iMyanmarHouse.com - Best Property Website for Myanmar
×

ၿပီးခဲ့တဲ့ တစ္ႏွစ္တာလံုးမွာေတာ့ Selena Gomez တစ္ေယာက္ Revival အယ္လ္ဘမ္ကိစၥေတြနဲ႔ နပမ္းလံုးေနခဲ့ရပါတယ္။ အခုဆုိရင္ေတာ့ သူမဟာ ခဏတာ အနားယူဖို႔ ဆံုးျဖတ္လုိက္ပါၿပီ။

အသက္ ၂၄ ႏွစ္အရြယ္ အဆုိေတာ္ဟာ လက္စ္ပတ္စ္ေရာဂါနဲ႔ နပမ္းလံုးခဲ့ရၿပီးတဲ့ေနာက္မွာေတာ့ တစ္ျခားေနာက္ဆက္တြဲေရာဂါေတြကိုပါ ဆက္တိုက္ခံစားခဲ့ရတာပါ။ ဒါ့ေၾကာင့္ Selena Gomez ဟာ ဂီတလုပ္ငန္းေတြကို ခဏတာ ေမ့ေဖ်ာက္ထားဖို႔ ႀကိဳးစားလုိက္တာျဖစ္ပါတယ္။

Selena Gomez ကေတာ့ People မဂၢဇင္းကို “ကၽြန္မကေတာ့ စိတ္ဖိအားဒဏ္ကို အေတာ္ေလးခံစားခဲ့ရပါတယ္။ လက္စ္ပတ္စ္ေရာဂါေၾကာင့့္ျဖစ္လာတဲ့ ဆိုးက်ိဳးေတြေပါ့။”

“ကၽြန္မရဲ႕ က်န္းမာေရးအတြက္ ကၽြန္မ အာရံုစိုက္ရေတာ့မယ္။ ေပ်ာ္ရႊင္မႈကို ခဏတာ ရွာေဖြရေတာ့မွာေပါ့။ ကၽြန္မကို အျမဲတမ္းေထာက္ပံ့ေနတဲ့ ပရိသတ္ေတြကိုေတာ့ အရမ္းကို ေက်းဇူးတင္ပါတယ္။ ကၽြန္မရဲ႕ အေကာင္းဆံုးဆိုတာကို ကၽြန္မ လုပ္ေဆာင္သြားအံုးမွာပါ။ ဒီလို ခံစားခ်က္ေတြ မွ်ေဝခဲ့ရလုိ႔ ကၽြန္မ အထီးက်န္တယ္လုိ႔ေတာ့ မခံစားရပါဘူး။” လို႔ Selena Gomez က ေျပာၾကားခဲ့ပါတယ္။

Selena Gomez ဟာဆိုရင္ေတာ့ ေလာေလာဆယ္မွာေတာ့ Revival အယ္လ္ဘမ္ ကမၻာလွည့္ေဖ်ာ္ေျဖပြဲေတြမွာ ေဖ်ာ္ေျဖလ်က္ရွိေနၿပီး ဥေရာပ ၊ အာရွ ၊ ေျမာက္အေမရိကနဲ႔ လက္တင္အေမရိကေတြမွာလည္း ေဖ်ာ္ေျဖမႈေတြျပဳလုပ္ဖို႔ ဆက္တုိက္ရွိေနတယ္လုိ႔ သိရပါတယ္္။ သူမရဲ႕ tour အၿပီးမွာေတာ့ Selena ဟာ အနားယူဖို႔ကိုသာ အာရံုစုိက္ထားလ်က္ရွိေနတယ္လုိ႔လည္း သိရပါတယ္။

Credit :thithtoolwin

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ပြီးခဲ့တဲ့ တစ်နှစ်တာလုံးမှာတော့ Selena Gomez တစ်ယောက် Revival အယ်လ်ဘမ်ကိစ္စတွေနဲ့ နပမ်းလုံးနေခဲ့ရပါတယ်။ အခုဆိုရင်တော့ သူမဟာ ခဏတာ အနားယူဖို့ ဆုံးဖြတ်လိုက်ပါပြီ။

 အသက် ၂၄ နှစ်အရွယ် အဆိုတော်ဟာ လက်စ်ပတ်စ်ရောဂါနဲ့ နပမ်းလုံးခဲ့ရပြီးတဲ့နောက်မှာတော့ တစ်ခြားနောက်ဆက်တွဲရောဂါတွေကိုပါ ဆက်တိုက်ခံစားခဲ့ရတာပါ။ ဒါ့ကြောင့် Selena Gomez ဟာ ဂီတလုပ်ငန်းတွေကို ခဏတာ မေ့ဖျောက်ထားဖို့ ကြိုးစားလိုက်တာဖြစ်ပါတယ်။

Selena Gomez ကတော့ People မဂ္ဂဇင်းကို “ကျွန်မကတော့ စိတ်ဖိအားဒဏ်ကို အတော်လေးခံစားခဲ့ရပါတယ်။ လက်စ်ပတ်စ်ရောဂါကြောင့့်ဖြစ်လာတဲ့ ဆိုးကျိုးတွေပေါ့။”

“ကျွန်မရဲ့ ကျန်းမာရေးအတွက် ကျွန်မ အာရုံစိုက်ရတော့မယ်။ ပျော်ရွှင်မှုကို ခဏတာ ရှာဖွေရတော့မှာပေါ့။ ကျွန်မကို အမြဲတမ်းထောက်ပံ့နေတဲ့ ပရိသတ်တွေကိုတော့ အရမ်းကို ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ အကောင်းဆုံးဆိုတာကို ကျွန်မ လုပ်ဆောင်သွားအုံးမှာပါ။ ဒီလို ခံစားချက်တွေ မျှဝေခဲ့ရလို့ ကျွန်မ အထီးကျန်တယ်လို့တော့ မခံစားရပါဘူး။” လို့ Selena Gomez က ပြောကြားခဲ့ပါတယ်။

Selena Gomez ဟာဆိုရင်တော့ လောလောဆယ်မှာတော့ Revival အယ်လ်ဘမ် ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေမှာ ဖျော်ဖြေလျက်ရှိနေပြီး ဥရောပ ၊ အာရှ ၊ မြောက်အမေရိကနဲ့ လက်တင်အမေရိကတွေမှာလည်း ဖျော်ဖြေမှုတွေပြုလုပ်ဖို့ ဆက်တိုက်ရှိနေတယ်လို့ သိရပါတယ်။ သူမရဲ့ tour အပြီးမှာတော့ Selena ဟာ အနားယူဖို့ကိုသာ အာရုံစိုက်ထားလျက်ရှိနေတယ်လို့လည်း သိရပါတယ်။

Credit :thithtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top