iMyanmarHouse.com - Best Property Website for Myanmar
×

ဘရာစီယာနဲ႕ပတ္သက္ျပီး အရင္အေခါက္ေတြတုန္းက ဘရာစီယာတစ္ထည္ကို အခ်ိန္ၾကာၾကာႏွစ္ေပါင္းမ်ားစြာ ၀တ္ဆင္ႏိုင္ဖုိ႕အတြက္ ဘယ္လုိထိန္းသိမ္းရမယ္ဆုိတဲ့ အေၾကာင္းေတြ ေရးသားခဲ့ျပီးျပီမုိ႕ ဒီတစ္ေခါက္ေတာ့ ဘရာစီယာ ၀တ္ဆင္တဲ့အခါ အၾကပ္ဆံုးခ်ိတ္ကို (ေနာက္ဆံုးအဆင့္ခ်ိတ္) ခ်ိတ္မ၀တ္သင့္ဘူးဆုိတဲ့ အခ်က္ကေလးေျပာျပေပးခ်င္ပါတယ္။

အမ်ိဳးသမီးေတြဟာ မ်ားေသာအားျဖင့္ ဘရာစီယာ၀တ္တဲ့အခါ ကိုယ္နဲ႕အဆင္ေျပရာ ၾကိဳးအေလ်ာ့အတင္းေတြ လုပ္တတ္ၾကေပမယ့္ အေနာက္ဘက္က ခ်ိတ္ကိုေတာ့ ေနာက္ဆံုးက အၾကပ္ဆံုးခ်ိတ္ကိုသာ ခ်ိတ္၀တ္တတ္ၾကပါတယ္။ တကယ္ေတာ့ ေနာက္ဆံုးခ်ိတ္ ခ်ိတ္၀တ္တာဟာ မွားယြင္းပါတယ္။ ဘာလို႕လဲဆုိေတာ့ ဘရာစီယာေတြက ဆန္႕ႏိုင္တဲ့ သေဘာတရားေတြ ရွိေနတဲ့အတြက္ ပထမဆံုးခ်ိတ္မွာတင္ ဘရာနဲ႕သင့္ရင္သား ကြက္တိျဖစ္ေနရမွ မွန္ပါမယ္။ ဒီလိုမွသာ အခ်ိန္ၾကာလုိ႕ ဘရာစီယာက ဆန္႕သြားတယ္ဆုိရင္ေတာင္ သင့္အေနနဲ႕ ခ်ိတ္ေတြကို ပထမဆံုးခ်ိတ္ကေန ပိုပိုၾကပ္တဲ့ ခ်ိတ္ေတြကို ေျပာင္းခ်ိတ္ႏိုင္ပါလိမ့္မယ္။

ဘရာေတြဟာ အခ်ိန္ၾကာလာတာနဲ႕အမ်ွ ပိုပို ဆန္႕သြားတတ္သလို ပ်မ္းမ်ွအားျဖင့္ သံုးလက္မထိကို ပိုရွည္ဆန္႕သြားတတ္တယ္လို႕ Freshpair က ဘရာစီယာနဲ႕ပတ္သက္တဲ့ specialist Bobbie Smith က ဆုိပါတယ္။ ကဲ ပ်ိဳေမတုိ႕ေရ ေနာက္တစ္ခါ ဘရာစီယာ၀တ္ေတာ့မယ္ဆုိ ဒါမွမဟုတ္ အသစ္၀ယ္ေတာ့မယ္ဆုိ ပထမဆံုးခ်ိတ္ကိုပဲ ခ်ိတ္ျပီး fitting က်မွ ၀ယ္ဖုိ႕ ၀တ္ဖုိ႕ အၾကံေပးလုိက္ပါတယ္။

Credit :Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဘရာစီယာနဲ့ပတ်သက်ပြီး အရင်အခေါက်တွေတုန်းက ဘရာစီယာတစ်ထည်ကို အချိန်ကြာကြာနှစ်ပေါင်းများစွာ ဝတ်ဆင်နိုင်ဖို့အတွက် ဘယ်လိုထိန်းသိမ်းရမယ်ဆိုတဲ့ အကြောင်းတွေ ရေးသားခဲ့ပြီးပြီမို့ ဒီတစ်ခေါက်တော့ ဘရာစီယာ ဝတ်ဆင်တဲ့အခါ အကြပ်ဆုံးချိတ်ကို (နောက်ဆုံးအဆင့်ချိတ်) ချိတ်မဝတ်သင့်ဘူးဆိုတဲ့ အချက်ကလေးပြောပြပေးချင်ပါတယ်။

အမျိုးသမီးတွေဟာ များသောအားဖြင့် ဘရာစီယာဝတ်တဲ့အခါ ကိုယ်နဲ့အဆင်ပြေရာ ကြိုးအလျော့အတင်းတွေ လုပ်တတ်ကြပေမယ့် အနောက်ဘက်က ချိတ်ကိုတော့ နောက်ဆုံးက အကြပ်ဆုံးချိတ်ကိုသာ ချိတ်ဝတ်တတ်ကြပါတယ်။ တကယ်တော့ နောက်ဆုံးချိတ် ချိတ်ဝတ်တာဟာ မှားယွင်းပါတယ်။ ဘာလို့လဲဆိုတော့ ဘရာစီယာတွေက ဆန့်နိုင်တဲ့ သဘောတရားတွေ ရှိနေတဲ့အတွက် ပထမဆုံးချိတ်မှာတင် ဘရာနဲ့သင့်ရင်သား ကွက်တိဖြစ်နေရမှ မှန်ပါမယ်။ ဒီလိုမှသာ အချိန်ကြာလို့ ဘရာစီယာက ဆန့်သွားတယ်ဆိုရင်တောင် သင့်အနေနဲ့ ချိတ်တွေကို ပထမဆုံးချိတ်ကနေ ပိုပိုကြပ်တဲ့ ချိတ်တွေကို ပြောင်းချိတ်နိုင်ပါလိမ့်မယ်။

ဘရာတွေဟာ အချိန်ကြာလာတာနဲ့အမျှ ပိုပို ဆန့်သွားတတ်သလို ပျမ်းမျှအားဖြင့် သုံးလက်မထိကို ပိုရှည်ဆန့်သွားတတ်တယ်လို့ Freshpair က ဘရာစီယာနဲ့ပတ်သက်တဲ့ specialist Bobbie Smith က ဆိုပါတယ်။ ကဲ ပျိုမေတို့ရေ နောက်တစ်ခါ ဘရာစီယာဝတ်တော့မယ်ဆို ဒါမှမဟုတ် အသစ်ဝယ်တော့မယ်ဆို ပထမဆုံးချိတ်ကိုပဲ ချိတ်ပြီး fitting ကျမှ ဝယ်ဖို့ ဝတ်ဖို့ အကြံပေးလိုက်ပါတယ်။

Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top