iMyanmarHouse.com - Best Property Website for Myanmar
×

 ၿပီးခဲ့သည့္လ က ကမၻာလွည့္ေဖ်ာ္ေျဖေရးအစီ အစဥ္ဖ်က္သိမ္းကာ လူအမ်ား၏အာ႐ံုစိုက္ျခင္းကို လံုးဝေရွာင္ရွားေနေသာ္လည္း ဆယ္လီနာဂိုမက္ဇ္သည္ အင္စတာဂရမ္ဝက္ဘ္ဆိုက္ တြင္ မိတ္ေဆြဖြဲ႕ထားသူ သန္း ၁၀၀ ျပည့္သြားသည့္ ပထမဆံုး ေအာင္ျမင္ေက်ာ္ၾကားသူ ျဖစ္လာ သည္။

ယင္းမွာ ဆယ္လီနာဂိုမက္ဇ္ (၂၄)ႏွစ္ကို ၎၏ ပရိသတ္မ်ား က လူမႈကြန္ရက္တြင္ သမိုင္းဝင္ မွတ္တိုင္တစ္ခု စိုက္ထူႏိုင္ေရး လႈပ္ရွားမႈ ရလဒ္တစ္ခုလည္း ျဖစ္ သည္။

ၾသဂုတ္လကုန္က ဂိုမက္ဇ္သည္ စိတ္ဓာတ္က်ျခင္းႏွင့္ ကိုယ္ ခံအားစနစ္ျပႆနာ ႀကံဳေတြ႕ရ ျခင္းေၾကာင့္ ျဖစ္ေပၚလာေသာ စိုးရိမ္မႈမ်ားကို ေျဖရွင္းေရးအနား ယူမည္ဟု ထုတ္ေဖာ္ေျပာဆိုခဲ့ သည္။

ယင္းေနာက္ ေဖ်ာ္ေျဖေရး ခရီးစဥ္မ်ားကို ဖ်က္သိမ္းခဲ့ၿပီး လူ အမ်ားအာ႐ံုစိုက္ျခင္းမွ ေရွာင္ၿပီး က်န္းမာေရးထိန္းသိမ္းရန္ အာ႐ံု စိုက္မည္ဟု People မဂၢဇင္းႏွင့္ ေတြ႕ဆံုစဥ္ ေျပာၾကားခဲ့သည္။

ဂိုမက္ဇ္သည္ အင္စတာ ဂရမ္တြင္ ေနာက္ဆံုးအႀကိမ္ ဓာတ္ပံုတင္ခဲ့သည္မွာ သီတင္း ေျခာက္ပတ္  ၾကာၿပီျဖစ္ေသာ္လည္း  ၎သည္ လူမႈကြန္ရက္တြင္ ၾသဇာႀကီးေသာ ေတလာဆြစ္ဖ္ (မိတ္ေတြ ၉၁ ဒသမ ၄ သန္း)၊ ဘီယြန္ေစး (၈၅ ဒသမ ၃ သန္း) တို႔ကုိေက်ာ္၍ မိတ္ေဆြသန္း ၁၀၀ ျပည့္သည့္ ပထမဆံုးေသာ ေအာင္ျမင္ေက်ာ္ၾကားသူ ျဖစ္လာ သည္။

ဂိုမက္ဇ္သည္ မိတ္ေဆြသန္း ၁၀၀ ျပည့္သည့္ တစ္ဦးတည္း ေသာ လူပုဂၢိဳလ္ျဖစ္ေၾကာင္း အင္ စတာဂရမ္ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက အတည္ျပဳေျပာၾကား သည္။

Credit: 7 day daily

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

 ပြီးခဲ့သည့်လ က ကမ္ဘာလှည့်ဖျော်ဖြေရေးအစီ အစဉ်ဖျက်သိမ်းကာ လူအများ၏အာရုံစိုက်ခြင်းကို လုံးဝရှောင်ရှားနေသော်လည်း ဆယ်လီနာဂိုမက်ဇ်သည် အင်စတာဂရမ်ဝက်ဘ်ဆိုက် တွင် မိတ်ဆွေဖွဲ့ထားသူ သန်း ၁၀၀ ပြည့်သွားသည့် ပထမဆုံး အောင်မြင်ကျော်ကြားသူ ဖြစ်လာ သည်။

ယင်းမှာ ဆယ်လီနာဂိုမက်ဇ် (၂၄)နှစ်ကို ၎င်း၏ ပရိသတ်များ က လူမှုကွန်ရက်တွင် သမိုင်းဝင် မှတ်တိုင်တစ်ခု စိုက်ထူနိုင်ရေး လှုပ်ရှားမှု ရလဒ်တစ်ခုလည်း ဖြစ် သည်။

သြဂုတ်လကုန်က ဂိုမက်ဇ်သည် စိတ်ဓာတ်ကျခြင်းနှင့် ကိုယ် ခံအားစနစ်ပြဿနာ ကြုံတွေ့ရ ခြင်းကြောင့် ဖြစ်ပေါ်လာသော စိုးရိမ်မှုများကို ဖြေရှင်းရေးအနား ယူမည်ဟု ထုတ်ဖော်ပြောဆိုခဲ့ သည်။

ယင်းနောက် ဖျော်ဖြေရေး ခရီးစဉ်များကို ဖျက်သိမ်းခဲ့ပြီး လူ အများအာရုံစိုက်ခြင်းမှ ရှောင်ပြီး ကျန်းမာရေးထိန်းသိမ်းရန် အာရုံ စိုက်မည်ဟု People မဂ္ဂဇင်းနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဂိုမက်ဇ်သည် အင်စတာ ဂရမ်တွင် နောက်ဆုံးအကြိမ် ဓာတ်ပုံတင်ခဲ့သည်မှာ သီတင်း ခြောက်ပတ်  ကြာပြီဖြစ်သော်လည်း  ၎င်းသည် လူမှုကွန်ရက်တွင် သြဇာကြီးသော တေလာဆွစ်ဖ် (မိတ်တွေ ၉၁ ဒသမ ၄ သန်း)၊ ဘီယွန်စေး (၈၅ ဒသမ ၃ သန်း) တို့ကိုကျော်၍ မိတ်ဆွေသန်း ၁၀၀ ပြည့်သည့် ပထမဆုံးသော အောင်မြင်ကျော်ကြားသူ ဖြစ်လာ သည်။

ဂိုမက်ဇ်သည် မိတ်ဆွေသန်း ၁၀၀ ပြည့်သည့် တစ်ဦးတည်း သော လူပုဂ္ဂိုလ်ဖြစ်ကြောင်း အင် စတာဂရမ် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အတည်ပြုပြောကြား သည်။


Credit: 7 day daily


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top