iMyanmarHouse.com - Best Property Website for Myanmar
×

ပန္းသီးစားျခင္းဟာ က်န္းမာေရးအတြက္ ေကာင္းမြန္တယ္ဆိုတဲ့ သုေတသနေပါင္းမ်ားစြာရွိျပီး အီတလီႏုိင္ငံက သုေတသနတစ္ခုကလည္း ေန႔စဥ္ပန္းသီးတစ္လံုးစားျခင္းဟာ ကင္ဆာေရာဂါ ၅ မ်ိဳး ျဖစ္ႏုိင္ေျခကို ေလွ်ာ့ခ်ေပးႏုိင္တယ္လို႔ ဆိုပါတယ္။

အီတလီႏုိင္ငံ Perugia တကၠသုိလ္မွာ ျပဳလုပ္ခဲ့တဲ့ အဆိုပါသုေတသနအရ အဆုပ္ကင္ဆာ၊ အစာအိမ္ကင္ဆာ၊ ပါးစပ္ကင္ဆာ၊ အစာအိမ္လမ္းေၾကာင္းကင္ဆာနဲ႔ ရင္သားကင္ဆာ ငါးမ်ိဳးကို လံုးဝမစားျခင္းထက္ တစ္ေန႔တစ္လံုးစားျခင္းက ပိုမိုကာကြယ္ေပးႏုိင္တယ္လို႔ ဆုိပါတယ္။

အထူးသျဖင့္ ပန္းသီးႏွစ္သက္သူေတြၾကားမွာ အဆုပ္ကင္ဆာျဖစ္ပြားႏႈန္းဟာ သာမန္လူေတြမွာထက္ ၂၅ ရာခိုင္ႏႈန္း ေလ်ာ့နည္းတာ ျဖစ္ပါတယ္။ ေလ့လာမႈဟာ  ယခင္ကျပဳလုပ္ထားတဲ့ အစားအေသာက္နဲ႔ ကင္ဆာဆက္စပ္မႈဆုိင္ရာ သုေသတနေပါင္း ၄၀ က အခ်က္အလက္ေတြကို ျပန္လည္သံုးသပ္ေလ့လာခဲ့တာ ျဖစ္ျပီး Public Health Nutrition ဂ်ာနယ္မွာ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

Credit: duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ပန်းသီးစားခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုတဲ့ သုတေသနပေါင်းများစွာရှိပြီး အီတလီနိုင်ငံက သုတေသနတစ်ခုကလည်း နေ့စဉ်ပန်းသီးတစ်လုံးစားခြင်းဟာ ကင်ဆာရောဂါ ၅ မျိုး ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

အီတလီနိုင်ငံ Perugia တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါသုတေသနအရ အဆုပ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ပါးစပ်ကင်ဆာ၊ အစာအိမ်လမ်းကြောင်းကင်ဆာနဲ့ ရင်သားကင်ဆာ ငါးမျိုးကို လုံးဝမစားခြင်းထက် တစ်နေ့တစ်လုံးစားခြင်းက ပိုမိုကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ပန်းသီးနှစ်သက်သူတွေကြားမှာ အဆုပ်ကင်ဆာဖြစ်ပွားနှုန်းဟာ သာမန်လူတွေမှာထက် ၂၅ ရာခိုင်နှုန်း လျော့နည်းတာ ဖြစ်ပါတယ်။ လေ့လာမှုဟာ  ယခင်ကပြုလုပ်ထားတဲ့ အစားအသောက်နဲ့ ကင်ဆာဆက်စပ်မှုဆိုင်ရာ သုသေတနပေါင်း ၄၀ က အချက်အလက်တွေကို ပြန်လည်သုံးသပ်လေ့လာခဲ့တာ ဖြစ်ပြီး Public Health Nutrition ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Credit: duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top