iMyanmarHouse.com - Best Property Website for Myanmar
×

ပိုင္ဆုိင္ျခင္းေတြေၾကာင့္ ရရွိတဲ့ ေပ်ာ္ရႊင္မႈဟာ စိတ္ရဲ႕လွည့္စားမႈတစ္ခုပါပဲ။ ကိုယ့္ရဲ႕ ေပ်ာ္ရႊင္မႈေတြကို အရာဝတၳဳေတြ၊ လူေတြနဲ႔ အတိတ္္ျဖစ္ရပ္ေတြေပၚ အေျခခံထားမယ္ဆုိရင္ ဒါဟာ ေပ်ာ္ရႊင္မႈအစစ္အမွန္ မဟုတ္ေသးပါဘူး။

၁။ လက္ရွိပိုင္ဆုိင္မႈေတြေၾကာင့္ ေပ်ာ္ရႊင္ေနရတယ္ဆုိတဲ့ အေတြးအေခၚကို စြန္႔လႊတ္လုိက္ပါ

အခုပိုင္ဆုိင္ေနတဲ့ ပစၥည္းေတြေၾကာင့္ ေပ်ာ္ရႊင္ရတယ္ဆိုတဲ့အထင္ဟာ အလြဲႀကီး လြဲေနပါတယ္။ ကိုယ္အရမ္းလိုခ်င္ေနတဲ့ ပစၥည္းတစ္ခုကို ရတဲ့အတြက္ ေပ်ာ္ရႊင္ရတယ္ဆုိတာ မွန္ပါတယ္။ ဒါေပမဲ့ ဒါဟာ ခဏတာပါ။ အဲဒီပစၥည္းကို ခဏေလးနဲ႔ ႐ိုးအီသြားၿပီး ေနာက္အသစ္တစ္ခုကို လိုခ်င္ဦးမွာပါပဲ။

အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာင္ ဒီလူကသာ ကိုယ့္ကို ေပ်ာ္ရႊင္မႈေပးႏုိင္မယ္လို႔ ထင္ထားေပမဲ့လည္း ေနာက္ေတာ့ အဲဒီလိုမဟုတ္မွန္း သိလာၾကတာပါပဲ။ အဲဒါေၾကာင့္ ေပ်ာ္ရႊင္မႈဆုိတာ အျပင္ပန္းအရာေတြေၾကာင့္ ရရွိႏုိင္တယ္ဆုိတဲ့ အေတြးကို စြန္႔လႊတ္ဖို႔ လိုပါတယ္။ အဲဒီအေတြးကို ေဖ်ာက္လုိက္ရင္ ေပ်ာ္ရႊင္မႈဆုိတာ သင့္ရဲ႕ကိုယ္တြင္းကေနပဲ လာတယ္ဆုိတာကို နားလည္လာပါလိမ့္မယ္။

၂။ သင္မထိန္္းခ်ဳပ္ႏုိင္တဲ့အရာေတြကို လက္လႊတ္လုိက္ပါ

ကိုယ့္ကို ေပ်ာ္ရႊင္ေစတဲ့ အေျခအေနေတြ အျမဲရေနဖို႔ ႀကိဳးစားေနတာဟာ မေပ်ာ္ရႊင္မႈကိုသာ ျဖစ္ေစပါတယ္။ တစ္ခါတေလမွာ ဘာကိုမွ ထိန္းခ်ဳပ္မေနဘဲ ျဖစ္ပ်က္လာတဲ့အတုိင္းေလးပဲ စီးေျမာ လုိက္ပါသြားတာက ပိုေကာင္းပါတယ္။

၃။ သင့္ရဲ႕ပစၥဳပၸန္အတြက္ မေကာင္းသူေတြကို လက္လႊတ္လုိက္ပါ

တစ္ခါတေလမွာ ကိုယ့္ဘဝထဲမွာ ကိုယ့္ရဲ႕ေပ်ာ္ရႊင္မႈကို ေလ်ာ့ပါးေအာင္ ျပဳလုပ္ေနသူေတြရွိပါတယ္။ သူငယ္ခ်င္းေတြနဲ႔ အခ်စ္ေဟာင္းေတြကို လက္လႊတ္ဖို႔ ဒါမွမဟုတ္ ေမ့ပစ္ဖုိ႔ဆုိတာ ခက္ခဲႏုိင္ေပမဲ့ ကိုယ့္ကိုယ္ပိုင္ ေပ်ာ္ရႊင္မႈရဖုိ႔အတြက္ ဒီလိုလူေတြကို ေမ့ပစ္လုိုက္ပါ။ နာက်င္စရာ အတိတ္ေဟာင္းေတြကို ဆုပ္ကိုင္ထားျခင္းနဲ႔ ကိုယ့္အတြက္ အဆိပ္အေတာက္ျဖစ္သူေတြကို ကိုယ့္ဘဝထဲက မဖယ္ထုတ္ႏိုင္ျခင္းဟာ ကိုယ့္ရဲ႕ ေပ်ာ္ရႊင္မႈကို အဟန္႔အတားျဖစ္ေစတာပဲ ရွိပါတယ္။


Credit: duwun
 ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...



Unicode Version

ပိုင်ဆိုင်ခြင်းတွေကြောင့် ရရှိတဲ့ ပျော်ရွှင်မှုဟာ စိတ်ရဲ့လှည့်စားမှုတစ်ခုပါပဲ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေကို အရာဝတ္ထုတွေ၊ လူတွေနဲ့ အတိတ်ဖြစ်ရပ်တွေပေါ် အခြေခံထားမယ်ဆိုရင် ဒါဟာ ပျော်ရွှင်မှုအစစ်အမှန် မဟုတ်သေးပါဘူး။

၁။ လက်ရှိပိုင်ဆိုင်မှုတွေကြောင့် ပျော်ရွှင်နေရတယ်ဆိုတဲ့ အတွေးအခေါ်ကို စွန့်လွှတ်လိုက်ပါ

အခုပိုင်ဆိုင်နေတဲ့ ပစ္စည်းတွေကြောင့် ပျော်ရွှင်ရတယ်ဆိုတဲ့အထင်ဟာ အလွဲကြီး လွဲနေပါတယ်။ ကိုယ်အရမ်းလိုချင်နေတဲ့ ပစ္စည်းတစ်ခုကို ရတဲ့အတွက် ပျော်ရွှင်ရတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒါဟာ ခဏတာပါ။ အဲဒီပစ္စည်းကို ခဏလေးနဲ့ ရိုးအီသွားပြီး နောက်အသစ်တစ်ခုကို လိုချင်ဦးမှာပါပဲ။

အချစ်ရေး၊ အိမ်ထောင်ရေးမှာတောင် ဒီလူကသာ ကိုယ့်ကို ပျော်ရွှင်မှုပေးနိုင်မယ်လို့ ထင်ထားပေမဲ့လည်း နောက်တော့ အဲဒီလိုမဟုတ်မှန်း သိလာကြတာပါပဲ။ အဲဒါကြောင့် ပျော်ရွှင်မှုဆိုတာ အပြင်ပန်းအရာတွေကြောင့် ရရှိနိုင်တယ်ဆိုတဲ့ အတွေးကို စွန့်လွှတ်ဖို့ လိုပါတယ်။ အဲဒီအတွေးကို ဖျောက်လိုက်ရင် ပျော်ရွှင်မှုဆိုတာ သင့်ရဲ့ကိုယ်တွင်းကနေပဲ လာတယ်ဆိုတာကို နားလည်လာပါလိမ့်မယ်။

၂။ သင်မထိန်းချုပ်နိုင်တဲ့အရာတွေကို လက်လွှတ်လိုက်ပါ

ကိုယ့်ကို ပျော်ရွှင်စေတဲ့ အခြေအနေတွေ အမြဲရနေဖို့ ကြိုးစားနေတာဟာ မပျော်ရွှင်မှုကိုသာ ဖြစ်စေပါတယ်။ တစ်ခါတလေမှာ ဘာကိုမှ ထိန်းချုပ်မနေဘဲ ဖြစ်ပျက်လာတဲ့အတိုင်းလေးပဲ စီးမြော လိုက်ပါသွားတာက ပိုကောင်းပါတယ်။

၃။ သင့်ရဲ့ပစ္စုပ္ပန်အတွက် မကောင်းသူတွေကို လက်လွှတ်လိုက်ပါ

တစ်ခါတလေမှာ ကိုယ့်ဘဝထဲမှာ ကိုယ့်ရဲ့ပျော်ရွှင်မှုကို လျော့ပါးအောင် ပြုလုပ်နေသူတွေရှိပါတယ်။ သူငယ်ချင်းတွေနဲ့ အချစ်ဟောင်းတွေကို လက်လွှတ်ဖို့ ဒါမှမဟုတ် မေ့ပစ်ဖို့ဆိုတာ ခက်ခဲနိုင်ပေမဲ့ ကိုယ့်ကိုယ်ပိုင် ပျော်ရွှင်မှုရဖို့အတွက် ဒီလိုလူတွေကို မေ့ပစ်လိုက်ပါ။ နာကျင်စရာ အတိတ်ဟောင်းတွေကို ဆုပ်ကိုင်ထားခြင်းနဲ့ ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်သူတွေကို ကိုယ့်ဘဝထဲက မဖယ်ထုတ်နိုင်ခြင်းဟာ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို အဟန့်အတားဖြစ်စေတာပဲ ရှိပါတယ်။


Credit: duwun

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...










 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top