iMyanmarHouse.com - Best Property Website for Myanmar
×

 ခ်စ္သူေလးရဲ႕ သဝန္တိုတတ္ပံုကို မင္းသား လီဆန္ယြန္းက လူသိေအာင္ ထုတ္ေျပာလိုက္ပါတယ္။

ေအာက္တိုဘာ ၅ ရက္ေန႔က သတင္းစာ႐ွင္းလင္းပြဲတစ္ခုမွာ ဇာတ္ကားသစ္နဲ႔ပတ္သက္ၿပီး ယူအီးရဲ႕သေဘာဘယ္လို႐ွိတယ္ဆုိတာကို ေမးျမန္းခံခဲ့ရတဲ့အခါ လီဆန္ယြန္းက ခ်စ္သူေလးအေၾကာင္း ထုတ္ေျပာခဲ့တာျဖစ္ပါတယ္။

" ဇာတ္လမ္းတြဲ ပထမဆံုးအပုိင္းမွာေတာ့ ေတာ္ေတာ္ႏွစ္သက္သေဘာက်ေနခဲ့တယ္။ ၿပီးေတာ့ ကင္ဟာႏူးလ္နဲ႔ကၽြန္ေတာ္တို႔ သ႐ုပ္ေဆာင္တာ အရမ္းေကာင္းလြန္းလို႔ မနာလိုေတာင္ျဖစ္မိတယ္ဆိုၿပီး ေနာက္ေနေသးတယ္။ သူမက ကၽြန္ေတာ့္ကို အရမ္းေထာက္ခံအားေပးပါတယ္" လို႔ ဆန္ယြန္းက ေျပာပါတယ္။


ယူအီးနဲ႔ လီဆန္ယြန္းတုိ႔ဟာ ခ်စ္သူေတြျဖစ္ေနၾကေၾကာင္း ယခုႏွစ္ ေမလက ထုတ္ေဖာ္ဝန္ခံထားၾကသူေတြပါ။ လတ္တေလာမွာေတာ့ ဆန္ယြန္းက ကင္ဟာႏူးလ္နဲ႔အတူ “On the Way to the Airport” ဇာတ္ကားမွာ သ႐ုပ္ေဆာင္ေနပါတယ္။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ချစ်သူလေးရဲ့ သဝန်တိုတတ်ပုံကို မင်းသား လီဆန်ယွန်းက လူသိအောင် ထုတ်ပြောလိုက်ပါတယ်။

အောက်တိုဘာ ၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဇာတ်ကားသစ်နဲ့ပတ်သက်ပြီး ယူအီးရဲ့သဘောဘယ်လိုရှိတယ်ဆိုတာကို မေးမြန်းခံခဲ့ရတဲ့အခါ လီဆန်ယွန်းက ချစ်သူလေးအကြောင်း ထုတ်ပြောခဲ့တာဖြစ်ပါတယ်။

" ဇာတ်လမ်းတွဲ ပထမဆုံးအပိုင်းမှာတော့ တော်တော်နှစ်သက်သဘောကျနေခဲ့တယ်။ ပြီးတော့ ကင်ဟာနူးလ်နဲ့ကျွန်တော်တို့ သရုပ်ဆောင်တာ အရမ်းကောင်းလွန်းလို့ မနာလိုတောင်ဖြစ်မိတယ်ဆိုပြီး နောက်နေသေးတယ်။ သူမက ကျွန်တော့်ကို အရမ်းထောက်ခံအားပေးပါတယ်" လို့ ဆန်ယွန်းက ပြောပါတယ်။

ယူအီးနဲ့ လီဆန်ယွန်းတို့ဟာ ချစ်သူတွေဖြစ်နေကြကြောင်း ယခုနှစ် မေလက ထုတ်ဖော်ဝန်ခံထားကြသူတွေပါ။ လတ်တလောမှာတော့ ဆန်ယွန်းက ကင်ဟာနူးလ်နဲ့အတူ “On the Way to the Airport” ဇာတ်ကားမှာ သရုပ်ဆောင်နေပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top