တစ္ေန႔ကုန္သြားလာ လႈပ္ရွားေနတာေၾကာင့္ အေရျပားဟာ ခရမ္းလြန္ေရာင္ျခည္၊
ေလထုညစ္ညမ္းမႈ၊ ဖုန္မႈန္႔စတာေတြနဲ႔ထိေတြ႕ၿပီး အေရျပားပ်က္စီးတာေတြ၊
အေရးအေၾကာင္းေပၚတာေတြနဲ႔ ႀကံဳေတြ႕ရတတ္ပါတယ္။ ဒါေၾကာင့္မို႔
အေရျပားက်န္းမာေရးအတြက္ လုပ္သင့္တာေလးေတြကို အႀကံျပဳလုိက္ပါတယ္။
ဘယ္ေလာက္ပဲ
ပင္ပန္းၿပီး အိပ္ခ်င္ေနပါေစလိမ္းထားတဲ့ မိတ္ကပ္ေတြကိုေတာ့
မျဖစ္မေနဖ်က္ရမွာက အေရးႀကီးဆုံးအခ်က္ပါပဲ။ အိပ္ေနခ်ိန္မွာ
ေခြၽးေပါက္ေတြဖြင့္ၿပီး အေရျပားက သဘာ၀အတုိင္းျပဳျပင္ေပမယ့္ မိတ္ကပ္ေတြ၊
မ်က္ေတာင္ေကာ့ေဆးေတြ၊ ႏႈတ္ခမ္းနီေတြ ရွိေနမယ္ဆုိရင္ ေခြၽးေပါက္ေတြကို
ပိတ္ေနေစလို႔ပါ။
ေနာက္တစ္ခ်က္ကေတာ့ တိုနာသုံးေပးဖို႔ပါပဲ။
မ်က္ႏွာနဲ႔ လည္ပင္းတစ္၀ိုက္ကို ဂြမ္းဖတ္ေလးနဲ႔ တိုနာသုတ္ေပးျခင္းျဖင့္
အေရျပားေပၚက ပိုးမႊားေတြ သန္႔စင္သြားၿပီး သဘာ၀ေရဓာတ္ကို
ထိန္းသိမ္းေပးပါတယ္။
ေနာက္ၿပီး လက္ေခ်ာင္းေတြ၊ လက္သည္းေတြ
ႏူးညံ့ေခ်ာေမြ႕၊ က်န္းမာေစဖို႔အတြက္လည္း အိပ္ခါနီးလက္လိမ္း ခရင္မ္ေတြ
လိမ္းေပးသင့္သလို ေျခေခ်ာင္းေတြနဲ႔ ေျခသည္းေတြကိုလည္း
ေရနံဂ်ယ္လီဆီလိမ္းေပးရပါမယ္။ မ်က္ကြင္းညိဳတာေတြ၊ မ်က္လုံးတစ္၀ုိက္
အေရးအေၾကာင္းျဖစ္တာေတြ ကာကြယ္ႏုိင္ေအာင္လည္း မ်က္စိလိမ္းခရင္မ္ေလးေတာ့
လိမ္းေပးရပါမယ္။ အိပ္ခါနီးသြားတုိက္တာကလည္း မျဖစ္မေနလုပ္ရမယ့္
အခ်က္တစ္ခုပါ။
ဆံပင္ေတြ ပြၿပီးေၾကတာမ်ဳိး မျဖစ္ရေအာင္
ဆံပင္ခ်ည္ကြင္း ေလးနဲ႔ သပ္သပ္ရပ္ရပ္ျဖစ္ေအာင္စည္းၿပီး အိပ္သင့္ပါတယ္။
ေခါင္းအုံးဆုိရင္လည္း အေရျပားတုိ႔၊ ဆံပင္တို႔ေခ်ာေမြ႕ဖို႔အတြက္
အေထာက္အကူေပးတဲ့ ပိုးသားေခါင္းအုံးစြပ္တို႔၊ အိပ္ရာခင္းတုိ႔ကို
ေရြးခ်ယ္သင့္ပါတယ္။
Credit:7Day Daily
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
တစ်နေ့ကုန်သွားလာ လှုပ်ရှားနေတာကြောင့် အရေပြားဟာ ခရမ်းလွန်ရောင်ခြည်၊ လေထုညစ်ညမ်းမှု၊ ဖုန်မှုန့်စတာတွေနဲ့ထိတွေ့ပြီး အရေပြားပျက်စီးတာတွေ၊ အရေးအကြောင်းပေါ်တာတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့်မို့ အရေပြားကျန်းမာရေးအတွက် လုပ်သင့်တာလေးတွေကို အကြံပြုလိုက်ပါတယ်။
ဘယ်လောက်ပဲ ပင်ပန်းပြီး အိပ်ချင်နေပါစေလိမ်းထားတဲ့ မိတ်ကပ်တွေကိုတော့ မဖြစ်မနေဖျက်ရမှာက အရေးကြီးဆုံးအချက်ပါပဲ။ အိပ်နေချိန်မှာ ချွေးပေါက်တွေဖွင့်ပြီး အရေပြားက သဘာဝအတိုင်းပြုပြင်ပေမယ့် မိတ်ကပ်တွေ၊ မျက်တောင်ကော့ဆေးတွေ၊ နှုတ်ခမ်းနီတွေ ရှိနေမယ်ဆိုရင် ချွေးပေါက်တွေကို ပိတ်နေစေလို့ပါ။
နောက်တစ်ချက်ကတော့ တိုနာသုံးပေးဖို့ပါပဲ။ မျက်နှာနဲ့ လည်ပင်းတစ်ဝိုက်ကို ဂွမ်းဖတ်လေးနဲ့ တိုနာသုတ်ပေးခြင်းဖြင့် အရေပြားပေါ်က ပိုးမွှားတွေ သန့်စင်သွားပြီး သဘာဝရေဓာတ်ကို ထိန်းသိမ်းပေးပါတယ်။
နောက်ပြီး လက်ချောင်းတွေ၊ လက်သည်းတွေ နူးညံ့ချောမွေ့၊ ကျန်းမာစေဖို့အတွက်လည်း အိပ်ခါနီးလက်လိမ်း ခရင်မ်တွေ လိမ်းပေးသင့်သလို ခြေချောင်းတွေနဲ့ ခြေသည်းတွေကိုလည်း ရေနံဂျယ်လီဆီလိမ်းပေးရပါမယ်။ မျက်ကွင်းညိုတာတွေ၊ မျက်လုံးတစ်ဝိုက် အရေးအကြောင်းဖြစ်တာတွေ ကာကွယ်နိုင်အောင်လည်း မျက်စိလိမ်းခရင်မ်လေးတော့ လိမ်းပေးရပါမယ်။ အိပ်ခါနီးသွားတိုက်တာကလည်း မဖြစ်မနေလုပ်ရမယ့် အချက်တစ်ခုပါ။
ဆံပင်တွေ ပွပြီးကြေတာမျိုး မဖြစ်ရအောင် ဆံပင်ချည်ကွင်း လေးနဲ့ သပ်သပ်ရပ်ရပ်ဖြစ်အောင်စည်းပြီး အိပ်သင့်ပါတယ်။ ခေါင်းအုံးဆိုရင်လည်း အရေပြားတို့၊ ဆံပင်တို့ချောမွေ့ဖို့အတွက် အထောက်အကူပေးတဲ့ ပိုးသားခေါင်းအုံးစွပ်တို့၊ အိပ်ရာခင်းတို့ကို ရွေးချယ်သင့်ပါတယ်။
Credit:7Day Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ညတုိင္းလုပ္ေဆာင္သင့္တဲ့ အလွအပဆုိင္ရာ အမူအက်င့္မ်ား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။