iMyanmarHouse.com - Best Property Website for Myanmar
×

တခ်ဳိ႕နာမည္ၾကီးပုဂၢိဳလ္ေတြ ဧည့္ပရိတ္သတ္ေထာင္ခ်ီ၊ ကိတ္မုန္႔ အျမင့္ၾကီးေတြနဲ႔အတူ အလြန္ခမ္းနားထည္ဝါ ဒ႑ာရီဆန္ဆန္ မဂၤလာေဆာင္ပြဲေတြ က်င္းပျပဳလုပ္ေနၾကခ်ိန္မွာ တစ္ခ်ိဳ႕အႏုပညာရွင္ေတြက်ေတာ့လည္း သိုသိုသိပ္သိပ္ေလးပဲ က်င္းပျပီး ဒါကို သေဘာက်ဂုဏ္ယူေနၾကပါတယ္။

သာဓကေနနဲ႔ နာမည္ၾကီး အမ်ဳိးသမီးသရုပ္ေဆာင္ Shu Qi နဲ႔ ေဟာင္ေကာင္ မင္းသား၊ ဒါရုိက္တာ Stephen Feng တို႔ ခ်စ္သူေတြ ျဖစ္ခဲ့ၾကတာ စေနေန႔အထိ ဘယ္သူမွ မသိခဲ့ပါဘူး။ ဒီသတင္းထုတ္ျပန္ခ်က္က တရုတ္ႏုိင္ငံ Hangzhou ျမိဳ႕က G20 ထိပ္သီးညီလာခံ ဖြင့္ပြဲကိုပါ လႊမ္းမိုးကာ ျပီးခဲ့တဲ့ရက္သတၱပတ္အတြင္း လူေတာ္ေတာ္မ်ားမ်ားကို အံ့အားသင့္ေစခဲ့ပါတယ္။


အဆုိပါစုံတြဲႏွစ္ဦးက "Apple Daily သတင္းမွာ တင္ထားတဲ့ ခ်စ္စရာမဂၤလာပြဲဓာတ္ပုံေတြနဲ႔ အတုိုခ်ဳပ္ေၾကျငာခ်က္တစ္ခုကေနတဆင့္ လူသိသြားတာ" လုိ႔ ပရိသတ္ေတြကို ေျပာျပခဲ့ပါတယ္။

"ကြ်န္ေတာ္တုိ႔ မဂၤလာေဆာင္ပြဲက ဒီလုိ ရုိးရိုးရွင္းရွင္းေလးပါ။ အဝတ္အစားက ထသြားထလာအတြက္ ေပါ့ေပါ့ပါးပါး အဝတ္အစားမ်ဳိးေပါ့။ ဆုံးျဖတ္လုိက္တာလည္း ျဗဳန္းစားၾကီးျဖစ္သြားတယ္။ ကြ်န္ေတာ္တုိ႔ အခ်င္းခ်င္းသိၾကာတာ အႏွစ္ ၂၀ ရိွေနျပီ၊ ခ်စ္သြားၾကတာ လြန္ခဲ့တဲ့ ၄ ႏွစ္ကပါ။" လို႕ ဆုိပါတယ္။

"ကြ်န္ေတာ္တုိ႔ ဘဝကိုအတူတူ လက္တြဲသြားၾကဖုိ႔ ဆုံးျဖတ္ထားပါတယ္။ ဟုတ္ကဲ့.. ကြ်န္ေတာ္တုိ႔ လက္ထပ္ၾကတယ္။ အမွားလုပ္မိႏုိင္ပါတယ္။ ဒါေပမယ့္ ကုိယ္ခ်စ္ရတဲ့သူကိုေတာ့ ပါမသြားေစနဲ႔" လုိ႔ ေျပာဆုိသြားပါတယ္။


သူတုိ႔ႏွစ္ဦးဟာ Fung လတ္တေလာရုိက္ကူးျပီး Shu ဇာတ္ေဆာင္အျဖစ္ပါဝင္သရုပ္ေဆာင္တဲ့ ရုပ္ရွင္ကား ရုိက္ကူးရာ ခ်က္သမၼတႏုိင္ငံ၊ ျမဳိ႕ေတာ္ Prague မွာ လက္ထပ္ခဲ့ၾကတာလုိ႔ သိရပါတယ္။ ဓာတ္ပုံေတြလည္း အဲဒီေနရာမွာပဲ တစ္ပတ္အလုိမွာ ရုိက္ထားတာ ျဖစ္ပါတယ္။ Shu မိခင္လည္း မဂၤလာေဆာင္ပြဲတက္ေရာက္ဖုိ႔ Prague ျမိဳ႕ကို သြားေရာက္ခဲ့တယ္သိရေပမယ့္ တျခားဧည့္သည္ ဘယ္သူေတြ ပါဝင္လဲဆုိတာ ရွင္းရွင္းလင္းလင္း မသိရဘူးလုိ႔ Apple Daily က ဆုိပါတယ္။ မဂၤလာေဆာင္နဲ႕ပတ္သက္ျပီး မဂၤလာညစာစားပြဲေတြ၊ ပါတီေတြျပဳလုပ္ျဖစ္မွာ မဟုတ္ပါဘူးလုိ႕ သတင္းထုတ္ျပန္ခ်က္မွာ ထည့္သြင္းထားပါတယ္။

Shu အသက္ ၄၀ ဟာ ထုိင္ဝမ္မွာ ၾကီးျပင္းခဲ့ေပမယ့္ သရုပ္ေဆာင္အလုပ္ ဆက္လက္လုပ္ကိုင္ဖုိ႔ ၁၉၉၀ ႏွစ္မ်ားအတြင္း ေဟာင္ေဟာင္ကို ေျပာင္းေရြ႕ခဲ့ပါတယ္။ ထုိစဥ္ Fung ဟာ ေဟာင္ေကာင္မွာ မင္းသားတစ္ဦးျဖစ္ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္း ဒါရုိက္တာ အလုပ္ဘက္ ကူးေျပာင္းခဲ့ပါတယ္။ မ်ားမၾကာမီက ရုိက္ကူးခဲ့တဲ့ Into the Badlands ဇာတ္ကား ထုတ္လုပ္သူ ျဖစ္ပါတယ္။

Credit : trend myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

တချို့နာမည်ကြီးပုဂ္ဂိုလ်တွေ ဧည့်ပရိတ်သတ်ထောင်ချီ၊ ကိတ်မုန့် အမြင့်ကြီးတွေနဲ့အတူ အလွန်ခမ်းနားထည်ဝါ ဒဏ္ဍာရီဆန်ဆန် မင်္ဂလာဆောင်ပွဲတွေ ကျင်းပပြုလုပ်နေကြချိန်မှာ တစ်ချို့အနုပညာရှင်တွေကျတော့လည်း သိုသိုသိပ်သိပ်လေးပဲ ကျင်းပပြီး ဒါကို သဘောကျဂုဏ်ယူနေကြပါတယ်။

သာဓကနေနဲ့ နာမည်ကြီး အမျိုးသမီးသရုပ်ဆောင် Shu Qi နဲ့ ဟောင်ကောင် မင်းသား၊ ဒါရိုက်တာ Stephen Feng တို့ ချစ်သူတွေ ဖြစ်ခဲ့ကြတာ စနေနေ့အထိ ဘယ်သူမှ မသိခဲ့ပါဘူး။ ဒီသတင်းထုတ်ပြန်ချက်က တရုတ်နိုင်ငံ Hangzhou မြို့က G20 ထိပ်သီးညီလာခံ ဖွင့်ပွဲကိုပါ လွှမ်းမိုးကာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း လူတော်တော်များများကို အံ့အားသင့်စေခဲ့ပါတယ်။

အဆိုပါစုံတွဲနှစ်ဦးက "Apple Daily သတင်းမှာ တင်ထားတဲ့ ချစ်စရာမင်္ဂလာပွဲဓာတ်ပုံတွေနဲ့ အတိုချုပ်ကြေငြာချက်တစ်ခုကနေတဆင့် လူသိသွားတာ" လို့ ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။

"ကျွန်တော်တို့ မင်္ဂလာဆောင်ပွဲက ဒီလို ရိုးရိုးရှင်းရှင်းလေးပါ။ အဝတ်အစားက ထသွားထလာအတွက် ပေါ့ပေါ့ပါးပါး အဝတ်အစားမျိုးပေါ့။ ဆုံးဖြတ်လိုက်တာလည်း ဗြုန်းစားကြီးဖြစ်သွားတယ်။ ကျွန်တော်တို့ အချင်းချင်းသိကြာတာ အနှစ် ၂၀ ရှိနေပြီ၊ ချစ်သွားကြတာ လွန်ခဲ့တဲ့ ၄ နှစ်ကပါ။" လို့ ဆိုပါတယ်။

"ကျွန်တော်တို့ ဘဝကိုအတူတူ လက်တွဲသွားကြဖို့ ဆုံးဖြတ်ထားပါတယ်။ ဟုတ်ကဲ့.. ကျွန်တော်တို့ လက်ထပ်ကြတယ်။ အမှားလုပ်မိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ချစ်ရတဲ့သူကိုတော့ ပါမသွားစေနဲ့" လို့ ပြောဆိုသွားပါတယ်။

သူတို့နှစ်ဦးဟာ Fung လတ်တလောရိုက်ကူးပြီး Shu ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်တဲ့ ရုပ်ရှင်ကား ရိုက်ကူးရာ ချက်သမ္မတနိုင်ငံ၊ မြို့တော် Prague မှာ လက်ထပ်ခဲ့ကြတာလို့ သိရပါတယ်။ ဓာတ်ပုံတွေလည်း အဲဒီနေရာမှာပဲ တစ်ပတ်အလိုမှာ ရိုက်ထားတာ ဖြစ်ပါတယ်။ Shu မိခင်လည်း မင်္ဂလာဆောင်ပွဲတက်ရောက်ဖို့ Prague မြို့ကို သွားရောက်ခဲ့တယ်သိရပေမယ့် တခြားဧည့်သည် ဘယ်သူတွေ ပါဝင်လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ Apple Daily က ဆိုပါတယ်။ မင်္ဂလာဆောင်နဲ့ပတ်သက်ပြီး မင်္ဂလာညစာစားပွဲတွေ၊ ပါတီတွေပြုလုပ်ဖြစ်မှာ မဟုတ်ပါဘူးလို့ သတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။

Shu အသက် ၄၀ ဟာ ထိုင်ဝမ်မှာ ကြီးပြင်းခဲ့ပေမယ့် သရုပ်ဆောင်အလုပ် ဆက်လက်လုပ်ကိုင်ဖို့ ၁၉၉၀ နှစ်များအတွင်း ဟောင်ဟောင်ကို ပြောင်းရွေ့ခဲ့ပါတယ်။ ထိုစဉ် Fung ဟာ ဟောင်ကောင်မှာ မင်းသားတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း ဒါရိုက်တာ အလုပ်ဘက် ကူးပြောင်းခဲ့ပါတယ်။ များမကြာမီက ရိုက်ကူးခဲ့တဲ့ Into the Badlands ဇာတ်ကား ထုတ်လုပ်သူ ဖြစ်ပါတယ်။

Credit : trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top