iMyanmarHouse.com - Best Property Website for Myanmar
×

ေလပူတိုက္ခတ္မႈဒဏ္၊ ေလေအးတိုက္ခတ္မႈဒဏ္မ်ား၊ အျပင္မွ ေလတိုက္မႈဒဏ္မ်ားေၾကာင့္ ဆံသားေတြဟာ ကၽြတ္ဆက္လာျပီးေတာ့ ေကာက္ေကြးတဲ့ ဆံသားေတြအျဖစ္ကိုေျပာင္းလဲလာပါလိမ့္မယ္။ သို႔ေပမယ့္ အသားအေရလိုပဲ ဆံသားေတြလဲ က်န္းမာသန္စြမ္းၿပီး ႏူးညံ့ေတာက္ပလာေစဖို႔ အစို ဓာတ္လိုအပ္တယ္ေနာ္။ ကံေကာင္းစြာ ဆံသားေတြအတြက္ အစိုဓာတ္ကို ထိန္သိမ္းျခင္းဟာ အရမ္းခက္ခဲတဲ့ အရာေတာ့မဟုတ္ပါဘူး။

ဆံသားေတြအတြက္ အစိုဓာတ္ျဖည့္တင္းေပးႏိုင္တဲ့ ထုတ္ကုန္မ်ားစြာရ႐ွိႏိုင္ေသာ္လည္း အဲ့တာေတြအားလံုးသည္ လံုျခံဳ မႈႏွင့္ အက်ိဳးသက္ေရာက္မႈမ်ားကိုေတာ့ အျပည့္အ၀မေပးစြမ္းႏိုင္ပါဘူး။ အမွန္တကယ္ေတာ့ ပါ၀င္ပစၥည္းမ်ားျဖစ္ၾကတဲ့ parabens, retinal palmitate, retinol, oxybenzone ႏွင့္ ေခါင္းေလွ်ာ္ရည္ေတြနဲ႔ ဆံပင္ေပ်ာ့ေဆးေတြမွာ အေတြ႕ မ်ားတဲ့ အေမႊးအႀကိဳင္ေတြဟာ ဆံသားေတြကို ထိခုိက္ေစႏိုင္သလို မ်ိဳးပြားေသာစနစ္ကိုလည္း ထိခိုက္ႏိုင္တယ္ေနာ္။ အဲဒါေၾကာင့္ ဆံသားေတြကို အစိုဓာတ္ကိုဘယ္လိုထိန္းသိမ္းမလဲ။ ဒီနည္းလမ္းေလး(၄)ခုကိုစမ္းၾကည့္လိုက္ပါ။ က်န္းမာလွပေနတဲ့ ဆံေကသာေတြအတြက္ ေက်းဇူးတင္မိေနမွာပါေနာ္။

၀၁. ေခါင္းအလြန္အမင္းေလွ်ာ္ျခင္းကို ေ႐ွာင္ပါ။

ဆံသားေတြကို အစိုဓာတ္ထိန္းသိမ္းေပးႏိုင္ဖို႔ အလြယ္ကူဆံုးနည္းလမ္းကေတာ့ ေခါင္းကိုမၾကာခဏ မေလွ်ာ္ဖို႔ပါပဲ။ ဆံသားေလးေတြကို ေန႔စဥ္ ေလွ်ာ္ဖို႔မလိုအပ္သလို အထူးသျဖင့္ ဒီလိုအခ်ိန္မ်ိဳးမွာ ပိုသတိထား သင့္တယ္ေနာ္။ ဒါေၾကာင့္ အဲဒီ့လိုေလွ်ာ္ တာကို ရပ္ဖို႔အခ်ိန္ေရာက္ပါၿပီ။ ကိုယ့္အထင္ကေတာ့ အဲဒီလို ေခါင္းကို ေခါင္းေလွ်ာ္ရည္ေတြနဲ႔ ေန႔စဥ္ ေလွ်ာ္တာဟာ ဆံသားကို ပိုမိုသန္႔႐ွင္းေစတယ္လို႔ ထင္ေကာင္းထင္ႏိုင္တယ္ေနာ္။ သို႔ေပမယ့္ အဲဒီ လိုျပဳလုပ္ေနျခင္းဟာ ဦးေခါင္းအေရျပား ကို ေျခာက္ေသြ႔ေစႏိုင္တယ္ေနာ္။ ေန႔စဥ္ေခါင္းေလွ်ာ္ျခင္းကို အက်င့္ျဖစ္ေနၿပီဆိုလွ်င္ေတာ့ မလုပ္ဖို႔ေတာ့ တိုက္တြန္းပရေစ။

၀၂. ဆံေကသာေတြအတြက္ ထုတ္ကုန္မ်ားကို ေ႐ြးခ်ယ္တတ္ပါေစ။

ေခါင္းေလွ်ာ္တဲ့အခါမွာ ေလွ်ာ္ရမယ့္ေခါင္းေလွ်ာ္ရည္ကို ေသခ်ာဂ႐ုစိုက္ေ႐ြးခ်ယ္ပါ။ ဆပ္ျပာမ်ား၊ေခါင္းေလွ်ာ္ ရည္မ်ားႏွင့္သြားတိုက္ေဆးမ်ား အစ႐ွိတဲ့အထဲမွာ ပါ၀င္တဲ့ပစၥည္းတစ္မ်ိဳးျဖစ္တဲ့ Sodium Laurel Sulfate (သို႔မ ဟုတ္) Sodium Laureth Sulfate မပါ၀င္တဲ့ ထုတ္ကုန္မ်ားကို႐ွာပါ။ သဘာ၀မွ ထုတ္လုပ္ထားေသာပစၥည္းမ်ားကို ေ႐ြးသံုးမယ္ဆိုရင္ေတာ့ ဆံေကသာအတြက္ တခ်ိန္က စိတ္ပူခဲ့ရတာေတြ ေလွ်ာ့နည္းေစၿပီး အားျပည့္ေစမွာပါ။ ေခါင္းေလွ်ာ္ၿပီးရင္ေတာ့ အစိုဓာတ္ပိုမိုရ႐ွိႏိုင္ဖို႔အတြက္ ဆံပင္ေပ်ာ့ေဆးနဲ႔ ထပ္မံျဖည့္တင္းေပးပါ။ ဆံပင္ ေကာက္ျခင္းကို ဖယ္႐ွားဖို႔အတြက္ leave-in conditioner ကိုေ႐ြးခ်ယ္သင့္ပါတယ္ေနာ္။ ေခါင္းေလွ်ာ္ရည္ အသံုးမျပဳတဲ့ နည္း လမ္းကို အသံုးျပဳမယ္ဆိုရင္ ဦးေခါင္းအေရျပားထဲမွာ သဘာ၀အဆီဓာတ္ဟာ အစိုဓာတ္အျဖစ္ ေျပာင္းလဲေပးမွာျဖစ္တဲ့အတြက္ တျခားဆံပင္ေပ်ာ့ေဆးေတြ မလိုအပ္ေတာ့ပါဘူး။

၀၃. ဆံသားေတြကို အေျခာက္ခံပါ။

ဆံသားေတြေျခာက္ေသြ႕ေနရင္ေတာ့ တီ႐ွပ္အေဟာင္းတစ္ထည္နဲ႔ ဆံပင္ေတြကို ဖြဖြေလးသုတ္ေပးပါ။ ဆံ ပင္ေလးေတြကို အဲဒီလိုျပဳလုပ္ေပးၿပီးရင္ ျဖစ္ႏိုင္မယ္ဆိုရင္ေတာ့ ေလမႈတ္စက္နဲ႔ ဆံပင္ကိုအေျခာက္ခံေပးပါ။ အဲဒီလိုလုပ္မယ္ဆိုရင္ အခ်ိန္ပိုမိုေပးရေပမယ့္လဲ ျပင္းထန္တဲ့ ေလပူေတြႏွင့္ အေျခာက္ခံျခင္းကို ေ႐ွာင္ၾကဥ္ဖို႔ အေကာင္းဆံုးနည္းလမ္း အၾကံျပဳပရေစ။ အလားတူပဲ အပူေပးထားတဲ့ ဆံပင္အလွျပင္ပစၥည္းေတြ( ဥပမာ-ဆံပင္ေျဖာင့္၊ ဆံပင္ေကာက္တဲ့ သံေခ်ာင္းေတြ)ဟာ ဆံသားေတြကို အလိုအေလွ်ာက္ေျခာက္ေသြ႕ေစႏိုင္တာေၾကာင့္ အသံုးျပဳျခင္းကို တတ္ႏိုင္သေလာက္ ႀကိဳးစား ေ႐ွာင္ၾကဥ္ပါ။

၀၄. ဦးေခါင္းကို ေခါင္းလိမ္းဆီလိမ္းေပးပါ။

ေခါင္းေလွ်ာ္ျခင္းနဲ႔ ဆံသားေတြကို အေျခာက္ခံျခင္းအျပင္ ေခါင္းလိမ္းဆီမ်ားလိမ္းေပးျခင္းဟာလဲ ဆံေကသာေတြအတြက္ လိုအပ္တဲ့ အစိုဓာတ္ကို ရ႐ွိႏိုင္ပါတယ္ေနာ္။ ဆံသားအမ်ိဳးစားနဲ့ သင့္ေတာ္မယ့္ဆီမ်ိဳးကိုလိမ္းၾကည့္ပါ။ အဲဒီလိုလုပ္ျခင္းဟာ ဆံသားေတြကို ေခါင္းလိမ္းဆီအနည္းငယ္ (သို႔မဟုတ္) အုန္းဆီအနည္းငယ္ကို လက္ဖ၀ါး ထဲထည့္ျပီး ဆံသားအဖ်ားေလးေတြကို ပြတ္ လိမ္းေပးျခင္းဟာလဲ လြယ္ကူပါတယ္ေနာ္။ (သာမန္ထက္အစိုဓာတ္ကို ပိုမို လိုအပ္ေနရင္ေတာ့ ဦးေခါင္းကို ႏွိပ္နယ္ေပးျခင္းျပဳလုပ္ေပးပါ။) စာေရးသူအေတြ႕အႀကံဳအရ ေရခ်ိဳးၿပီးမွဆံသားေတြကို ဆီလိမ္းမည္ဆိုလွ်င္ ဆံသားေတြဟာ အရမ္းကိုေခ်ာ္ခၽြတ္ ခၽြတ္ျဖစ္ေနတတ္တယ္ေနာ္။ အဲ့တာေၾကာင့္ ေရမခ်ိဳးခင္ ဆီနဲ႔ ဆံသားေတြကို ႏွိပ္နယ္ေပးၿပီး ခဏတာ ဆီနဲ႔ ေပါင္းထားေပးၿပီးမွ ေခါင္းေလွ်ာ္သင့္တယ္ေနာ္။ ဆံသားေတြေကာက္ေနတာကို ေပ်ာက္ကင္းေစဖို႔ တျခားနည္းလမ္းကေတာ့ ေရခ်ိဳးၿပီးမွ အနည္း ငယ္ လိမ္းေပးႏိုင္ပါတယ္ေနာ္။

Credit:ChelmoTeam

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဒီကာလကို ရောက်လာတာနဲ့ ဆံပင်တွေလဲ အရင်ကထက်ပိုမိုခြောက်သွေ့လာနိုင်တယ်လေ။

လေပူတိုက်ခတ်မှုဒဏ်၊ လေအေးတိုက်ခတ်မှုဒဏ်များ၊ အပြင်မှ လေတိုက်မှုဒဏ်များကြောင့် ဆံသားတွေဟာ ကျွတ်ဆက်လာပြီးတော့ ကောက်ကွေးတဲ့ ဆံသားတွေအဖြစ်ကိုပြောင်းလဲလာပါလိမ့်မယ်။ သို့ပေမယ့် အသားအရေလိုပဲ ဆံသားတွေလဲ ကျန်းမာသန်စွမ်းပြီး နူးညံ့တောက်ပလာစေဖို့ အစို ဓာတ်လိုအပ်တယ်နော်။ ကံကောင်းစွာ ဆံသားတွေအတွက် အစိုဓာတ်ကို ထိန်သိမ်းခြင်းဟာ အရမ်းခက်ခဲတဲ့ အရာတော့မဟုတ်ပါဘူး။

ဆံသားတွေအတွက် အစိုဓာတ်ဖြည့်တင်းပေးနိုင်တဲ့ ထုတ်ကုန်များစွာရရှိနိုင်သော်လည်း အဲ့တာတွေအားလုံးသည် လုံခြုံ မှုနှင့် အကျိုးသက်ရောက်မှုများကိုတော့ အပြည့်အဝမပေးစွမ်းနိုင်ပါဘူး။ အမှန်တကယ်တော့ ပါဝင်ပစ္စည်းများဖြစ်ကြတဲ့ parabens, retinal palmitate, retinol, oxybenzone နှင့် ခေါင်းလျှော်ရည်တွေနဲ့ ဆံပင်ပျော့ဆေးတွေမှာ အတွေ့ များတဲ့ အမွှေးအကြိုင်တွေဟာ ဆံသားတွေကို ထိခိုက်စေနိုင်သလို မျိုးပွားသောစနစ်ကိုလည်း ထိခိုက်နိုင်တယ်နော်။ အဲဒါကြောင့် ဆံသားတွေကို အစိုဓာတ်ကိုဘယ်လိုထိန်းသိမ်းမလဲ။ ဒီနည်းလမ်းလေး(၄)ခုကိုစမ်းကြည့်လိုက်ပါ။ ကျန်းမာလှပနေတဲ့ ဆံကေသာတွေအတွက် ကျေးဇူးတင်မိနေမှာပါနော်။

၀၁. ခေါင်းအလွန်အမင်းလျှော်ခြင်းကို ရှောင်ပါ။

ဆံသားတွေကို အစိုဓာတ်ထိန်းသိမ်းပေးနိုင်ဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ ခေါင်းကိုမကြာခဏ မလျှော်ဖို့ပါပဲ။ ဆံသားလေးတွေကို နေ့စဉ် လျှော်ဖို့မလိုအပ်သလို အထူးသဖြင့် ဒီလိုအချိန်မျိုးမှာ ပိုသတိထား သင့်တယ်နော်။ ဒါကြောင့် အဲဒီ့လိုလျှော် တာကို ရပ်ဖို့အချိန်ရောက်ပါပြီ။ ကိုယ့်အထင်ကတော့ အဲဒီလို ခေါင်းကို ခေါင်းလျှော်ရည်တွေနဲ့ နေ့စဉ် လျှော်တာဟာ ဆံသားကို ပိုမိုသန့်ရှင်းစေတယ်လို့ ထင်ကောင်းထင်နိုင်တယ်နော်။ သို့ပေမယ့် အဲဒီ လိုပြုလုပ်နေခြင်းဟာ ဦးခေါင်းအရေပြား ကို ခြောက်သွေ့စေနိုင်တယ်နော်။ နေ့စဉ်ခေါင်းလျှော်ခြင်းကို အကျင့်ဖြစ်နေပြီဆိုလျှင်တော့ မလုပ်ဖို့တော့ တိုက်တွန်းပရစေ။

၀၂. ဆံကေသာတွေအတွက် ထုတ်ကုန်များကို ရွေးချယ်တတ်ပါစေ။

ခေါင်းလျှော်တဲ့အခါမှာ လျှော်ရမယ့်ခေါင်းလျှော်ရည်ကို သေချာဂရုစိုက်ရွေးချယ်ပါ။ ဆပ်ပြာများ၊ခေါင်းလျှော် ရည်များနှင့်သွားတိုက်ဆေးများ အစရှိတဲ့အထဲမှာ ပါဝင်တဲ့ပစ္စည်းတစ်မျိုးဖြစ်တဲ့ Sodium Laurel Sulfate (သို့မ ဟုတ်) Sodium Laureth Sulfate မပါဝင်တဲ့ ထုတ်ကုန်များကိုရှာပါ။ သဘာဝမှ ထုတ်လုပ်ထားသောပစ္စည်းများကို ရွေးသုံးမယ်ဆိုရင်တော့ ဆံကေသာအတွက် တချိန်က စိတ်ပူခဲ့ရတာတွေ လျှော့နည်းစေပြီး အားပြည့်စေမှာပါ။ ခေါင်းလျှော်ပြီးရင်တော့ အစိုဓာတ်ပိုမိုရရှိနိုင်ဖို့အတွက် ဆံပင်ပျော့ဆေးနဲ့ ထပ်မံဖြည့်တင်းပေးပါ။ ဆံပင် ကောက်ခြင်းကို ဖယ်ရှားဖို့အတွက် leave-in conditioner ကိုရွေးချယ်သင့်ပါတယ်နော်။ ခေါင်းလျှော်ရည် အသုံးမပြုတဲ့ နည်း လမ်းကို အသုံးပြုမယ်ဆိုရင် ဦးခေါင်းအရေပြားထဲမှာ သဘာဝအဆီဓာတ်ဟာ အစိုဓာတ်အဖြစ် ပြောင်းလဲပေးမှာဖြစ်တဲ့အတွက် တခြားဆံပင်ပျော့ဆေးတွေ မလိုအပ်တော့ပါဘူး။

၀၃. ဆံသားတွေကို အခြောက်ခံပါ။

ဆံသားတွေခြောက်သွေ့နေရင်တော့ တီရှပ်အဟောင်းတစ်ထည်နဲ့ ဆံပင်တွေကို ဖွဖွလေးသုတ်ပေးပါ။ ဆံ ပင်လေးတွေကို အဲဒီလိုပြုလုပ်ပေးပြီးရင် ဖြစ်နိုင်မယ်ဆိုရင်တော့ လေမှုတ်စက်နဲ့ ဆံပင်ကိုအခြောက်ခံပေးပါ။ အဲဒီလိုလုပ်မယ်ဆိုရင် အချိန်ပိုမိုပေးရပေမယ့်လဲ ပြင်းထန်တဲ့ လေပူတွေနှင့် အခြောက်ခံခြင်းကို ရှောင်ကြဉ်ဖို့ အကောင်းဆုံးနည်းလမ်း အကြံပြုပရစေ။ အလားတူပဲ အပူပေးထားတဲ့ ဆံပင်အလှပြင်ပစ္စည်းတွေ( ဥပမာ-ဆံပင်ဖြောင့်၊ ဆံပင်ကောက်တဲ့ သံချောင်းတွေ)ဟာ ဆံသားတွေကို အလိုအလျှောက်ခြောက်သွေ့စေနိုင်တာကြောင့် အသုံးပြုခြင်းကို တတ်နိုင်သလောက် ကြိုးစား ရှောင်ကြဉ်ပါ။

၀၄. ဦးခေါင်းကို ခေါင်းလိမ်းဆီလိမ်းပေးပါ။

ခေါင်းလျှော်ခြင်းနဲ့ ဆံသားတွေကို အခြောက်ခံခြင်းအပြင် ခေါင်းလိမ်းဆီများလိမ်းပေးခြင်းဟာလဲ ဆံကေသာတွေအတွက် လိုအပ်တဲ့ အစိုဓာတ်ကို ရရှိနိုင်ပါတယ်နော်။ ဆံသားအမျိုးစားနဲ့ သင့်တော်မယ့်ဆီမျိုးကိုလိမ်းကြည့်ပါ။ အဲဒီလိုလုပ်ခြင်းဟာ ဆံသားတွေကို ခေါင်းလိမ်းဆီအနည်းငယ် (သို့မဟုတ်) အုန်းဆီအနည်းငယ်ကို လက်ဖဝါး ထဲထည့်ပြီး ဆံသားအဖျားလေးတွေကို ပွတ် လိမ်းပေးခြင်းဟာလဲ လွယ်ကူပါတယ်နော်။ (သာမန်ထက်အစိုဓာတ်ကို ပိုမို လိုအပ်နေရင်တော့ ဦးခေါင်းကို နှိပ်နယ်ပေးခြင်းပြုလုပ်ပေးပါ။) စာရေးသူအတွေ့အကြုံအရ ရေချိုးပြီးမှဆံသားတွေကို ဆီလိမ်းမည်ဆိုလျှင် ဆံသားတွေဟာ အရမ်းကိုချော်ချွတ် ချွတ်ဖြစ်နေတတ်တယ်နော်။ အဲ့တာကြောင့် ရေမချိုးခင် ဆီနဲ့ ဆံသားတွေကို နှိပ်နယ်ပေးပြီး ခဏတာ ဆီနဲ့ ပေါင်းထားပေးပြီးမှ ခေါင်းလျှော်သင့်တယ်နော်။ ဆံသားတွေကောက်နေတာကို ပျောက်ကင်းစေဖို့ တခြားနည်းလမ်းကတော့ ရေချိုးပြီးမှ အနည်း ငယ် လိမ်းပေးနိုင်ပါတယ်နော်။

Credit:ChelmoTeam

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top