iMyanmarHouse.com - Best Property Website for Myanmar
×

အိပ္မေပ်ာ္ႏိုင္ျဖစ္ျခင္းႏွင့္ အိပ္ေရးပ်က္ျခင္းတို႔မွာ မတူညီေသာက်န္းမာေရးျပႆနာမ်ား ျဖစ္ေပၚေစသည့္ အဓိကအက်ဆံုး အေၾကာင္းရင္းမ်ားျဖစ္သည္။ သို႔ေသာ္ အလြန္အကြၽံအိပ္စက္ျခင္းေၾကာင့္လည္း က်န္းမာေရးအတြက္ အႏၲရာယ္ရွိႏိုင္သည္။
 အလြန္အကြၽံအိပ္စက္ျခင္းေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္လကၡ ဏာရပ္မ်ားႏွင့္ က်န္းမာေရးဆိုးက်ိဳးမ်ားကို ကြၽမ္းက်င္သူမ်ားက ရွင္းလင္းေဖာ္ျပေပးထားသည္။

အိပ္ရာမွႏိုးလာေသာ အခ်ိန္မ်ားတြင္ ဆက္၍ အိပ္ေပ်ာ္ေနသကဲ့သုိ႔ ခံစားရေသာအေျခအေနမွာ အလြန္အကြၽံအိပ္စက္ျခင္းေၾကာင့္ျဖစ္ၿပီး လံုေလာက္ေသာ အခ်ိန္ပမာဏအထိ အိပ္စက္ၿပီး ေနာက္မွာပင္ ေန႔လယ္ခင္း၌ မလႈပ္ခ်င္မကိုင္ခ်င္ စြမ္းအင္ကုန္ခန္းေနတတ္သည္။ ထို႔ျပင္ တစ္ခ်ိန္လံုး ေမာပန္းႏြမ္းနယ္မႈကို ခံစားရတတ္ၿပီး ႀကိဳတင္မမွန္းဆႏိုင္ေသာ စိတ္အေျခအေန ေျပာင္းလဲမႈမ်ား ႀကံဳေတြ႕ရတတ္သည္။

အလြန္အကြၽံအိပ္စက္ထားသူမ်ားအေနျဖင့္ ေမာပန္းၿပီး အား အင္ကုန္ခန္းျခင္းႏွင့္ အလြယ္တကူ ေဒါသထြက္ျခင္းတို႔ ျဖစ္ေပၚေလ့ရွိသည္။

အလုပ္လုပ္ေနခ်ိန္(သို႔မဟုတ္) ကားေမာင္းေနစဥ္ အိပ္ေပ်ာ္၊ အိပ္ငိုက္တတ္သည္။ အာ႐ံုစူးစိုက္ႏိုင္စြမ္းမရွိျဖစ္တတ္ၿပီး အဝလြန္ သူမ်ားတြင္ ယင္းအေျခအေနမ်ိဳးမ်ား ပို၍ႀကံဳေတြ႕ရေလ့ရွိသည္။ အသက္႐ွဴခဏတာရပ္ဆုိင္းမႈ ခံစားေနရသူမ်ားအေနျဖင့္လည္း အိပ္စက္ျခင္းႏွင့္ဆိုင္ေသာ ယင္းလကၡဏာမ်ားႀကံဳေတြ႕ရတတ္သည္။

အလြန္အကြၽံအိပ္စက္ျခင္းေၾကာင့္ က်န္းမာေရးအတြက္ ဆိုး က်ိဳးမ်ားျဖစ္ေပၚေစႏိုင္ၿပီး ကိုယ္အေလးခ်ိန္ပိုမ်ားလာႏိုင္သည္။ ထုိ႔ ျပင္ အလြယ္တကူေဒါသထြက္တတ္ၿပီး အၿမဲစိတ္အလိုမက်သကဲ့သို႔ ခံစားရတတ္သည္။

ေသြးတိုးေရာဂါျဖစ္ေပၚလာႏုိင္ၿပီး မေတာ္တဆထိခိုက္မႈမ်ား ႀကံဳေတြ႕ႏုိင္သည့္အႏၲရာယ္ ျမင့္မားသည္။

အလြန္အကြၽံအိပ္စက္ျခင္းေၾကာင့္ အၿမဲေလးလံထုိင္းမိႈင္းေန တတ္ၿပီးေဆးဝါးမ်ားေသာက္သံုးျခင္း၊ လံုေလာက္ေသာအိပ္စက္ခ်ိန္ မရွိျခင္း၊ ေန႔ဆုိင္းညဆုိင္းအလိုက္ အလုပ္လုပ္ရျခင္း၊ အိပ္စက္ပံု မူမမွန္ျခင္းႏွင့္ စိတ္ပိုင္းဆိုင္ရာျပႆနာမ်ားေၾကာင့္ အလြန္အကြၽံ အိပ္စက္မႈျဖစ္ေပၚလာေလ့ရွိသည္။

Credit : 7Day Daily


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


အိပ်မပျော်နိုင်ဖြစ်ခြင်းနှင့် အိပ်ရေးပျက်ခြင်းတို့မှာ မတူညီသောကျန်းမာရေးပြဿနာများ ဖြစ်ပေါ်စေသည့် အဓိကအကျဆုံး အကြောင်းရင်းများဖြစ်သည်။ သို့သော် အလွန်အကျွံအိပ်စက်ခြင်းကြောင့်လည်း ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်သည်။
 အလွန်အကျွံအိပ်စက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်လက္ခ ဏာရပ်များနှင့် ကျန်းမာရေးဆိုးကျိုးများကို ကျွမ်းကျင်သူများက ရှင်းလင်းဖော်ပြပေးထားသည်။

အိပ်ရာမှနိုးလာသော အချိန်များတွင် ဆက်၍ အိပ်ပျော်နေသကဲ့သို့ ခံစားရသောအခြေအနေမှာ အလွန်အကျွံအိပ်စက်ခြင်းကြောင့်ဖြစ်ပြီး လုံလောက်သော အချိန်ပမာဏအထိ အိပ်စက်ပြီး နောက်မှာပင် နေ့လယ်ခင်း၌ မလှုပ်ချင်မကိုင်ချင် စွမ်းအင်ကုန်ခန်းနေတတ်သည်။ ထို့ပြင် တစ်ချိန်လုံး မောပန်းနွမ်းနယ်မှုကို ခံစားရတတ်ပြီး ကြိုတင်မမှန်းဆနိုင်သော စိတ်အခြေအနေ ပြောင်းလဲမှုများ ကြုံတွေ့ရတတ်သည်။

အလွန်အကျွံအိပ်စက်ထားသူများအနေဖြင့် မောပန်းပြီး အား အင်ကုန်ခန်းခြင်းနှင့် အလွယ်တကူ ဒေါသထွက်ခြင်းတို့ ဖြစ်ပေါ်လေ့ရှိသည်။

အလုပ်လုပ်နေချိန်(သို့မဟုတ်) ကားမောင်းနေစဉ် အိပ်ပျော်၊ အိပ်ငိုက်တတ်သည်။ အာရုံစူးစိုက်နိုင်စွမ်းမရှိဖြစ်တတ်ပြီး အဝလွန် သူများတွင် ယင်းအခြေအနေမျိုးများ ပို၍ကြုံတွေ့ရလေ့ရှိသည်။ အသက်ရှူခဏတာရပ်ဆိုင်းမှု ခံစားနေရသူများအနေဖြင့်လည်း အိပ်စက်ခြင်းနှင့်ဆိုင်သော ယင်းလက္ခဏာများကြုံတွေ့ရတတ်သည်။

အလွန်အကျွံအိပ်စက်ခြင်းကြောင့် ကျန်းမာရေးအတွက် ဆိုး ကျိုးများဖြစ်ပေါ်စေနိုင်ပြီး ကိုယ်အလေးချိန်ပိုများလာနိုင်သည်။ ထို့ ပြင် အလွယ်တကူဒေါသထွက်တတ်ပြီး အမြဲစိတ်အလိုမကျသကဲ့သို့ ခံစားရတတ်သည်။

သွေးတိုးရောဂါဖြစ်ပေါ်လာနိုင်ပြီး မတော်တဆထိခိုက်မှုများ ကြုံတွေ့နိုင်သည့်အန္တရာယ် မြင့်မားသည်။

အလွန်အကျွံအိပ်စက်ခြင်းကြောင့် အမြဲလေးလံထိုင်းမှိုင်းနေ တတ်ပြီးဆေးဝါးများသောက်သုံးခြင်း၊ လုံလောက်သောအိပ်စက်ချိန် မရှိခြင်း၊ နေ့ဆိုင်းညဆိုင်းအလိုက် အလုပ်လုပ်ရခြင်း၊ အိပ်စက်ပုံ မူမမှန်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာပြဿနာများကြောင့် အလွန်အကျွံ အိပ်စက်မှုဖြစ်ပေါ်လာလေ့ရှိသည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top