iMyanmarHouse.com - Best Property Website for Myanmar
×

ကေလးေတြက စားလို႔ အရသာမရွိဆံုး ဟင္းသီးဟင္းရြက္ပဲလို႔ ေျပာေလ့ရွိတဲ့ အသီးက ခဝဲသီးပါ။ ခဝဲသီးရဲ႕ အရသာက အလြန္မေကာင္းဘူး ဆိုေပမယ့္ က်န္းမာေရး အက်ဳိးေက်းဇူးေတြကိုေတာ့ အမ်ားႀကီး ေပးႏိုင္ပါတယ္။

(၁) အာဟာရဓာတ္ အစံုအလင္ေပးပါတယ္

ခဝဲသီးမွာ အမွ်င္ဓာတ္၊ ဗီတာမင္စီ၊ ႐ိုင္ဘိုဖေလဗင္၊ ဇင့္(သြပ္)ဓာတ္၊ သိုင္ယာမင္ဓာတ္၊ သံဓာတ္နဲ႔ မဂၢနီဆီယမ္တို႔ မ်ားစြာ ပါဝင္မႈမ်ားၿပီး အဆီနဲ႔ ကယ္လိုရီ ပါဝင္မႈ နည္းပါတယ္။

(၂) ကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစပါတယ္။

ျပည့္ဝဆီနဲ႔ ကိုလက္စထေရာ ပါဝင္မႈနည္းၿပီး အမွ်င္ဓာတ္မ်ားမ်ား ပါဝင္တာေၾကာင့္ ကိုယ္အေလးခ်ိန္ အျမန္ ေလ်ာ့က်လိုသူေတြအတြက္ သင့္ေတာ္တဲ့ အစားအစာပါ။ ခဝဲသီးမွာ ေရဓာတ္ပါဝင္မႈ ျမင့္မားတာေၾကာင့္ ဗိုက္ျပည့္ေစတဲ့ အစာျဖစ္ကာ ကယ္လိုရီမ်ားတဲ့ တျခားအစာေတြကို ေလွ်ာ့စားျဖစ္ေစပါတယ္။

(၃) အသားဝါျဖစ္ႏႈန္းကို သက္သာေစပါတယ္။

ခဝဲသီးအရည္ကို အသားဝါ ျဖစ္ေနသူေတြက သဘာဝအိမ္သံုးအစာ တစ္မ်ဳိးအျဖစ္ သံုးၾကပါတယ္။ ခဝဲသီးကို အရည္ညႇစ္ၿပီး သန္႔စင္တဲ့ ပိတ္စတစ္စနဲ႔ စစ္ယူၿပီး ေသာက္ေလ့ရွိၾကပါတယ္။ ဆရာဝန္နဲ႔ တုိင္ပင္ၿပီးမွ ေသာက္ပါ။

(၄) ေသြးသန္႔ေစပါတယ္။

ခဝဲသီးမွာ ေသြးေတြကို သန္႔စင္ေစတဲ့ အစြမ္းရွိတာေၾကာင့္ အရက္ေၾကာင့္ အဆိပ္ျဖစ္မႈကေန အသည္းကို ကာကြယ္ေပးပါတယ္။

(၅) ေသြးတြင္း သၾကားဓာတ္ကို ေလ်ာ့က်ေစပါတယ္။

ခဝဲသီးမွာ အင္ဆူလင္နဲ႔ တူတဲ့ ပက္တိုက္ေတြျဖစ္တဲ့ alkaloids နဲ႔ charantinတို႔ ပါဝင္တာေၾကာင့္ အင္ဆူလင္အဆင့္ကို ေျပာင္းလဲေစတာမ်ဳိး မရွိဘဲ ေသြးတြင္း သၾကားဓာတ္နဲ႔ ဆီးထဲက သၾကားဓာတ္ကို ေလ်ာ့က်ေစပါတယ္။

(၆) အစာအိမ္အတြက္ ေကာင္းပါတယ္။

ခဝဲသီးမွာပါတဲ့ Cellulose ေတြက ဝမ္းခ်ဳပ္တာမ်ဳိး မျဖစ္ေအာင္ ကာကြယ္ေပးၿပီး လိပ္ေခါင္း ကုသေရးမွာ ပါဝင္ ကူညီေပးေနပါတယ္။

(၇) အသားအေရကို က်န္းမာလွပေစပါတယ္။

ခဝဲသီးကို အေျခာက္ခံထားၿပီး ေရျမႇဳပ္အျဖစ္ အသံုးျပဳကာ ေရခ်ဳိးတဲ့အခါ ေၾကးခၽြတ္ပစၥည္းအေနနဲ႔ ပြတ္တိုက္ေပးပါ။ ခဝဲသီးေျခာက္ ေရျမႇဳပ္ဟာ အေရျပားေပၚက ဆဲလ္ေသေတြကို ကြာက်ေစတာေၾကာင့္ အသားအေရကို ေခ်ာေမြ႕ေစၿပီး ႏူးညံ့ ေတာက္ေျပာင္ေစပါတယ္။ အေရျပားကို က်န္းမာေအာင္နဲ႔ ပိုမိုဝင္းပလာေအာင္ လႈံ႔ေဆာ္ေပးႏိုင္ပါတယ္။ ခဝဲသီးရဲ႕ ေသြးသန္႔စင္ေစတဲ့ အာနိသင္ေၾကာင့္ ဝက္ၿခံနဲ႔ အဖုအပိမ့္ေတြကို ကင္းေစကာ ခႏၶာကိုယ္ အနံ႔ဆိုးေတြ ကင္းေစပါတယ္။ ခဝဲသီး ေရျမႇဳပ္ကို စနစ္တက် သန္႔စင္မႈ မလုပ္ရင္ မႈိေတြ ေပါက္ႏိုင္ပါတယ္။ ဒါေၾကာင့္ ေရခ်ဳိးၿပီးတိုင္း ခဝဲသီးေရျမႇဳပ္မွာ ကပ္က်န္ေနတဲ့ ဆပ္ျပာနဲ႔ ေရေတြကို သန္႔စင္သြားေအာင္ ခါခ်ၿပီး ေလသလပ္ခံကာ ေျခာက္ေအာင္ ထားရပါမယ္။

(၈) ကိုယ္ခံစြမ္းအားစနစ္ကို ေကာင္းမြန္ေစပါတယ္။

ခဝဲသီးေဖ်ာ္ရည္ တစ္ဖန္ခြက္ကို တျခား ဟင္းသီးဟင္းရြက္ေတြနဲ႔ ေရာၿပီး နံနက္ေစာေစာမွာ ေသာက္ေပးရင္ ကိုယ္ခံစြမ္းအားစနစ္ကို ေကာင္းေစၿပီး တျခားေရာဂါပိုးေတြကို တြန္းလွန္ႏိုင္စြမ္း ရွိေစပါတယ္။


Credit:ၾကယ္စင္
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကလေးတွေက စားလို့ အရသာမရှိဆုံး ဟင်းသီးဟင်းရွက်ပဲလို့ ပြောလေ့ရှိတဲ့ အသီးက ခဝဲသီးပါ။ ခဝဲသီးရဲ့ အရသာက အလွန်မကောင်းဘူး ဆိုပေမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကိုတော့ အများကြီး ပေးနိုင်ပါတယ်။

(၁) အာဟာရဓာတ် အစုံအလင်ပေးပါတယ်

ခဝဲသီးမှာ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့်(သွပ်)ဓာတ်၊ သိုင်ယာမင်ဓာတ်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များစွာ ပါဝင်မှုများပြီး အဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။

(၂) ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။

ပြည့်ဝဆီနဲ့ ကိုလက်စထရော ပါဝင်မှုနည်းပြီး အမျှင်ဓာတ်များများ ပါဝင်တာကြောင့် ကိုယ်အလေးချိန် အမြန် လျော့ကျလိုသူတွေအတွက် သင့်တော်တဲ့ အစားအစာပါ။ ခဝဲသီးမှာ ရေဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ဗိုက်ပြည့်စေတဲ့ အစာဖြစ်ကာ ကယ်လိုရီများတဲ့ တခြားအစာတွေကို လျှော့စားဖြစ်စေပါတယ်။

(၃) အသားဝါဖြစ်နှုန်းကို သက်သာစေပါတယ်။

ခဝဲသီးအရည်ကို အသားဝါ ဖြစ်နေသူတွေက သဘာဝအိမ်သုံးအစာ တစ်မျိုးအဖြစ် သုံးကြပါတယ်။ ခဝဲသီးကို အရည်ညှစ်ပြီး သန့်စင်တဲ့ ပိတ်စတစ်စနဲ့ စစ်ယူပြီး သောက်လေ့ရှိကြပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါ။

(၄) သွေးသန့်စေပါတယ်။

ခဝဲသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အစွမ်းရှိတာကြောင့် အရက်ကြောင့် အဆိပ်ဖြစ်မှုကနေ အသည်းကို ကာကွယ်ပေးပါတယ်။

(၅) သွေးတွင်း သကြားဓာတ်ကို လျော့ကျစေပါတယ်။

ခဝဲသီးမှာ အင်ဆူလင်နဲ့ တူတဲ့ ပက်တိုက်တွေဖြစ်တဲ့ alkaloids နဲ့ charantinတို့ ပါဝင်တာကြောင့် အင်ဆူလင်အဆင့်ကို ပြောင်းလဲစေတာမျိုး မရှိဘဲ သွေးတွင်း သကြားဓာတ်နဲ့ ဆီးထဲက သကြားဓာတ်ကို လျော့ကျစေပါတယ်။

(၆) အစာအိမ်အတွက် ကောင်းပါတယ်။

ခဝဲသီးမှာပါတဲ့ Cellulose တွေက ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး လိပ်ခေါင်း ကုသရေးမှာ ပါဝင် ကူညီပေးနေပါတယ်။

(၇) အသားအရေကို ကျန်းမာလှပစေပါတယ်။

ခဝဲသီးကို အခြောက်ခံထားပြီး ရေမြှုပ်အဖြစ် အသုံးပြုကာ ရေချိုးတဲ့အခါ ကြေးချွတ်ပစ္စည်းအနေနဲ့ ပွတ်တိုက်ပေးပါ။ ခဝဲသီးခြောက် ရေမြှုပ်ဟာ အရေပြားပေါ်က ဆဲလ်သေတွေကို ကွာကျစေတာကြောင့် အသားအရေကို ချောမွေ့စေပြီး နူးညံ့ တောက်ပြောင်စေပါတယ်။ အရေပြားကို ကျန်းမာအောင်နဲ့ ပိုမိုဝင်းပလာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ခဝဲသီးရဲ့ သွေးသန့်စင်စေတဲ့ အာနိသင်ကြောင့် ဝက်ခြံနဲ့ အဖုအပိမ့်တွေကို ကင်းစေကာ ခန္ဓာကိုယ် အနံ့ဆိုးတွေ ကင်းစေပါတယ်။ ခဝဲသီး ရေမြှုပ်ကို စနစ်တကျ သန့်စင်မှု မလုပ်ရင် မှိုတွေ ပေါက်နိုင်ပါတယ်။ ဒါကြောင့် ရေချိုးပြီးတိုင်း ခဝဲသီးရေမြှုပ်မှာ ကပ်ကျန်နေတဲ့ ဆပ်ပြာနဲ့ ရေတွေကို သန့်စင်သွားအောင် ခါချပြီး လေသလပ်ခံကာ ခြောက်အောင် ထားရပါမယ်။

(၈) ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။

ခဝဲသီးဖျော်ရည် တစ်ဖန်ခွက်ကို တခြား ဟင်းသီးဟင်းရွက်တွေနဲ့ ရောပြီး နံနက်စောစောမှာ သောက်ပေးရင် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းစေပြီး တခြားရောဂါပိုးတွေကို တွန်းလှန်နိုင်စွမ်း ရှိစေပါတယ်။


Credit:ကြယ်စင်

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top