iMyanmarHouse.com - Best Property Website for Myanmar
×

ခုတေလာ သင္တုိ႕ႏွစ္ဦးရဲ႕ အေျခအေနဟာ အရင္ကလို မေႏြးေထြးေတာ့ဘူး၊ ေအးစက္စျပဳလာျပီ။ ဒါေပမယ့္ သင္ဟာ သင့္ခ်စ္သူေကာင္မေလးကို အရင္လို ခ်စ္ျမဲခ်စ္ဆဲမုိ႕ လက္မလႊတ္ႏိုင္ေသးဘူးဆုိရင္ သင့္ခ်စ္သူေကာင္မေလးဟာ ခုေျပာမယ့္ အခ်က္ေတြအတုိင္း ျပဳမူေနသလားဆုိတာကို ေသခ်ာေလ့လာလိုက္ပါ။ ဒီအခ်က္ေတြတိုင္း သူမရဲ႕ အေျခအေနကို သိလိုက္တာနဲ႕ သင္တံု႕ေႏွးလို႕ မေနပဲ သူမ သင့္ဆီျပန္စိတ္လည္လာေအာင္ ၾကိဳးစားပါ။ သူမ စိတ္ကုန္သြားေစတဲ့ အေၾကာင္းအရာေတြကို သင္ျပဳလုပ္မိေနတယ္ဆုိရင္ ဒါေတြကို ျပဳျပင္လိုက္ပါ။ ညႈိႏႈိင္းသင့္တာေတြ ညႈိႏႈိင္းပါ။ သူမ စိတ္ထဲရွိေနတာေတြကိုနားေထာင္ေပးပါ။ ဒါ့ေၾကာင့္ အခ်ိန္မီေလး ဘယ္လိုအခ်က္ေတြကမ်ား သင့္ခ်စ္သူဟာ ဒီအခ်စ္ေရးကို လက္လႊတ္လိုက္ေတာ့မယ္ဆုိတာ သိသာေစသလဲဆုိတာကို ခုေဖာ္ျပေပးလိုက္ပါတယ္။

၁။အရင္ကလို မဟုတ္ေတာ့ပဲ သူမ သင့္အေပၚ ဆူညံပူညံေတြ သိပ္မလုပ္ေတာ့ဘူး။

အရင္က မေက်နပ္တာေတြကို အျပစ္တင္တတ္တဲ့သူမက ခုဆုိ ဘာမွ သင့္ကိုေျပာေနမွာ မဟုတ္ေတာ့ပါဘူး။ သူမ မၾကိဳက္တာေတြ သင္လုပ္ေနလည္း သူမက မသိသလိုသာ ျပဳမူေနပါလိမ့္မယ္။ အရင္ကလည္း စိတ္ဆုိးစိတ္ေကာက္တာမ်ိဳးလည္း သင့္ကို မလုုပ္ေတာ့ပါဘူး။

၂။အလုပ္ေတြ ပိုလုပ္လာတယ္။

သူမဟာ အရင္ကထက္ပုိျပီး အလုပ္မွာ နစ္ေမ်ာလာတယ္။ သင္နဲ႕ေတြ႔ဖုိ႕အခ်ိန္ေတြမွာေတာင္ အလုပ္မအားတာေၾကာင့္ မေတြ႔ျဖစ္တာမ်ိဳးေတြ ရွိလာတယ္။ ကိုယ္လုပ္ေပးလိုက္တဲ့ အရာေတြအတြက္၊ ကိုယ္ခံစားေနရတဲ့ ခံစားခ်က္ေတြကို လ်စ္လ်ဴရႈခံရတဲ့ သူေတြ၊ ခ်ီးမြမ္းစကားေလးတစ္ခြန္းေတာင္ နားမေထာင္ရတဲ့သူေတြဟာ အျခားတစ္ခုကို ပိုအာရံုစိုက္သြားတတ္ၾကတာ သဘာ၀ပဲေလ။

၃။သူမရဲ႕ ျပင္ပသြားလာမႈေတြမွာ သင္မပါ၀င္ေတာ့ဘူး။

အလုပ္ျပီးလုိ႕ သူငယ္ခ်င္းေတြနဲ႕သြားတဲ့အခါ အရင္ကလို သင့္ကို မေခၚေတာ့ဘူး။ မိဘေတြနဲ႕ ထမင္းအတူ လက္ဆံုစားၾကတဲ့အခါမွာလည္း အရင္ကလို သင့္ကိုမဖိတ္ေတာ့ဘူး။ ပန္းခ်ီျပပြဲသြားတာ၊ ရႈိးပြဲသြားတာ စတာေတြမွာ လည္း သင့္ကိုလိုက္ခဲ့ဖုိ႕ မေခၚေတာ့ဘူး။

၄။သင့္အျမင္က ဘာဆုိတာ သူမ ဂရုမစိုက္ေတာ့ဘူး။

အရင္က တစ္ခုခုကို ဖြင့္ေျပာတုိင္ပင္ေနက် ကိစၥရပ္ေတြမွာ သူမ ဆံုးျဖတ္ခ်က္နဲ႕သူမ ေက်နပ္ေနတတ္ျပီ။ သင့္အျမင္က ဘာလဲဆိုတာ သူမ စိတ္မ၀င္စားေတာ့ဘူး။ ကိုယ့္ဘာသာရပ္တည္ႏိုင္တယ္ဆုိတာ သင့္ကိုခုလိုနည္းနဲ႕ ျပသလာခဲ့ျပီ။

၅။သင္နဲ႕ဆို ေဒါသပိုထြက္လြယ္လာမယ္။

အရင္က စိတ္သိပ္မတိုတတ္တဲ့သူမက ခုေတာ့ တစ္ခုခုဆုိတာနဲ႕ ေဒါသေထာင္းခနဲ ထြက္လာမယ္။ သင္တစ္ခုခုေျပာလိုက္တာနဲ႕ သည္းခံခ်င္စိတ္မရွိေတာ့ပဲ၊ ညႈိႏႈိင္းတာမ်ိဳးေတြ မရွိေတာ့ပဲ လုပ္ခ်င္တာလုပ္ဆိုျပီး သင့္အနားက အျမန္ဆံုး ထြက္သြားမယ္ဆုိရင္ ဒါဟာ စိုးရိမ္စရာအခ်က္ျဖစ္လာပါျပီ။

Credit: Trend Myanmar
 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ခုတလော သင်တို့နှစ်ဦးရဲ့ အခြေအနေဟာ အရင်ကလို မနွေးထွေးတော့ဘူး၊ အေးစက်စပြုလာပြီ။ ဒါပေမယ့် သင်ဟာ သင့်ချစ်သူကောင်မလေးကို အရင်လို ချစ်မြဲချစ်ဆဲမို့ လက်မလွှတ်နိုင်သေးဘူးဆိုရင် သင့်ချစ်သူကောင်မလေးဟာ ခုပြောမယ့် အချက်တွေအတိုင်း ပြုမူနေသလားဆိုတာကို သေချာလေ့လာလိုက်ပါ။ ဒီအချက်တွေတိုင်း သူမရဲ့ အခြေအနေကို သိလိုက်တာနဲ့ သင်တုံ့နှေးလို့ မနေပဲ သူမ သင့်ဆီပြန်စိတ်လည်လာအောင် ကြိုးစားပါ။ သူမ စိတ်ကုန်သွားစေတဲ့ အကြောင်းအရာတွေကို သင်ပြုလုပ်မိနေတယ်ဆိုရင် ဒါတွေကို ပြုပြင်လိုက်ပါ။ ညှိုနှိုင်းသင့်တာတွေ ညှိုနှိုင်းပါ။ သူမ စိတ်ထဲရှိနေတာတွေကိုနားထောင်ပေးပါ။ ဒါ့ကြောင့် အချိန်မီလေး ဘယ်လိုအချက်တွေကများ သင့်ချစ်သူဟာ ဒီအချစ်ရေးကို လက်လွှတ်လိုက်တော့မယ်ဆိုတာ သိသာစေသလဲဆိုတာကို ခုဖော်ပြပေးလိုက်ပါတယ်။

၁။အရင်ကလို မဟုတ်တော့ပဲ သူမ သင့်အပေါ် ဆူညံပူညံတွေ သိပ်မလုပ်တော့ဘူး။

အရင်က မကျေနပ်တာတွေကို အပြစ်တင်တတ်တဲ့သူမက ခုဆို ဘာမှ သင့်ကိုပြောနေမှာ မဟုတ်တော့ပါဘူး။ သူမ မကြိုက်တာတွေ သင်လုပ်နေလည်း သူမက မသိသလိုသာ ပြုမူနေပါလိမ့်မယ်။ အရင်ကလည်း စိတ်ဆိုးစိတ်ကောက်တာမျိုးလည်း သင့်ကို မလုုပ်တော့ပါဘူး။

၂။အလုပ်တွေ ပိုလုပ်လာတယ်။

သူမဟာ အရင်ကထက်ပိုပြီး အလုပ်မှာ နစ်မျောလာတယ်။ သင်နဲ့တွေ့ဖို့အချိန်တွေမှာတောင် အလုပ်မအားတာကြောင့် မတွေ့ဖြစ်တာမျိုးတွေ ရှိလာတယ်။ ကိုယ်လုပ်ပေးလိုက်တဲ့ အရာတွေအတွက်၊ ကိုယ်ခံစားနေရတဲ့ ခံစားချက်တွေကို လျစ်လျူရှုခံရတဲ့ သူတွေ၊ ချီးမွမ်းစကားလေးတစ်ခွန်းတောင် နားမထောင်ရတဲ့သူတွေဟာ အခြားတစ်ခုကို ပိုအာရုံစိုက်သွားတတ်ကြတာ သဘာဝပဲလေ။

၃။သူမရဲ့ ပြင်ပသွားလာမှုတွေမှာ သင်မပါဝင်တော့ဘူး။

အလုပ်ပြီးလို့ သူငယ်ချင်းတွေနဲ့သွားတဲ့အခါ အရင်ကလို သင့်ကို မခေါ်တော့ဘူး။ မိဘတွေနဲ့ ထမင်းအတူ လက်ဆုံစားကြတဲ့အခါမှာလည်း အရင်ကလို သင့်ကိုမဖိတ်တော့ဘူး။ ပန်းချီပြပွဲသွားတာ၊ ရှိုးပွဲသွားတာ စတာတွေမှာ လည်း သင့်ကိုလိုက်ခဲ့ဖို့ မခေါ်တော့ဘူး။

၄။သင့်အမြင်က ဘာဆိုတာ သူမ ဂရုမစိုက်တော့ဘူး။

အရင်က တစ်ခုခုကို ဖွင့်ပြောတိုင်ပင်နေကျ ကိစ္စရပ်တွေမှာ သူမ ဆုံးဖြတ်ချက်နဲ့သူမ ကျေနပ်နေတတ်ပြီ။ သင့်အမြင်က ဘာလဲဆိုတာ သူမ စိတ်မဝင်စားတော့ဘူး။ ကိုယ့်ဘာသာရပ်တည်နိုင်တယ်ဆိုတာ သင့်ကိုခုလိုနည်းနဲ့ ပြသလာခဲ့ပြီ။

၅။သင်နဲ့ဆို ဒေါသပိုထွက်လွယ်လာမယ်။

အရင်က စိတ်သိပ်မတိုတတ်တဲ့သူမက ခုတော့ တစ်ခုခုဆိုတာနဲ့ ဒေါသထောင်းခနဲ ထွက်လာမယ်။ သင်တစ်ခုခုပြောလိုက်တာနဲ့ သည်းခံချင်စိတ်မရှိတော့ပဲ၊ ညှိုနှိုင်းတာမျိုးတွေ မရှိတော့ပဲ လုပ်ချင်တာလုပ်ဆိုပြီး သင့်အနားက အမြန်ဆုံး ထွက်သွားမယ်ဆိုရင် ဒါဟာ စိုးရိမ်စရာအချက်ဖြစ်လာပါပြီ။

Credit: Trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top