iMyanmarHouse.com - Best Property Website for Myanmar
×

အေကာင္းဆံုးအခ်စ္ေရးအေနအထား၊ အိမ္ေထာင္ေရးမ်ိဳးကို ပိုင္ဆုိင္ထားသူေတြဟာ သူတုိ႕အိမ္ထာင္ဖက္၊ ခ်စ္သူေတြကို မဖြင့္ဟပဲ၊ မေျပာပဲ ထားထားတဲ့ အရာေတြရွိေနတယ္လို႕ ေျပာရင္ သင္ယံုၾကည္ႏိုင္မလား။ တကယ္လည္း သူတုိ႕ၾကား မေျပာပဲထားထားတဲ့ ရင္ထဲကခံစားခ်က္ေတြ ရွိေနပါတယ္။ ေလ့လာမႈတစ္ခု က ႏိုင္ငံေပါင္း ၅၃ႏိုင္ငံက စံုတြဲေတြကို ေမးျမန္းမႈေတြ ျပဳလုပ္ခဲ့ၾကရာကေန အိမ္ေထာင္ရွင္ အမ်ိဳးသမီးေတြဟာ သူတုိ႕အမ်ိဳးသားေတြကို မေျပာပဲထားထားတဲ့ အရာ အနည္းဆံုး (၇) ခုေလာက္ ရွိတယ္ဆိုတာ သိခဲ့ၾကရပါတယ္။ အဲ့ဒီအရာေတြဟာ တကယ္ေတာ့ ကိုယ့္အိမ္ေထာင္ဖက္ကို ဖြင့္ေျပာျပလိုက္သင့္တဲ့ ေ၀မ်ွသင့္တဲ့ အရာေတြပါ။ ဘာေတြလဲဆုိေတာ့

၁။ ကိုယ့္အမ်ိဳးသားဆီကေန အာရံုစိုက္မႈ အျပည့္အ၀ ရခ်င္ပါတယ္။ အဲ့ဒီအာရံုစိုက္မႈကို ဖုန္းေတြ၊ တီဗီ၊ ကြန္ပ်ဴတာေတြနဲ႕ တစ္၀က္စီခြဲမယူခ်င္ပါဘူး။

၂။ အမ်ိဳးသားက အျပင္မွာ အလုပ္လုပ္ရတယ္ဆုိတာသိေပမယ့္ အိမ္ျပန္လာတဲ့အခါ ကိုယ္လုပ္ေနတဲ့ အိမ္မႈကိစၥေတြကို နည္းနည္းကူလုပ္ေပးေစခ်င္ပါတယ္။ အနည္းဆံုးကေလးကူထိန္းေပးတာေလာက္ေတာ့ အမ်ိဳးသားဘက္က မေတာင္းဆုိရပဲ လုပ္ေဆာင္ေပးေစခ်င္ပါတယ္။

၃။ အမ်ိဳးသားျဖစ္သူက သူ႕ အလုပ္ကိစၥပဲျဖစ္ျဖစ္၊ ဘယ္လိုအေၾကာင္းအရာမ်ိဳးေတြကိုမဆို တစ္ေန႕စာ တစ္ေန႕ ကိုယ့္ကို ျပန္ေျပာျပတာမ်ိဳး လုိခ်င္ပါတယ္။

၄။ တစ္ခါတစ္ေလ နာက်င္ခံစားေနရတာေတြ၊ စိတ္ဓာတ္က်ေနတဲ့အခ်ိန္ေတြမွာ သူက ဘာမွမေျပာေတာ့ပဲ ကိုယ့္ေဘးနားရွိေပးတာေလး လုိခ်င္ပါတယ္။

၅။ အိမ္ေထာင္သက္တမ္း ဘယ္ေလာက္ရွိေနပါေစ၊ တစ္ခါတစ္ေလမွာ အမ်ိဳးသားက သူ႕ဘ၀အတြက္ ကုိယ္ဘယ္ေလာက္ အေရးပါေၾကာင္း ကိုယ့္မ်က္ႏွာေလးၾကည့္ျပီး ဖြင့္လတာမ်ိဳးလည္း လုိခ်င္ပါတယ္။

၆။ အိမ္ေထာင္သက္တမ္း ဘယ္ေလာက္ၾကာၾကာ၊ အမ်ိဳးသားျဖစ္သူက ကိုယ့္ဆီကို အျပင္ကေန sms ပို႕တာမ်ိဳး၊ ရိုမန္တစ္ဆန္ဆန္ ခ်စ္တဲ့အေၾကာင္းေရးသားထားတဲ့ စာေလးေတြေပးတာတို႕၊ လက္ေဆာင္ေပးတာမ်ိဳးေလးေတြ လိုခ်င္မိပါေသးတယ္။

၇။ အိမ္ေထာင္သည္အမ်ိဳးသမီးတစ္ေယာက္အေနနဲ႕ သူ႕အေပၚ ထားရွိတဲ့စိတ္ထား၊ ေနာက္သူ႕ကို ေစတနာ ေမတၱာ အခ်စ္ေတြနဲ႕ ဂရုစိုက္ေပးတာေတြကို အမ်ိဳးသားက သတိျပဳမိတာမ်ိဳးလည္း လိုခ်င္ပါတယ္။ဒါဟာ ေက်းဇူးတင္စကားၾကားခ်င္လုိ႕ မဟုတ္ပါဘူး။ သူ႕ကို ဘယ္ေလာက္အခ်ိန္ေတြၾကာၾကာ ခ်စ္ေနတယ္ဆုိတာသိေစခ်င္တာပါ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အကောင်းဆုံးအချစ်ရေးအနေအထား၊ အိမ်ထောင်ရေးမျိုးကို ပိုင်ဆိုင်ထားသူတွေဟာ သူတို့အိမ်ထာင်ဖက်၊ ချစ်သူတွေကို မဖွင့်ဟပဲ၊ မပြောပဲ ထားထားတဲ့ အရာတွေရှိနေတယ်လို့ ပြောရင် သင်ယုံကြည်နိုင်မလား။ တကယ်လည်း သူတို့ကြား မပြောပဲထားထားတဲ့ ရင်ထဲကခံစားချက်တွေ ရှိနေပါတယ်။ လေ့လာမှုတစ်ခု က နိုင်ငံပေါင်း ၅၃နိုင်ငံက စုံတွဲတွေကို မေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြရာကနေ အိမ်ထောင်ရှင် အမျိုးသမီးတွေဟာ သူတို့အမျိုးသားတွေကို မပြောပဲထားထားတဲ့ အရာ အနည်းဆုံး (၇) ခုလောက် ရှိတယ်ဆိုတာ သိခဲ့ကြရပါတယ်။ အဲ့ဒီအရာတွေဟာ တကယ်တော့ ကိုယ့်အိမ်ထောင်ဖက်ကို ဖွင့်ပြောပြလိုက်သင့်တဲ့ ဝေမျှသင့်တဲ့ အရာတွေပါ။ ဘာတွေလဲဆိုတော့

၁။ ကိုယ့်အမျိုးသားဆီကနေ အာရုံစိုက်မှု အပြည့်အ၀ ရချင်ပါတယ်။ အဲ့ဒီအာရုံစိုက်မှုကို ဖုန်းတွေ၊ တီဗီ၊ ကွန်ပျူတာတွေနဲ့ တစ်ဝက်စီခွဲမယူချင်ပါဘူး။

၂။ အမျိုးသားက အပြင်မှာ အလုပ်လုပ်ရတယ်ဆိုတာသိပေမယ့် အိမ်ပြန်လာတဲ့အခါ ကိုယ်လုပ်နေတဲ့ အိမ်မှုကိစ္စတွေကို နည်းနည်းကူလုပ်ပေးစေချင်ပါတယ်။ အနည်းဆုံးကလေးကူထိန်းပေးတာလောက်တော့ အမျိုးသားဘက်က မတောင်းဆိုရပဲ လုပ်ဆောင်ပေးစေချင်ပါတယ်။

၃။ အမျိုးသားဖြစ်သူက သူ့ အလုပ်ကိစ္စပဲဖြစ်ဖြစ်၊ ဘယ်လိုအကြောင်းအရာမျိုးတွေကိုမဆို တစ်နေ့စာ တစ်နေ့ ကိုယ့်ကို ပြန်ပြောပြတာမျိုး လိုချင်ပါတယ်။

၄။ တစ်ခါတစ်လေ နာကျင်ခံစားနေရတာတွေ၊ စိတ်ဓာတ်ကျနေတဲ့အချိန်တွေမှာ သူက ဘာမှမပြောတော့ပဲ ကိုယ့်ဘေးနားရှိပေးတာလေး လိုချင်ပါတယ်။

၅။ အိမ်ထောင်သက်တမ်း ဘယ်လောက်ရှိနေပါစေ၊ တစ်ခါတစ်လေမှာ အမျိုးသားက သူ့ဘဝအတွက် ကိုယ်ဘယ်လောက် အရေးပါကြောင်း ကိုယ့်မျက်နှာလေးကြည့်ပြီး ဖွင့်လတာမျိုးလည်း လိုချင်ပါတယ်။

၆။ အိမ်ထောင်သက်တမ်း ဘယ်လောက်ကြာကြာ၊ အမျိုးသားဖြစ်သူက ကိုယ့်ဆီကို အပြင်ကနေ sms ပို့တာမျိုး၊ ရိုမန်တစ်ဆန်ဆန် ချစ်တဲ့အကြောင်းရေးသားထားတဲ့ စာလေးတွေပေးတာတို့၊ လက်ဆောင်ပေးတာမျိုးလေးတွေ လိုချင်မိပါသေးတယ်။

၇။ အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်အနေနဲ့ သူ့အပေါ် ထားရှိတဲ့စိတ်ထား၊ နောက်သူ့ကို စေတနာ မေတ္တာ အချစ်တွေနဲ့ ဂရုစိုက်ပေးတာတွေကို အမျိုးသားက သတိပြုမိတာမျိုးလည်း လိုချင်ပါတယ်။ဒါဟာ ကျေးဇူးတင်စကားကြားချင်လို့ မဟုတ်ပါဘူး။ သူ့ကို ဘယ်လောက်အချိန်တွေကြာကြာ ချစ်နေတယ်ဆိုတာသိစေချင်တာပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top