iMyanmarHouse.com - Best Property Website for Myanmar
×

(၁) မိန္းမဘ၀ကုိ စပ္ဆုပ္ရမယ္၊(၂) ဥပုသ္သီလ ေစာင့္ထိန္းရမယ္၊(၃) ကာေမသုမိစာၦစာရမွ ေရွာင္ၾကဥ္ရမယ္၊(၄) ေယာက္်ားျဖစ္လုိတဲ့ ဆႏၵအားၾကီးရမယ္၊(၅) ကုသိုလ္ျပဳတဲ့အခါတုိင္း ေယာက္်ားအျဖစ္ကုိဆုေတာင္းျပီး ကုသိုလ္ျပဳရမယ္။(၆) လင္သားကုိ နတ္ကဲ့သုိ႔ ရုိရုိေသေသ ျပဳစုလုပ္ေကြ်းရမယ္။

ဒီအဂၤါ(၆)ခ်က္က က်မ္းတစ္ေစာင္ထဲက လာတာေတာ့မဟုတ္ဘူး။ ဓမၼပဒအ႒ကလာ၊ သာရတၳသဂၤဟပါ႒္ နာရဒဇာတ္-ပါဠိေတာ၊ ေလာကနီတိ ဓမၼနီတိတို႔က လာတဲ့အေၾကာင္းအရာေတြကုိ ျခဳံျပီးေျပာျပတာေနာ္။ ဒီအဂၤါေတြနဲ႔ျပည့္စုံတဲ့မိန္းမဟာ ေနာင္ဘ၀ ေယာက္်ားဧကန္ျဖစ္ပါတယ္။

အဲဒီ အဂၤါေတြထဲမွာ အဓိက အဂၤါေတြထဲမွာ အဓိက အဂၤါကမိန္းမဘ၀ကို စက္ဆုပ္ရမယ္ မႏွစ္သက္ရဘူး။ ဒီအဂၤါကုိအဓိကထားက်င့္ရမယ္။ ဘယ္လုိ မိန္းမဘ၀ကုိ စက္ဆုပ္ရမလဲဆုိေတာ့ မိန္းမျဖစ္လာရင္ ကုိယ္၀န္ေဆာင္ရျခင္း၊ ကေလးေမြးရျခင္းစတဲ့ အာေ၀ဏိက ဒုကၡငါးပါးကုိ ခံစားရမယ္။မေကာင္းဘူးစသည္ျဖင့္ေပါ့။ အဲဒီလုိ ဆင္ျခင္ရမယ္။

ဒီေတာ့လင္ရွိတဲ့ မိန္းမျဖစ္ျဖစ္၊ လင္မရွိတဲ့ မိန္းမျဖစ္ျဖစ္၊ အပ်ဳိပဲျဖစ္ျဖစ္အအုိပဲျဖစ္ျဖစ္ အဓိက က မိန္းမဘ၀ကို စက္ဆုပ္ရမယ္။မႏွစ္သက္ရဘူး။ ေယာက္်ားျဖစ္ခ်င္တဲ့ မိန္းမကုိ ေျပာတာေနာ္။ဒီကေန တဆင့္တက္ျပီး က်န္တဲ့ အဂၤါေတြကုိ ျဖည့္က်င့္ရတယ္။က်န္တဲ့အဂၤါေတြက လြယ္တယ္။

ဘာျဖစ္လုိ႔ ဒီအဂၤါက အဓိကက်သလဲဆုိေတာ့ …လူပဲျဖစ္ျဖစ္ ၊ တိရစာၦန္ပဲျဖစ္ျဖစ္ မိမိရတဲ့ဘ၀ကုိ တပ္ႏွစ္သက္တတ္လုိ႔ပဲ။ ပါဠိလုိေတာ့ ဘ၀နိကႏိ ၱကေလာဘေဇာလုိ႔ ေခၚတယ္။
ဒါေၾကာင့္အပ်ဳိပဲျဖစ္ျဖစ္၊အအုိပဲျဖစ္ျဖစ္ကုိယ္နဲ႔သက္ဆုိင္တဲ့အဂၤါေတြကုိ ျဖည့္က်င့္ရင္
ေယာက္်ားဧကန္ျဖစ္တယ္လုိ႔ ဆုိပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...Credit:New Myanmar News


#Unicode Version
(၁) မိန်းမဘဝကို စပ်ဆုပ်ရမယ်၊(၂) ဥပုသ်သီလ စောင့်ထိန်းရမယ်၊(၃) ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်ရမယ်၊(၄) ယောက်ျားဖြစ်လိုတဲ့ ဆန္ဒအားကြီးရမယ်၊(၅) ကုသိုလ်ပြုတဲ့အခါတိုင်း ယောက်ျားအဖြစ်ကိုဆုတောင်းပြီး ကုသိုလ်ပြုရမယ်။(၆) လင်သားကို နတ်ကဲ့သို့ ရိုရိုသေသေ ပြုစုလုပ်ကျွေးရမယ်။

ဒီအင်္ဂါ(၆)ချက်က ကျမ်းတစ်စောင်ထဲက လာတာတော့မဟုတ်ဘူး။ ဓမ္မပဒအဋ္ဌကလာ၊ သာရတ္ထသင်္ဂဟပါဋ္ဌ် နာရဒဇာတ်-ပါဠိတော၊ လောကနီတိ ဓမ္မနီတိတို့က လာတဲ့အကြောင်းအရာတွေကို ခြုံပြီးပြောပြတာနော်။ ဒီအင်္ဂါတွေနဲ့ပြည့်စုံတဲ့မိန်းမဟာ နောင်ဘ၀ ယောက်ျားဧကန်ဖြစ်ပါတယ်။

အဲဒီ အင်္ဂါတွေထဲမှာ အဓိက အင်္ဂါတွေထဲမှာ အဓိက အင်္ဂါကမိန်းမဘဝကို စက်ဆုပ်ရမယ် မနှစ်သက်ရဘူး။ ဒီအင်္ဂါကိုအဓိကထားကျင့်ရမယ်။ ဘယ်လို မိန်းမဘဝကို စက်ဆုပ်ရမလဲဆိုတော့ မိန်းမဖြစ်လာရင် ကိုယ်ဝန်ဆောင်ရခြင်း၊ ကလေးမွေးရခြင်းစတဲ့ အာဝေဏိက ဒုက္ခငါးပါးကို ခံစားရမယ်။မကောင်းဘူးစသည်ဖြင့်ပေါ့။ အဲဒီလို ဆင်ခြင်ရမယ်။

ဒီတော့လင်ရှိတဲ့ မိန်းမဖြစ်ဖြစ်၊ လင်မရှိတဲ့ မိန်းမဖြစ်ဖြစ်၊ အပျိုပဲဖြစ်ဖြစ်အအိုပဲဖြစ်ဖြစ် အဓိက က မိန်းမဘဝကို စက်ဆုပ်ရမယ်။မနှစ်သက်ရဘူး။ ယောက်ျားဖြစ်ချင်တဲ့ မိန်းမကို ပြောတာနော်။ဒီကနေ တဆင့်တက်ပြီး ကျန်တဲ့ အင်္ဂါတွေကို ဖြည့်ကျင့်ရတယ်။ကျန်တဲ့အင်္ဂါတွေက လွယ်တယ်။

ဘာဖြစ်လို့ ဒီအင်္ဂါက အဓိကကျသလဲဆိုတော့ …လူပဲဖြစ်ဖြစ် ၊ တိရစ္ဆာန်ပဲဖြစ်ဖြစ် မိမိရတဲ့ဘဝကို တပ်နှစ်သက်တတ်လို့ပဲ။ ပါဠိလိုတော့ ဘဝနိကနိ ္တကလောဘဇောလို့ ခေါ်တယ်။
ဒါကြောင့်အပျိုပဲဖြစ်ဖြစ်၊အအိုပဲဖြစ်ဖြစ်ကိုယ်နဲ့သက်ဆိုင်တဲ့အင်္ဂါတွေကို ဖြည့်ကျင့်ရင်
ယောက်ျားဧကန်ဖြစ်တယ်လို့ ဆိုပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:New Myanmar News
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top