iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူစံုတြဲေတြအၾကားမွာ မိန္းကေလးရဲ႕ဆံပင္ဟာ အေရးတႀကီးထည့္သြင္းစဥ္းစားရဖို႔ မလိုအပ္ပါဘူး။ မ်ားေသာအားျဖင့္ အမ်ိဳးသားေတြဟာ သူုတို႔ခ်စ္သူရဲ႕ဆံပင္နဲ႔ပတ္သက္ၿပီး ေတာ္႐ံုနဲ႔ စိတ္မဝင္စားၾကပါဘူး။ ေခါင္းေလွ်ာ္ၿပီးစ ဆံပင္ေလးေတြက ေမႊးေမႊးေလးနဲ႔ ေလမွာဝဲေနရင္ေတာ့ သေဘာက်တတ္႐ံုေလာက္ပဲ႐ွိပါတယ္။

၁။ ေခါင္းေပၚကအဆင္တန္ဆာ

ဆံပင္ကို ဘယ္လိုကလစ္ေတြ၊ ေခါင္းစည္းႀကိဳးေတြနဲ႔ စည္းေႏွာင္ထားသလဲဆုိတာ စိတ္မဝင္စားပါဘူး။

၂။ အဖ်ားႏွစ္ခြ

ဆံပင္ေတြအဖ်ားႏွစ္ခြျဖစ္ေနလို႔လည္း စိတ္မညစ္ပါနဲဲ႔။ ကိုယ္မွေျပာမျပရင္ သူက သတိေတာင္မထားမိပါဘူး။ သိလည္း ဒါကိုဂ႐ုစိုက္မေနပါဘူး။

၃။ မလွမပျဖစ္တဲ့ေန႔

တစ္ခါတစ္ေလ ဆံပင္ေတြရႈပ္ပြေနတာ၊ ဦးေရျပားက ဆီေတြထြက္လို႔ ဆံပင္က မာမာႀကီးျဖစ္ေနတာမ်ိဳးဆုိလည္း သင့္ခ်စ္သူက ဒါကိုအျပစ္မျမင္ပါဘူး။

၄။ ေတာက္ပမႈ

မိန္းကေလးေတြသဘာဝကိုက ဆံပင္ေလးေတြ နက္ေမွာင္ေတာက္ေျပာင္ေနတာကို သေဘာက်လို႔ ေပါင္းေတြတင္၊ ေဆးေတြဆိုးၾကပါတယ္။ ဒါေပမဲ့ သူကေတာ့ ကိုယ့္ဆံပင္ေတာက္ပေနသလား အေရာင္မြဲေျခာက္ေျခာက္ျဖစ္ေနသလားဆုိတာကို ထည့္တြက္္ေနမွာမဟုတ္ပါဘူး။

၅။ ဆံပင္ထံုးဖြဲ႔ပံုအသစ္္

အြန္လိုင္းေပၚမွာတင္ထားတဲ့ က်စ္ဆံၿမီးက်စ္နည္းေတြကို ကိုယ္ကေတာ့ လက္ေတြ႔စမ္းခဲ့မိေပမယ့္ သူကေတာ့ သိခ်င္မွသိပါလိမ့္မယ္။ က်စ္ဆံၿမီးပံုစံသစ္နဲ႔ ေျပာင္းၿပီးက်စ္ထားလို႔လည္း ပိုၿပီးခ်စ္လာစရာေတာ့မ႐ွိပါဘူး။


Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ချစ်သူစုံတွဲတွေအကြားမှာ မိန်းကလေးရဲ့ဆံပင်ဟာ အရေးတကြီးထည့်သွင်းစဉ်းစားရဖို့ မလိုအပ်ပါဘူး။ များသောအားဖြင့် အမျိုးသားတွေဟာ သူုတို့ချစ်သူရဲ့ဆံပင်နဲ့ပတ်သက်ပြီး တော်ရုံနဲ့ စိတ်မဝင်စားကြပါဘူး။ ခေါင်းလျှော်ပြီးစ ဆံပင်လေးတွေက မွှေးမွှေးလေးနဲ့ လေမှာဝဲနေရင်တော့ သဘောကျတတ်ရုံလောက်ပဲရှိပါတယ်။

၁။ ခေါင်းပေါ်ကအဆင်တန်ဆာ

ဆံပင်ကို ဘယ်လိုကလစ်တွေ၊ ခေါင်းစည်းကြိုးတွေနဲ့ စည်းနှောင်ထားသလဲဆိုတာ စိတ်မဝင်စားပါဘူး။

၂။ အဖျားနှစ်ခွ

ဆံပင်တွေအဖျားနှစ်ခွဖြစ်နေလို့လည်း စိတ်မညစ်ပါနဲ့။ ကိုယ်မှပြောမပြရင် သူက သတိတောင်မထားမိပါဘူး။ သိလည်း ဒါကိုဂရုစိုက်မနေပါဘူး။

၃။ မလှမပဖြစ်တဲ့နေ့

တစ်ခါတစ်လေ ဆံပင်တွေရှုပ်ပွနေတာ၊ ဦးရေပြားက ဆီတွေထွက်လို့ ဆံပင်က မာမာကြီးဖြစ်နေတာမျိုးဆိုလည်း သင့်ချစ်သူက ဒါကိုအပြစ်မမြင်ပါဘူး။

၄။ တောက်ပမှု

မိန်းကလေးတွေသဘာဝကိုက ဆံပင်လေးတွေ နက်မှောင်တောက်ပြောင်နေတာကို သဘောကျလို့ ပေါင်းတွေတင်၊ ဆေးတွေဆိုးကြပါတယ်။ ဒါပေမဲ့ သူကတော့ ကိုယ့်ဆံပင်တောက်ပနေသလား အရောင်မွဲခြောက်ခြောက်ဖြစ်နေသလားဆိုတာကို ထည့်တွက်နေမှာမဟုတ်ပါဘူး။

၅။ ဆံပင်ထုံးဖွဲ့ပုံအသစ်

အွန်လိုင်းပေါ်မှာတင်ထားတဲ့ ကျစ်ဆံမြီးကျစ်နည်းတွေကို ကိုယ်ကတော့ လက်တွေ့စမ်းခဲ့မိပေမယ့် သူကတော့ သိချင်မှသိပါလိမ့်မယ်။ ကျစ်ဆံမြီးပုံစံသစ်နဲ့ ပြောင်းပြီးကျစ်ထားလို့လည်း ပိုပြီးချစ်လာစရာတော့မရှိပါဘူး။


Credit : Duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top