iMyanmarHouse.com - Best Property Website for Myanmar
×
ပို့သပေးပါတယ်။
Unicode Version
စည်းကမ်းတကျနေတတ်တာက A သွေးအမျိုးအစား ယောကျၤားလေးတွေပါ။ သူတို့လက်ခံထားတဲ့အချစ်ရေး အမြင်ကတော့ ဘယ်လိုဖြစ်မလဲ။
သူတို့က ဘယ်လိုဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။
၀၁. သူတို့မှန်းထားတဲ့ မိန်းကလေးက အဆင့်မြင့်လွန်းနေတယ်
A သွေးယောကျၤာလေးတွေဟာ သူတို့ကိုယ်တိုင် စည်းကမ်းတကျနေတတ်ပြီး သူကြိုက်တဲ့ မိန်းကလေးဖြစ်သူလည်း သူ့လိုဖြစ်စေချင်တယ်။ သန့်ရှင်းလှပပြီး အပြောအဆိုက အစ၊ ယဉ်ကျေးသိမ်မွေ့သူကိုသာ သဘောကျလေ့ရှိတယ်။ ဒါဆိုရင် A သွေးကောင်လေးတွေနဲ့ အဆင်ပြေစေဖို့ရန်အတွက်ကတော့ ဒီအချက်လေးတွေကို လိုက်နာလိုက်ပါ။
၀၂. အချစ်ရေးမှာလည်း တိတိကျကျ သွားလေ့ရှိတယ်
Aသွေးကောင်လေးတွေက အချစ်ရေးမှာလည်း တိတိကျကျ၊ ဂရုတစိုက်လုပ်လေ့ရှိတယ်။ သူကြိုက်တဲ့ မိန်းကလေးကို ကြိုက်နေရင်တောင်မှ ကြိတ်ကြိုက်လေ့ရှိပြီး ရဲရဲတင်းတင်းတော့ မလုပ်တတ်ပါ။ မိန်းကလေးဖြစ်သူရဲ့ အရိပ်အခြေကိုကြည့်ပြီး ပထမအဆင့်အနေဖြင့် စကားစပြောပြီး၊ တဖြည်းဖြည်း ချဉ်းကပ်လေ့ရှိပါတယ်။
၀၃. အတိတ်က အချစ်ရေးကို ပြန်ပြောင်းတွေးလေ့ရှိတယ်
Aသွေးကောင်လေးတွေက အရမ်းကို ရိုးရိုးကြီးတွေများလေ့ရှိတယ်။ ဒါကြောင့် တစ်ယောက်ဆိုရင် တစ်ယောက်ပဲ ကြည့်လေ့ရှိတတ်ပါတယ်။ အတိတ်မှာ ချစ်ကြိုက်ခဲ့တဲ့ မိန်းကလေးရှိရင်တောင် သူ့အကြောင်းကို ခဏခဏ ပြန်တွေးလေ့ရှိတယ်။ ဒါက သူ့အတွက် အကျင့်လိုဖြစ်နေတာကြောင့် နားလည်ပေးလိုက်ပါ။
၀၄. နှစ်ယောက်အတူရှိတဲ့ အချိန်ကို တန်ဖိုးထားတယ်
သူက နှစ်ယောက်အတူနေချိန်ကို တန်ဖိုးထားတယ်။ သာမန်အချိန်မှာ သိပ်စကားမပြောပင်မယ့်လည်း မိန်းကလေးအတွက် အသက်ပဲလဲရလဲရ တသက်လုံးကာကွယ်သွားမယ်လို့ သူ့နှလုံးသားထဲမှာရှိတယ်။
၀၅. တစ်ယောက်မှ တစ်ယောက်ပါ
မိန်းကလေးဖြစ်သူကို ချစ်မိပြီဆိုရင် ဖောက်ပြန်ဖို့ဆိုတာ တော်တော်ကို စဉ်းစားရတာပါ။ အကယ်၍ မိန်းကလေးဖြစ်သူက ဖောက်ပြန်ခဲ့ရင်တော့ သတိထားပါ။ မနာလို၊ သဝန်တိုစိတ်က သူများတွေထက်သာပါတယ်။
၀၆. ကိုယ်ဟာ ဘယ်လိုလူလဲဆိုတာကို မပြောပြတတ်ပါ
သူတို့ဟာ လူမှန်းခံရမှာကို သိပ်ကြောက်တတ်ပါတယ်။ ဒါကြောင့် ဘာလုပ်လုပ် စေ့စေ့စပ်စပ် သတိနဲ့လုပ်လေ့ရှိပါတယ်။ ဒါကြောင့်လည်း စတွေ့ချိန်မှာ မိန်းကလေးတစ်ယောက်အနေနဲ့ သိပ်ပြီး နားမလည်နိုင်ပါ။
၀၇. မိန်းကလေးဖြစ်သူအကြောင်း ဘာမဆို သိချင်တယ်
သူ့ချစ်သူအကြောင်း မိဘတစ်ယောက်လို အကုန်လုံး သိထားချင်သူပါ။ သူ့ရဲ့အတိတ်ကအကြောင်းကအစ အကုန်လုံးသိထားချင်တာပါ။
၀၈. ချစ်သူ၊ မိသားစုကို အလေးပေးတဲ့သူ တစ်ယောက်ပါ
ဘာမဆို ကတိနဲ့အလုပ်လုပ်တဲ့အတွက် ကိုယ်ချစ်ရတဲ့ ချစ်သူအပြင် ကိုယ့်မိသားစု၊ သူ့မိသားစုအတွက် အနစ်နာခံတတ်သူပါ။ ဒါကြောင့် မိန်းကလေးတွေအတွက်ကတော့ A သွေး ယောကျၤားလေးက အသင့်တော်ဆုံးလို့ ထင်ပါတယ်။
Credit:tabi-labo
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top