိအရ သိရပါတယ္။

ခုေျပာျပတဲ့ ေလ့လာမႈေတြဟာ Regal၊ AMC နဲ႔ Cinemark စတဲ့ ရုပ္ရွင္ရုံ ၃ ရံုကေန အလတ္စားအရြယ္ ေပါက္ေပါက္ဘူးေတြကို စစ္ေဆးေလ့လာရာကေန ထြက္ရွိခဲ့တဲ့ အေျဖေတြပါပဲ။ Regal မွာ အလယ္လတ္အရြယ္ popcorn ဘူး (ေျပာင္းဖူးေပါက္ေပါက္ ခြက္ ၂၀ နဲ႔ ညီမွ်) မွာ ျပည့္ဝအဆီ ၆၀ ဂရမ္နဲ႔ ကယ္လုိရီ ၁၂၀၀ ပါဝင္ပါတယ္။ အလတ္အလတ္အရြယ္ AMC ေပါက္ေပါက္က ၉ ခြက္စာရွိျပီး ျပည့္ဝအဆီ ၃၃ ဂရမ္နဲ႔ ကယ္လိုရီ ၅၉၀ ပါဝင္ပါတယ္။ အဲဒီသုံးရုံအနက္ ကယ္လုိရီ ၇၆၀ ရိွတဲ့ Cinemark က အေကာင္းဆုံးျဖစ္ေၾကာင္း ေတြ႔ရပါတယ္။ အုန္းဆီအစား canola ဆီ အသုံးျပဳျပီး ေပါက္ေပါက္စုပ္ထဲမွာ ျပည့္ဝအဆီ ၃ ဂရမ္သာ ပါဝင္ပါတယ္။

ဒီေလာက္ဆုိရင္ ေနာက္ ရုပ္ရွင္သြားၾကည့္တဲ့အခါ သင္ ေပါက္ေပါက္ ဝယ္စားျဖစ္ေတာ့မွာ မဟုတ္တာ့ဘူးလုိ႔ ယူဆရပါတယ္။ Skinny Pop လုိ က်န္းမာေရးနဲ႔ ပိုမိုညီညြတ္တဲ့ဟာေလးေတြကိုသာ ေရြးခ်ယ္စားသံုးဖုိ႕ တုိက္တြန္းပါရေစ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ခုပြောပြမယ့် အကြောင်းအရာကို သိသွားတာနဲ့ နောက်တစ်ခါရုပ်ရှင်ရုံသွားတဲ့အခါ ပေါက်ပေါက်ဝယ်စားခါနီးတိုင်း စားသင့်မစားသင့် နှစ်ခါပြန် စဉ်းစားမိကြပါလိမ့်မယ်။ Center for Science in the Public Interest ကနေပြုလုပ်တဲ့ လေ့လာမှုအရ ရုပ်ရှင်ရုံတွေမှာ ရောင်းတဲ့ ပေါက်ပေါက် ( popcorn) တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူးတဲ့။

ဘာဖြစ်လို့လဲဆိုတော့ ရုပ်ရှင်ရုပ်အများစုဟာ ပြောင်းဖူးစေ့တွေကို အုန်းဆီအသုံးပြုပြီး ပေါက်ပေါက်ဖောက်ကြပါတယ်။ အုန်းဆီဟာ ပေါက်ပေါက်ဖောက်ရာမှာ သုံးစွဲတတ်တဲ့ အဆိုးဆုံးအရာပါ။ အကြောင်းကတော့ သူက နှလုံးထိခိုက်စေနိုင်လို့ပဲ ဖြစ်ပါတယ်။ အုန်းဆီဟာ ၉၀% ပြည့်ဝအဆီဖြစ်ပြီး ဝက်ဆီကျတော့ ၄၀% ပြည့်ဝအဆီဖြစ်ပါတယ်။ ဒါ အလွန်ဆိုးကြောင်း လေ့လာမှုအဆိုအရ သိရပါတယ်။

ခုပြောပြတဲ့ လေ့လာမှုတွေဟာ Regal၊ AMC နဲ့ Cinemark စတဲ့ ရုပ်ရှင်ရုံ ၃ ရုံကနေ အလတ်စားအရွယ် ပေါက်ပေါက်ဘူးတွေကို စစ်ဆေးလေ့လာရာကနေ ထွက်ရှိခဲ့တဲ့ အဖြေတွေပါပဲ။ Regal မှာ အလယ်လတ်အရွယ် popcorn ဘူး (ပြောင်းဖူးပေါက်ပေါက် ခွက် ၂၀ နဲ့ ညီမျှ) မှာ ပြည့်ဝအဆီ ၆၀ ဂရမ်နဲ့ ကယ်လိုရီ ၁၂၀၀ ပါဝင်ပါတယ်။ အလတ်အလတ်အရွယ် AMC ပေါက်ပေါက်က ၉ ခွက်စာရှိပြီး ပြည့်ဝအဆီ ၃၃ ဂရမ်နဲ့ ကယ်လိုရီ ၅၉၀ ပါဝင်ပါတယ်။ အဲဒီသုံးရုံအနက် ကယ်လိုရီ ၇၆၀ ရှိတဲ့ Cinemark က အကောင်းဆုံးဖြစ်ကြောင်း တွေ့ရပါတယ်။ အုန်းဆီအစား canola ဆီ အသုံးပြုပြီး ပေါက်ပေါက်စုပ်ထဲမှာ ပြည့်ဝအဆီ ၃ ဂရမ်သာ ပါဝင်ပါတယ်။

ဒီလောက်ဆိုရင် နောက် ရုပ်ရှင်သွားကြည့်တဲ့အခါ သင် ပေါက်ပေါက် ဝယ်စားဖြစ်တော့မှာ မဟုတ်တာ့ဘူးလို့ ယူဆရပါတယ်။ Skinny Pop လို ကျန်းမာရေးနဲ့ ပိုမိုညီညွတ်တဲ့ဟာလေးတွေကိုသာ ရွေးချယ်စားသုံးဖို့ တိုက်တွန်းပါရစေ။

Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top