iMyanmarHouse.com - Best Property Website for Myanmar
×
Credit: Trend Myanmar
Unicode Verison
 အမျိုးသမီးတွေဟာ ဖိနပ်သစ်တွေ ဝယ်ရတာနှစ်ခြိုက်ကြသလို ဒေါက်မြင့်ဖိနပ်တွေကိုလည်း ဒုက္ခခံစီးတတ်ကြပါတယ်။ တစ်ခါတစ်လေ ဒေါက်မြင့်ဖိနပ်သစ် စီးပြီဆိုတာနဲ့ ဒေါက်ကမြင့်လို့ ထိန်းစီးရတာကတစ်မျိုး၊ ဖိနပ်ပေါက်တဲ့ ဝေဒနာကိုပါ ခံစားကြရသေးတာမို့ ခုလိုမဖြစ်အောင် ခြေဖဝါးနာ အထူးကုတစ်ဦးရဲ့ နာကျင်ကိုက်ခဲမှုဝေးတဲ့ ဒေါက်ဖိနပ်ရှာဝယ်နည်း အဆင့် (၃) ခုကို ဖော်ပြပေးလုက်ပါတယ်။
အရည်ကြည်ဖုမဖြစ်တဲ့ အကောင်းဆုံးရှူးဖိနပ်ရွေးချယ်တာက သင့်ခြေထောက်အနေအထားပေါ် မူတည်ပါတယ်။ အမျိုးသမီးတချို့ဟာ မိုးထိအောင်မြင့်တဲ့ဒေါက်မြင့်ဖိနပ်တွေနဲ့ အသားကျနေကြပေမယ့် တချို့ကျတော့ ဖိနပ်အနိမ့်ခဏလေးစီးပြီးရင်တောင့် ဒုက္ခခံစားကြရတယ်လို့ ခြေဖဝါးနာ အထူးကုပါရဂူ Emma Supple က ပြောဆိုခဲ့ပါတယ်။
မိမိနဲ့ အံကိုက်ကျတဲ့ ဖိနပ်ဖြစ်ဖို့အတွက် မိနစ်ပိုင်းအတွင်း ချင့်တွက်ပေးမယ့် အဆင့် (၃) ဆင့်ရှိတယ်လို့ Emma က ဆိုပါတယ်။ ဖိနပ်တိုင်းတဲ့အခါ ခြေသလုံးနဲ့ ခြေပြားဆက်ပေးတဲ့ အရိုးကွေး ပြောင်းလွယ်ပြင်လွယ်ရှိမှုပေါ် မူတည်တယ်လို့ သိရပါတယ်။ အံကိုက်အဖြစ်ဆုံးဒေါက်မြင့်ဖိနပ်တိုင်းတာနည်းတွေကတော့…
၁။ ဖိနပ်ချွတ်၊ ထိုင်ချပြီး ခြေတစ်ဖက်ကို ရှေ့ဆန့်ထုတ်ပါ။ ခြေထောက်က တွဲလောင်းဖြစ်မနေဘဲ ထောင့်ကျကျဖြစ်နေပါက ရွေ့လျားနိုင်မှုပိုနည်းပြီး အောက်ခြေပြားဖိနပ်မျိုးနဲ့ဆို သက်တောင့်သက်သာ ပိုရှိပါလိမ့်မယ်။
၂။ ဒီအဆင့်အတွက် အဖော်တစ်ယောက် လိုပါလိမ့်မယ်။ မိမိနဲ့ အသင့်တော်ဆုံး ဒေါက်အမြင့်ကို သိရဖို့ ခြေထောက်ကို ကြမ်းပြင်ပေါ်ဆန့်နေချိန်၊ ပေကြိုးတိုင်းပေးမယ့် လူတစ်ယောက်ကို ရှာပါ။ ပြီးတော့ ခြေထောက်ထောင့်စွန်း ခြေဖနှောင့်မှာ ခဲတံလေးထားပါ။
၃။ ပေကြိုးတိုင်းတဲ့နေရာမှာ ခဲတံကနေ အကောင်းဆုံးဒေါက်ဖိနပ်အမြင့်ကို ဖော်ပြပေးပါလိမ့်မယ်။
Credit: Trend Myanmar
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top