iMyanmarHouse.com - Best Property Website for Myanmar
×











Credit : 7Day Daily




#Unicode Version

ခန္ဓာကိုယ်အစိတ်အပိုင်းများ နာကျင်မှုသည် တစ်စုံတစ်ရာမှား ယွင်းနေပြီဆိုသည်ကို ဖော်ပြခြင်းဖြစ်သည်။ ယင်းကဲ့သို့ အချိန်ကြာ မြင့်စွာ နာကျင်နေသော လက္ခဏာများကို လျစ်လျူရှုပါက သင်၏ ခန္ဓာကိုယ်စနစ်ကို အန္တရာယ်ဖြစ်စေနိုင်ပြီး ပြင်းထန်သော နောက် ဆက်တွဲပြဿနာများ ခံစားရနိုင်သည်။

ထို့ကြောင့် ရှုပ်ထွေးသော အခြေအနေများ ခန္ဓာကိုယ်နာကျင်မှုကို သတိမူမိရန် အရေးကြီးသည်။

ရင်ဘတ်နာကျင်မှုများကြောင့် ရင်ပူရင်ဆာဖြစ်ခြင်းကဲ့သို့ မပြင်းထန်သော ဝေဒနာကိုသာရသော်လည်း အခြားသော ရင်ဘတ်နာကျင်မှုပုံစံများကြောင့် ပြင်းထန်သောဝေဒနာများ ဖြစ်ပေါ်လာနိုင် သည်။

လေ့ကျင့်ခန်းမလုပ်ခြင်း (သို့မဟုတ်) အဝလွန်ခြင်းကြောင့် ခန္ဓာကိုယ် အားအလွန်အမင်းစိုက်ထုတ်လှုပ်ရှားချိန်တွင် ရင်ဘတ်နာကျင်နိုင်သည်။ သို့သော် ခန္ဓာကိုယ်ကြံ့ခိုင်ပြီး အနည်းငယ်အားစိုက်လိုက်ရုံဖြင့် ရင်ဘတ်ပိုင်းတွင် မသက်မသာခံစားရပါက စိုးရိမ်စရာ ဖြစ်သည်။

ရင်ဘတ်ပိုင်းနာကျင်မှုများသည် နှလုံးရောဂါ ဖြစ်နေပြီဆို သော လက္ခဏာများ မဟုတ်သော်လည်း ရင်ဘတ်၊ လက်မောင်း(သို့မဟုတ်) မေးရိုးများနာကျင်နေပါက နှလုံးရောဂါရှိနိုင်သဖြင့် ဆရာဝန်နှင့် တိုင်ပင်သင့်သည်။

ခေတ္တခဏလမ်းလျှောက်ပြီး မောပန်းသလိုခံစားရခြင်း (သို့ မဟုတ်)  ပြတ်တောင်းပြတ်တောင်းအသက်ရှူရခြင်း ကြုံတွေ့ရပါကဆရာဝန်နှင့်ပြသရန် လိုအပ်သည်။

ယေဘုယျအားဖြင့် ရင်ဘတ်အပေါ်ပိုင်း၊ ရင်ဘတ်အောက်ခြမ်း၊ လည်ပင်း၊ မေးရိုး၊ ဘယ်ဘက်ပခုံး (သို့မဟုတ်) လက်မောင်းနေရာ၌ နာကျင်ခြင်းနှင့် မူးမော်ခြင်း၊ ဇောချွေးပြန်ခြင်းတို့ ကြုံရခြင်းမှာ နှလုံးရောဂါများနှင့် ဆက်စပ်မှုရှိသည်။

ခေါင်းကိုက်ခြင်းမှာ လျစ်လျူရှုခံရသော ပြဿနာဖြစ်သည်။ ခေါင်းကိုက်သူအများစုသည် အကိုက်အခဲပျောက်ဆေးများသောက်ပြီး မကြာခဏဆိုသလို မေ့မေ့လျော့လျော့နေတတ်ကြသည်။ သို့သော် လဲကျပြီးနောက် (သို့မဟုတ်) ထိခိုက်ဒဏ် ရာရရှိပြီးနောက် ခေါင်းကိုက်လာပါက စစ်ဆေးမှုခံယူရန် လိုအပ်သည်။ အမြဲခေါင်းကိုက်တတ်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာများ ထိခိုက်အောင် ခေါင်းကိုက်ပါက လျစ်လျူမရှုသင့်ပေ။

ပြင်းထန်စွာ ခေါင်းကိုက်ခြင်းနှင့် မူးမော်အော့အန်ခြင်းတို့ ကြား ဆက်စပ်မှုရှိသည်။

လက် (သို့မဟုတ်) လက်ချောင်းများ အားနည်းခြင်းမှာ လေ ဖြတ်နိုင်သော လက္ခဏာတစ်ခုဖြစ်ပြီး လျင်မြန်စွာ ဆေးကုသမှုခံယူ သင့်သည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top