iMyanmarHouse.com - Best Property Website for Myanmar
×

Social Media (လူမႈကြန္ရက္) ဆိုတာကေတာ့ အခုေခတ္ႀကီးထဲမွာ လူတိုင္းအားကိုးအားထားျပဳရတဲ့၊ မျဖစ္မေန ထိေတြ႕ဆက္ဆံေနရတဲ့အရာပါ။ ခ်စ္သူေတြဆိုတာလည္း အျပင္ေလာကမွာခ်စ္သူျဖစ္ေနရံုနဲ႔တင္ ေက်နပ္ၾကေတာ့တာမဟုတ္ပါဘူး။ လူမႈကြန္ရက္ေပၚမွာလည္း ခ်စ္သူေတြရဲ႕ၾကည္ႏူးစရာပံုရိပ္ေတြ၊ အထိမ္းအမွတ္ေတြဆိုတာ တင္ေနက်၊ ျပဳလုပ္ေနက် အရာတစ္ခုလိုေတာင္ျဖစ္ေနပါျပီ။ ရည္းစားေဟာင္းကို စိတ္မကုန္ေသးတဲ့ ဒါမွမဟုတ္လည္း ရည္းစားေဟာင္းနဲ႕ပတ္သက္ျပီး တစ္ခုခုသိခ်င္လို႔ု ေဖ့စ္ဘြတ္ေပၚမွာ သူ႕အေၾကာင္းရွာမယ္ဆိုရင္ မရွာခင္ လက္ခံထားရမယ့္အခ်က္ေတြ ရွိပါတယ္။

၁။ သာမန္ျဖစ္စဥ္

ျပတ္သြားတာေတာင္မွ ရည္းစားေဟာင္းအေၾကာင္းသိခ်င္ေနတယ္ဆိုတာ ျဖစ္ေလ့ျဖစ္ထရွိတဲ့အရာပါ။ လူမႈကြန္ရက္ေပၚမွာ သူ႕အေၾကာင္းကိုရွာေဖြခ်င္ေနတာ၊ သူနဲ႕ပတ္သက္ျပီး ဘာလႈပ္ရွားမႈေတြ ဘယ္လိုအေျပာင္းအလဲေတြရွိေနတယ္ဆိုတာကို စိတ္၀င္စားမိေနတာလည္း သာမန္ကိစၥတစ္ခုပါပဲ။

၂။ ကိုယ့္စိတ္ကိုယ္ႏိုင္

သူ႕အေၾကာင္းေတြ ဘယ္ေလာက္စိတ္၀င္စားစား ကိုယ့္စိတ္ကိုယ္ႏိုင္ၿပီး ကိုယ့္ဘ၀ကို ကိုယ္လုပ္စရာရွိတာလုပ္ရမွာပါပဲ။

၃။ ဒုတိယအႀကိမ္

ရည္းစားေဟာင္းနဲ႕ ဒုတိယအႀကိမ္ ခ်စ္သူေတြျပန္မျဖစ္ရဘူးလို႕ ဘယ္သူမွစည္းကမ္းထုတ္မထားပါဘူး။ ကိုယ္ကလည္း ခ်စ္ေနတုန္းျဖစ္သလို သူကလည္းခ်စ္ေနေလာက္တုန္းပဲဆိုရင္ ျပန္ႀကိဳးစားခြင့္ရွိပါတယ္။

၄။ အက်ိဳးဆက္

အဲလို သူ႕အေၾကာင္းေတြ ရွာေဖြၾကည့္ရႈမယ္ဆိုရင္ ကိုယ့္စိတ္၊ ကိုယ္နဲ႕ပတ္သက္တဲ့တျခားအရာေတြမွာေရာ ဘယ္လုိအက်ိဳးဆက္ေတြရွိလာႏုိင္မလဲဆိုတာေတာ့ ႀကိဳစဥ္းစားထားဖို႕လိုပါတယ္။

၅။ အကုန္မယံုရ

အားလံုးသိတဲ့အတိုင္းပဲ။ လူမႈကြန္ရက္ေပၚမွာ ေတြ႕သမွ်၊ ျမင္သမွ်ကေတာ့ တစ္ထစ္ခ် ယံုၾကည္ထားလို႕မရပါဘူး။

၆။ အခ်စ္ဟုတ္၊ မဟုတ္

လူမႈကြန္ရက္ေပၚမွာ သူနဲ႕ပတ္သက္တဲ့အရာေတြကို ရွာေဖြျပီးတဲ့ေနာက္မွာ သူ႕ကိုျပန္လုိခ်င္လာတာေတြ၊ ျပန္ခ်စ္မိသလိုျဖစ္လာတာေတြဟာ တကယ္ျပန္ခ်စ္သြားတာေရာဟုတ္ရဲ႕လားဆိုတာေတာ့ ျပန္ဆန္းစစ္ဖို႕လိုပါတယ္။

၇။ မေက်နပ္

ရည္းစားေဟာင္းကို ဘယ္ေလာက္မုန္းသြားတယ္ေျပာေျပာ၊ ဘယ္ေလာက္စိတ္ကုန္သြားတယ္ပဲေျပာေျပာ၊ သူတျခားအသစ္တစ္ေယာက္နဲ႕ေပ်ာ္ျမဴးေနတဲ့ပံုေတြ၊ စကားအေျပာအဆုိေတြကို ေတြ႕ရရင္ စိတ္ကသိကေအာက္ျဖစ္တာကေတာ့ လူတိုင္းပါ။ အဲလို မေက်မနပ္ျဖစ္ရတဲ့ ခံစားခ်က္မ်ိဳးကိုလည္း ခံစားႏိုင္စြမ္းရွိေအာင္ ႀကိဳးစားထားဖို႕လိုပါတယ္။

၈။ အသည္းထပ္ကြဲႏိုင္

အဆိုးဆံုးကေတာ့ သူနဲ႔လည္းျပန္ေျပလည္ခ်င္၊ ျပန္ေျပလည္ေအာင္ႀကိဳးစားဖို႔ကလည္း ဘယ္လိုမွမျဖစ္ႏိုင္ေတာ့ဘူးဆိုရင္ ကိုယ္ပဲအသည္းထပ္ကြဲရဦးမွာပါပဲ။

Credit :duwun

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

Social Media (လူမှုကွန်ရက်) ဆိုတာကတော့ အခုခေတ်ကြီးထဲမှာ လူတိုင်းအားကိုးအားထားပြုရတဲ့၊ မဖြစ်မနေ ထိတွေ့ဆက်ဆံနေရတဲ့အရာပါ။ ချစ်သူတွေဆိုတာလည်း အပြင်လောကမှာချစ်သူဖြစ်နေရုံနဲ့တင် ကျေနပ်ကြတော့တာမဟုတ်ပါဘူး။ လူမှုကွန်ရက်ပေါ်မှာလည်း ချစ်သူတွေရဲ့ကြည်နူးစရာပုံရိပ်တွေ၊ အထိမ်းအမှတ်တွေဆိုတာ တင်နေကျ၊ ပြုလုပ်နေကျ အရာတစ်ခုလိုတောင်ဖြစ်နေပါပြီ။ ရည်းစားဟောင်းကို စိတ်မကုန်သေးတဲ့ ဒါမှမဟုတ်လည်း ရည်းစားဟောင်းနဲ့ပတ်သက်ပြီး တစ်ခုခုသိချင်လို့ ဖေ့စ်ဘွတ်ပေါ်မှာ သူ့အကြောင်းရှာမယ်ဆိုရင် မရှာခင် လက်ခံထားရမယ့်အချက်တွေ ရှိပါတယ်။

၁။ သာမန်ဖြစ်စဉ်

ပြတ်သွားတာတောင်မှ ရည်းစားဟောင်းအကြောင်းသိချင်နေတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာပါ။ လူမှုကွန်ရက်ပေါ်မှာ သူ့အကြောင်းကိုရှာဖွေချင်နေတာ၊ သူနဲ့ပတ်သက်ပြီး ဘာလှုပ်ရှားမှုတွေ ဘယ်လိုအပြောင်းအလဲတွေရှိနေတယ်ဆိုတာကို စိတ်ဝင်စားမိနေတာလည်း သာမန်ကိစ္စတစ်ခုပါပဲ။

၂။ ကိုယ့်စိတ်ကိုယ်နိုင်

သူ့အကြောင်းတွေ ဘယ်လောက်စိတ်ဝင်စားစား ကိုယ့်စိတ်ကိုယ်နိုင်ပြီး ကိုယ့်ဘဝကို ကိုယ်လုပ်စရာရှိတာလုပ်ရမှာပါပဲ။

၃။ ဒုတိယအကြိမ်

ရည်းစားဟောင်းနဲ့ ဒုတိယအကြိမ် ချစ်သူတွေပြန်မဖြစ်ရဘူးလို့ ဘယ်သူမှစည်းကမ်းထုတ်မထားပါဘူး။ ကိုယ်ကလည်း ချစ်နေတုန်းဖြစ်သလို သူကလည်းချစ်နေလောက်တုန်းပဲဆိုရင် ပြန်ကြိုးစားခွင့်ရှိပါတယ်။

၄။ အကျိုးဆက်

အဲလို သူ့အကြောင်းတွေ ရှာဖွေကြည့်ရှုမယ်ဆိုရင် ကိုယ့်စိတ်၊ ကိုယ်နဲ့ပတ်သက်တဲ့တခြားအရာတွေမှာရော ဘယ်လိုအကျိုးဆက်တွေရှိလာနိုင်မလဲဆိုတာတော့ ကြိုစဉ်းစားထားဖို့လိုပါတယ်။

၅။ အကုန်မယုံရ

အားလုံးသိတဲ့အတိုင်းပဲ။ လူမှုကွန်ရက်ပေါ်မှာ တွေ့သမျှ၊ မြင်သမျှကတော့ တစ်ထစ်ချ ယုံကြည်ထားလို့မရပါဘူး။

၆။ အချစ်ဟုတ်၊ မဟုတ်

လူမှုကွန်ရက်ပေါ်မှာ သူနဲ့ပတ်သက်တဲ့အရာတွေကို ရှာဖွေပြီးတဲ့နောက်မှာ သူ့ကိုပြန်လိုချင်လာတာတွေ၊ ပြန်ချစ်မိသလိုဖြစ်လာတာတွေဟာ တကယ်ပြန်ချစ်သွားတာရောဟုတ်ရဲ့လားဆိုတာတော့ ပြန်ဆန်းစစ်ဖို့လိုပါတယ်။

၇။ မကျေနပ်

ရည်းစားဟောင်းကို ဘယ်လောက်မုန်းသွားတယ်ပြောပြော၊ ဘယ်လောက်စိတ်ကုန်သွားတယ်ပဲပြောပြော၊ သူတခြားအသစ်တစ်ယောက်နဲ့ပျော်မြူးနေတဲ့ပုံတွေ၊ စကားအပြောအဆိုတွေကို တွေ့ရရင် စိတ်ကသိကအောက်ဖြစ်တာကတော့ လူတိုင်းပါ။ အဲလို မကျေမနပ်ဖြစ်ရတဲ့ ခံစားချက်မျိုးကိုလည်း ခံစားနိုင်စွမ်းရှိအောင် ကြိုးစားထားဖို့လိုပါတယ်။

၈။ အသည်းထပ်ကွဲနိုင်

အဆိုးဆုံးကတော့ သူနဲ့လည်းပြန်ပြေလည်ချင်၊ ပြန်ပြေလည်အောင်ကြိုးစားဖို့ကလည်း ဘယ်လိုမှမဖြစ်နိုင်တော့ဘူးဆိုရင် ကိုယ်ပဲအသည်းထပ်ကွဲရဦးမှာပါပဲ။

Credit :duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top