iMyanmarHouse.com - Best Property Website for Myanmar
×

ဒီေန႔ေခတ္ႀကီးမွာ အဆင္မေျပတဲ့ အခ်စ္ေရးေတြမ်ားလွၿပီး ရည္းစားနဲ႔ ကြဲကြာရျခင္းေတြဟာ လူတုိင္း ၾကံဳေတြ႕ေနရတဲ့အရာပါ။ အဲဒီအခ်ိန္မွာ ေမွ်ာ္လင့္မိတာက ကိုယ့္ရဲ႕လက္တြဲေဖာ္အစစ္အမွန္ေတြ႕ရင္ ဘယ္လိုမ်ား သိႏုိင္မလဲဆုိတာပါပဲ။ တကယ္လုိ႔ သင့္ရဲ႕လက္ရွိခ်စ္သူက ဒီလိုခံစားခ်က္မ်ဳိးေတြ သင့္ကို ေပးႏုိင္တယ္ဆုိရင္ သူဟာ သင့္ရဲ႕ ဘဝလက္တြဲေဖာ္ (Soulmate) ျဖစ္တာ ေသခ်ာပါၿပီ။

၁။ ေလာကႀကီးအေပၚ အျမင္ေတြ ေျပာင္းလဲသြားတယ္။
ကိုယ့္ရဲ႕ဘဝလက္တြဲေဖာ္အစစ္နဲ႔ ေတြ႕တဲအခါမွာ ေလာကႀကီးကို အေကာင္းျမင္စိတ္နဲ႔ ၾကည့္တတ္လာပါတယ္။ တစ္ေန႔ထက္ တစ္ေန႔ ပိုေပ်ာ္ရႊင္ၿပီး တျခားသူေတြအေပၚမွာလည္း ေကာင္းေကာင္းမြန္မြန္ဆက္ဆံလာလိမ့္မယ္။

၂။ တစ္ေယာက္တည္းရွိေနခ်ိန္မွာ ျပံဳးမိတယ္
ကိုယ့္ရဲ႕ soulmate နဲ႔ေတြ႕တဲ့အခါ ေပ်ာ္ရႊင္တဲ့စိတ္ခံစားမႈက အျမဲလိုလို ျဖစ္ေပၚေနလို႔ပါ။ သူနဲ႔အတူ ရွိမေနရင္ေတာင္ သူ႔အေၾကာင္းေတြးမိတုိင္း၊ သူ႔ဆီက ဖုန္းလာတုိင္း ျပံဳးမိေနတတ္တယ္။

၃။ ျပႆနာေျဖရွင္းရာမွာ အရင္ထက္ ပိုေတာ္လာလိမ့္မယ္
ကိုယ့္ရဲ႕ဘဝကို ျပည့္စံုေစသူနဲ႔ ေတြ႕လာတဲ့အခါ သင့္ကိုယ္သင္ ပိုၿပီး ယံုၾကည္မႈရွိလာသလို ပိုၿပီး စိတ္ဓာတ္ခုိင္မာလာပါလိမ့္မယ္။ ဒီစြမ္းအားေတြက သင့္ကို ျပႆနာေျဖရွင္းရာမွာ ပိုမိုအစြမ္းထြက္ေစပါတယ္။

၄။ အရင္က မလုပ္ဖူးတာေတြ လုပ္မိတတ္တယ္
သင့္ရဲ႕ဘဝလက္တြဲေဖာ္ အစစ္အမွန္နဲ႔ေတြ႕တဲ့အခါ သင့္ရဲ႕ဘဝက ပံုစံမ်ဳိးစံုနဲ႔ ေျပာင္းလဲလာပါတယ္။ သင့္ soulmate ရဲ႕ ဝါသနာေတြနဲ႔ စိတ္ဝင္စားမႈေတြကို သိခ်င္တဲ့အတြက္ တစ္ခါမွ မစဥ္းစားဖူးတဲ့အရာသစ္ေတြကို ႀကိဳးစားၾကည့္လုိစိတ္ ျဖစ္လာမယ္။ သူနဲ႔အတူ ေယာဂသင္တန္းတက္ခ်င္တက္မယ္၊ ေဘာလံုးပြဲအတူထုိင္ၾကည့္ရင္ ၾကည့္မယ္။ အဲဒါေတြကို တစ္ခါမွ မလုပ္ခ်င္ခဲ့ေပမဲ့ ခ်စ္သူနဲ႔အတူ လုပ္ရတဲ့အတြက္ သင္ေပ်ာ္တယ္ေလ။

၅။ သင္ခ်စ္တဲ့သူေတြနဲ႔ ဆက္ဆံေရးက ပိုေကာင္းမြန္လာတယ္
သင့္ရဲ႕ခ်စ္သူနဲ႔ ဆက္ဆံေရးကို သင္အရမ္းတန္ဖိုးထားတယ္။ အဲဒါေၾကာင့္ သင္ဟာ တတ္ႏုိင္သေလာက္ အေကာင္းဆံုးေနျဖစ္တယ္။ သူ႔ေၾကာင့္ပဲ သင့္ဘဝထဲက တျခားသူေတြကိုလည္း သင္ပိုၿပီး တန္ဖိုးထားတတ္လာတယ္။

၆။ သူ႔အတြက္ သင့္ရဲ႕ ေနထိုင္မႈပံုစံကို ေျပာင္းလဲပစ္တယ္
သင့္ခ်စ္သူကို အရမ္းခ်စ္တဲ့အတြက္ သင္ခ်စ္တဲ့အေၾကာင္း သူသိေစဖုိ႔ ႀကိဳးစားမိတယ္။ သူအႀကိဳက္ဆံုး စားစရာ၊ ေသာက္စရာေတြ ဝယ္ေပးတယ္။ သူ႔အတြက္ ခ်က္ျပဳတ္ေပးတယ္။

Credit: duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဒီနေ့ခေတ်ကြီးမှာ အဆင်မပြေတဲ့ အချစ်ရေးတွေများလှပြီး ရည်းစားနဲ့ ကွဲကွာရခြင်းတွေဟာ လူတိုင်း ကြုံတွေ့နေရတဲ့အရာပါ။ အဲဒီအချိန်မှာ မျှော်လင့်မိတာက ကိုယ့်ရဲ့လက်တွဲဖော်အစစ်အမှန်တွေ့ရင် ဘယ်လိုများ သိနိုင်မလဲဆိုတာပါပဲ။ တကယ်လို့ သင့်ရဲ့လက်ရှိချစ်သူက ဒီလိုခံစားချက်မျိုးတွေ သင့်ကို ပေးနိုင်တယ်ဆိုရင် သူဟာ သင့်ရဲ့ ဘဝလက်တွဲဖော် (Soulmate) ဖြစ်တာ သေချာပါပြီ။

၁။ လောကကြီးအပေါ် အမြင်တွေ ပြောင်းလဲသွားတယ်။
ကိုယ့်ရဲ့ဘဝလက်တွဲဖော်အစစ်နဲ့ တွေ့တဲအခါမှာ လောကကြီးကို အကောင်းမြင်စိတ်နဲ့ ကြည့်တတ်လာပါတယ်။ တစ်နေ့ထက် တစ်နေ့ ပိုပျော်ရွှင်ပြီး တခြားသူတွေအပေါ်မှာလည်း ကောင်းကောင်းမွန်မွန်ဆက်ဆံလာလိမ့်မယ်။

၂။ တစ်ယောက်တည်းရှိနေချိန်မှာ ပြုံးမိတယ်
ကိုယ့်ရဲ့ soulmate နဲ့တွေ့တဲ့အခါ ပျော်ရွှင်တဲ့စိတ်ခံစားမှုက အမြဲလိုလို ဖြစ်ပေါ်နေလို့ပါ။ သူနဲ့အတူ ရှိမနေရင်တောင် သူ့အကြောင်းတွေးမိတိုင်း၊ သူ့ဆီက ဖုန်းလာတိုင်း ပြုံးမိနေတတ်တယ်။

၃။ ပြဿနာဖြေရှင်းရာမှာ အရင်ထက် ပိုတော်လာလိမ့်မယ်
ကိုယ့်ရဲ့ဘဝကို ပြည့်စုံစေသူနဲ့ တွေ့လာတဲ့အခါ သင့်ကိုယ်သင် ပိုပြီး ယုံကြည်မှုရှိလာသလို ပိုပြီး စိတ်ဓာတ်ခိုင်မာလာပါလိမ့်မယ်။ ဒီစွမ်းအားတွေက သင့်ကို ပြဿနာဖြေရှင်းရာမှာ ပိုမိုအစွမ်းထွက်စေပါတယ်။

၄။ အရင်က မလုပ်ဖူးတာတွေ လုပ်မိတတ်တယ်
သင့်ရဲ့ဘဝလက်တွဲဖော် အစစ်အမှန်နဲ့တွေ့တဲ့အခါ သင့်ရဲ့ဘဝက ပုံစံမျိုးစုံနဲ့ ပြောင်းလဲလာပါတယ်။ သင့် soulmate ရဲ့ ဝါသနာတွေနဲ့ စိတ်ဝင်စားမှုတွေကို သိချင်တဲ့အတွက် တစ်ခါမှ မစဉ်းစားဖူးတဲ့အရာသစ်တွေကို ကြိုးစားကြည့်လိုစိတ် ဖြစ်လာမယ်။ သူနဲ့အတူ ယောဂသင်တန်းတက်ချင်တက်မယ်၊ ဘောလုံးပွဲအတူထိုင်ကြည့်ရင် ကြည့်မယ်။ အဲဒါတွေကို တစ်ခါမှ မလုပ်ချင်ခဲ့ပေမဲ့ ချစ်သူနဲ့အတူ လုပ်ရတဲ့အတွက် သင်ပျော်တယ်လေ။

၅။ သင်ချစ်တဲ့သူတွေနဲ့ ဆက်ဆံရေးက ပိုကောင်းမွန်လာတယ်
သင့်ရဲ့ချစ်သူနဲ့ ဆက်ဆံရေးကို သင်အရမ်းတန်ဖိုးထားတယ်။ အဲဒါကြောင့် သင်ဟာ တတ်နိုင်သလောက် အကောင်းဆုံးနေဖြစ်တယ်။ သူ့ကြောင့်ပဲ သင့်ဘဝထဲက တခြားသူတွေကိုလည်း သင်ပိုပြီး တန်ဖိုးထားတတ်လာတယ်။

၆။ သူ့အတွက် သင့်ရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲပစ်တယ်
သင့်ချစ်သူကို အရမ်းချစ်တဲ့အတွက် သင်ချစ်တဲ့အကြောင်း သူသိစေဖို့ ကြိုးစားမိတယ်။ သူအကြိုက်ဆုံး စားစရာ၊ သောက်စရာတွေ ဝယ်ပေးတယ်။ သူ့အတွက် ချက်ပြုတ်ပေးတယ်။

Credit: duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top