iMyanmarHouse.com - Best Property Website for Myanmar
×

TMZ သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရေတာ့ ဂ်က္စတင္ဘီဘာဟာ အသက္ ၁၈ ႏွစ္အရြယ္ Yeezy ေမာ္ဒယ္လ္ Sofia Richie နဲ႔ တစ္လၾကာ အခ်စ္ေရးကို အဆံုးသတ္လုိက္ၿပီျဖစ္တယ္လို႔ သိရပါတယ္။

 ၾသဂုတ္လ ၂၉ ရက္ေန႔ကမွ လူသိရွင္ၾကားျဖစ္လာတဲ့ သူတို႔ရဲ႕ အခ်စ္ေရးကေတာ့ သိပ္ၿပီး ေပ်ာ္ရႊင္စရာ ေကာင္းခဲ့ပံုမေပၚပါဘူး။ အမာခံ Belieber ေတြရဲ႕ ျပႆနာရွာမႈကို အၾကိမ္ၾကိမ္ခံခဲ့ရတဲ့ အျပင္ ႏွစ္ေယာက္လံုးလည္း အေတာ္ေလးကို စိတ္ညစ္ခဲ့ရတာပါ။

ေနာက္ဆံုးထြက္ေပၚလာတဲ့ ဓာတ္ပံုေတြအရေတာ့ ဘီဘာဟာ ဂ်ာမနီႏုိင္ငံ ကိုလံုးျမိဳ႕မွာ အပန္းေျဖလည္ပတ္လ်က္ရွိေနၿပီး ဆိုဖီယာကေတာ့ မကၠဆီကို ႏိုင္ငံမွာ တစ္ေယာက္တည္း ေဈးဝယ္ထြက္လ်က္ရွိေနတာပါ။ သူတို႔ႏွစ္ေယာက္ ဘာ့ေၾကာင့္ အခုလုိ လက္တြဲျဖဳတ္ခဲ့တယ္ဆိုတာ မသိရေပမယ့္လည္း ဂ်က္စတင္ဘီဘာရဲ႕ မႏွစ္ျမိဳ႕ဖြယ္ အျပဳအမူတစ္ခ်ိဳ႕ေၾကာင့္လုိ႔ မီဒီယာေတြက ယူဆၾကပါတယ္။



ဂ်က္စတင္ဘီဘာဟာ ရည္းစားေဟာင္းျဖစ္သူ ဆလီနာဂိုးမက္ဇ္ကို ဆိုဖီယာနဲ႔ တြဲေနစဥ္အေတာအတြင္းမွာ ျပန္ဆက္သြယ္တာမ်ိဳးေတြ ျပဳလုပ္ခဲ့ၿပီး ဆလီနာကေတာ့ ဂ်က္စတင္ရဲ႕ ရန္က ေဝးခ်င္လို႔ ဖုန္းနံပါတ္ေတာင္ ေျပာင္းထားလုိက္ရတဲ့အထိ ျဖစ္ခဲ့တာပါ။

ဂ်က္စတင္ဘီဘာနဲ႔ ဆိုဖီယာဆို႔ဟာဆိုရင္ေတာ့ မကၠဆီကိုႏုိင္ငံ ကာဘုိဆန္လူးကပ္စ္ကမ္းေျခ ရြက္ေလွေပၚမွာ အပန္းေျဖေနတဲ့ PDA ပံုေတြ ထြက္ေပၚလာခဲ့ၿပီးတဲ့ေနာက္မွာေတာ့ လူမႈကြန္ရက္မွာ အေတာ္ေလးကို နာမည္ႀကီးခဲ့ပါေသးတယ္။ ဆိုဖီယာဟာ ဂ်က္စတင္နဲ႔ ျပတ္စဲခဲ့ၿပီဆိုေပမယ့္လည္း ဘီဘာရဲ႕ Purpose Tour Sweat Pant တစ္ထည္ကို ဝတ္ဆင္ထားခဲ့တာကိုလည္း ေတြ႕ျမင္ခဲ့ရပါေသးတယ္။

ဒါ့ေၾကာင့္ မိန္းကေလးေတြကို အတည္မတြဲတဲ့ ဂ်က္စတင္တစ္ေယာက္ေတာ့ အခ်စ္ေရးမွာ ေနာက္ထပ္ ဘယ္လုိဇာတ္လမ္းေတြ ဖန္တီးသြားအံုးမယ္ဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲ။


Credit:Thit Htoo Lwin

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

TMZ သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ ဂျက်စတင်ဘီဘာဟာ အသက် ၁၈ နှစ်အရွယ် Yeezy မော်ဒယ်လ် Sofia Richie နဲ့ တစ်လကြာ အချစ်ရေးကို အဆုံးသတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

 သြဂုတ်လ ၂၉ ရက်နေ့ကမှ လူသိရှင်ကြားဖြစ်လာတဲ့ သူတို့ရဲ့ အချစ်ရေးကတော့ သိပ်ပြီး ပျော်ရွှင်စရာ ကောင်းခဲ့ပုံမပေါ်ပါဘူး။ အမာခံ Belieber တွေရဲ့ ပြဿနာရှာမှုကို အကြိမ်ကြိမ်ခံခဲ့ရတဲ့ အပြင် နှစ်ယောက်လုံးလည်း အတော်လေးကို စိတ်ညစ်ခဲ့ရတာပါ။

နောက်ဆုံးထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရတော့ ဘီဘာဟာ ဂျာမနီနိုင်ငံ ကိုလုံးမြို့မှာ အပန်းဖြေလည်ပတ်လျက်ရှိနေပြီး ဆိုဖီယာကတော့ မက္ကဆီကို နိုင်ငံမှာ တစ်ယောက်တည်း ဈေးဝယ်ထွက်လျက်ရှိနေတာပါ။ သူတို့နှစ်ယောက် ဘာ့ကြောင့် အခုလို လက်တွဲဖြုတ်ခဲ့တယ်ဆိုတာ မသိရပေမယ့်လည်း ဂျက်စတင်ဘီဘာရဲ့ မနှစ်မြို့ဖွယ် အပြုအမူတစ်ချို့ကြောင့်လို့ မီဒီယာတွေက ယူဆကြပါတယ်။



ဂျက်စတင်ဘီဘာဟာ ရည်းစားဟောင်းဖြစ်သူ ဆလီနာဂိုးမက်ဇ်ကို ဆိုဖီယာနဲ့ တွဲနေစဉ်အတောအတွင်းမှာ ပြန်ဆက်သွယ်တာမျိုးတွေ ပြုလုပ်ခဲ့ပြီး ဆလီနာကတော့ ဂျက်စတင်ရဲ့ ရန်က ဝေးချင်လို့ ဖုန်းနံပါတ်တောင် ပြောင်းထားလိုက်ရတဲ့အထိ ဖြစ်ခဲ့တာပါ။

ဂျက်စတင်ဘီဘာနဲ့ ဆိုဖီယာဆို့ဟာဆိုရင်တော့ မက္ကဆီကိုနိုင်ငံ ကာဘိုဆန်လူးကပ်စ်ကမ်းခြေ ရွက်လှေပေါ်မှာ အပန်းဖြေနေတဲ့ PDA ပုံတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက်မှာတော့ လူမှုကွန်ရက်မှာ အတော်လေးကို နာမည်ကြီးခဲ့ပါသေးတယ်။ ဆိုဖီယာဟာ ဂျက်စတင်နဲ့ ပြတ်စဲခဲ့ပြီဆိုပေမယ့်လည်း ဘီဘာရဲ့ Purpose Tour Sweat Pant တစ်ထည်ကို ဝတ်ဆင်ထားခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါသေးတယ်။

ဒါ့ကြောင့် မိန်းကလေးတွေကို အတည်မတွဲတဲ့ ဂျက်စတင်တစ်ယောက်တော့ အချစ်ရေးမှာ နောက်ထပ် ဘယ်လိုဇာတ်လမ်းတွေ ဖန်တီးသွားအုံးမယ်ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။


Credit:Thit Htoo Lwin


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top