iMyanmarHouse.com - Best Property Website for Myanmar
×

ကုိယ္ တစ္ခဏတာ အသုံးျပဳမယ့္ ပစၥည္းတစ္ခုကုိ ဝယ္တဲ့အခါမွာေတာင္ စစ္ေဆးျပီးမွ ဝယ္တတ္ရင္ ကုိ္ယ့္ဘဝတစ္ခုလုံး ပုံျပီး တစ္ဘဝလုံး လက္တြဲသြားရမယ့္သူ တစ္ေယာက္ကေတာ့ ကုိယ့္ဘဝရဲ႔ အယုံၾကည္ရဆုံးလူ တစ္ေယာက္ ျဖစ္သင့္တယ္လုိ႔ ထင္ပါတယ္။ ဒီလို ယုံၾကည္ႏုိင္ေလာက္တဲ့သူ တစ္ေယာက္ ျဖစ္မျဖစ္သိေစႏုိင္တဲ့အခ်က္ေတြရွိပါတယ္။

၁) သူကုိယ့္ကုိ တစ္ခါမွ မလိမ္ဖူးဘူး

 အနည္းဆုံးေတာ့ သူလိမ္တာကုိ တစ္ခါမွ ကိုယ္မမိဖူးဘူးဆုိတဲ့သူျဖစ္ရပါမယ္။ အခ်ိန္တုိင္း မလိမ္မညာဘဲ အမွန္တရားကုိ ေျပာဖုိ႔ဆုိတာ မလြယ္ကူဘူးဆိုေပမဲ့ ကုိ္ယ့္ကုိယ္ ထိခုိက္ေစေအာင္ေတာ့ ဘယ္ေတာ့မွ မလိမ္ညာဘူးတဲ့သူ ျဖစ္ရပါမယ္။

၂)ကုိယ္လုိအပ္တဲ့ အခ်ိ္န္ကိုယ့္ေဘးမွာ အျမဲ ေဖးမကူညီေပးဖုိ႔ ရွိေနတတ္တယ္

လူေတာ္ေတာ္မ်ားမ်ားက ကုိ္ယ္မလုပ္ေပးႏုိင္တဲ့ အရာေတြကို လြယ္လြယ္ ကတိေပးတတ္ေလ့ရွိတယ္။ ဒါေပမဲ့ အေရးၾကဳံရင္ ကုိယ့္္အတြက္ ျဖည့္ဆည္းေပးပါမယ္လုိ႔ ဆုိထားတဲ့သူက တကယ္လုိအပ္လာတဲ့အခ်ိန္မွာ ကိုယ့္္ကုိ စြန္႔ပစ္မသြားတဲ႔သူမ်ုိဳး ျဖစ္ဖို႔လုိပါတယ္။

၃)ကုိယ့္ကုိ္ယ္ေပ်ာ္ရႊင္ေအာင္ထားဖုိ႔ အတြက္ သူအဆင္မေျပလည္းရတယ္ဆုိတဲ့သူမ်ဳိး ျဖစ္ပါတယ္

ကုိယ္စိတ္မခ်မ္းသာတာ၊ အဆင္မေျပတာေတြကို ေပ်ာက္သြားေအာင္လုပ္ေပးႏုိင္မယ္ဆုိ ဘာပဲလုပ္ေပးရလုပ္ေပးရ လုပ္ေပးမယ့္သူ ျဖစ္ျပီး ေပးဆပ္တတ္တဲ့သူ တစ္ေယာက္ ျဖစ္ပါတယ္။

၄)ကုိ္ယ္ယုံၾကည္ထုိက္တဲ့သူမ်ဳိးျဖစ္တယ္

ကိုယ့္ရဲ႕ လွ်ုိဳ႕ဝွက္ခ်က္ေတြ၊ အားနည္းခ်က္ေတြကုိ သူ႔ေၾကာင့္ သူမ်ားေတြ သိသြားတာမ်ဳိး၊သူ႔ေၾကာင့္ ကုိယ္္အရွက္တကြဲ ျဖစ္ရတာမ်ဳိးေတြ ဘယ္ေတာ့မွ မၾကဳံဖူးဘူး။

၅)ကုိယ့္ကုိ အျမဲေကာင္းေကာင္းမြန္မြန္နဲ႔ အေလးထားဆက္ဆံတတ္တယ္။

ကုိယ့္အတြက္ မိတ္ေဆြတစ္ေယာက္ လုိအပ္ေနခ်ိန္မွာ မိတ္ေဆြတစ္ေယာက္လုိ အၾကံေပးတယ္။ ေႏြးေထြးမႈ လိုအပ္ေနခ်ိန္မွာ ေသြးသားရင္းခ်ာ တစ္ေယာက္လုိ ႏွစ္သိမ့္တယ္။ ေဝဖန္သင့္တဲ့ေနရာမွာ အၾကီးအကဲ တစ္ေယာက္လုိ ေထာက္ျပ ျပဳျပင္ေပးတတ္တယ္။ စိတ္ညစ္ေနတဲ့အခ်ိန္မွာ ေပ်ာ္စရာေတြ ဖန္တီးေပးတတ္တယ္။

Credit : trend myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကိုယ် တစ်ခဏတာ အသုံးပြုမယ့် ပစ္စည်းတစ်ခုကို ဝယ်တဲ့အခါမှာတောင် စစ်ဆေးပြီးမှ ဝယ်တတ်ရင် ကိုယ့်ဘဝတစ်ခုလုံး ပုံပြီး တစ်ဘဝလုံး လက်တွဲသွားရမယ့်သူ တစ်ယောက်ကတော့ ကိုယ့်ဘဝရဲ့ အယုံကြည်ရဆုံးလူ တစ်ယောက် ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ ဒီလို ယုံကြည်နိုင်လောက်တဲ့သူ တစ်ယောက် ဖြစ်မဖြစ်သိစေနိုင်တဲ့အချက်တွေရှိပါတယ်။

၁) သူကိုယ့်ကို တစ်ခါမှ မလိမ်ဖူးဘူး

 အနည်းဆုံးတော့ သူလိမ်တာကို တစ်ခါမှ ကိုယ်မမိဖူးဘူးဆိုတဲ့သူဖြစ်ရပါမယ်။ အချိန်တိုင်း မလိမ်မညာဘဲ အမှန်တရားကို ပြောဖို့ဆိုတာ မလွယ်ကူဘူးဆိုပေမဲ့ ကိုယ့်ကိုယ် ထိခိုက်စေအောင်တော့ ဘယ်တော့မှ မလိမ်ညာဘူးတဲ့သူ ဖြစ်ရပါမယ်။

၂)ကိုယ်လိုအပ်တဲ့ အချိန်ကိုယ့်ဘေးမှာ အမြဲ ဖေးမကူညီပေးဖို့ ရှိနေတတ်တယ်

လူတော်တော်များများက ကိုယ်မလုပ်ပေးနိုင်တဲ့ အရာတွေကို လွယ်လွယ် ကတိပေးတတ်လေ့ရှိတယ်။ ဒါပေမဲ့ အရေးကြုံရင် ကိုယ့််အတွက် ဖြည့်ဆည်းပေးပါမယ်လို့ ဆိုထားတဲ့သူက တကယ်လိုအပ်လာတဲ့အချိန်မှာ ကိုယ့််ကို စွန့်ပစ်မသွားတဲ့သူမျိုး ဖြစ်ဖို့လိုပါတယ်။

၃)ကိုယ့်ကိုယ်ပျော်ရွှင်အောင်ထားဖို့ အတွက် သူအဆင်မပြေလည်းရတယ်ဆိုတဲ့သူမျိုး ဖြစ်ပါတယ်

ကိုယ်စိတ်မချမ်းသာတာ၊ အဆင်မပြေတာတွေကို ပျောက်သွားအောင်လုပ်ပေးနိုင်မယ်ဆို ဘာပဲလုပ်ပေးရလုပ်ပေးရ လုပ်ပေးမယ့်သူ ဖြစ်ပြီး ပေးဆပ်တတ်တဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

၄)ကိုယ်ယုံကြည်ထိုက်တဲ့သူမျိုးဖြစ်တယ်

ကိုယ့်ရဲ့ လျှို့ဝှက်ချက်တွေ၊ အားနည်းချက်တွေကို သူ့ကြောင့် သူများတွေ သိသွားတာမျိုး၊သူ့ကြောင့် ကိုယ်အရှက်တကွဲ ဖြစ်ရတာမျိုးတွေ ဘယ်တော့မှ မကြုံဖူးဘူး။

၅)ကိုယ့်ကို အမြဲကောင်းကောင်းမွန်မွန်နဲ့ အလေးထားဆက်ဆံတတ်တယ်။

ကိုယ့်အတွက် မိတ်ဆွေတစ်ယောက် လိုအပ်နေချိန်မှာ မိတ်ဆွေတစ်ယောက်လို အကြံပေးတယ်။ နွေးထွေးမှု လိုအပ်နေချိန်မှာ သွေးသားရင်းချာ တစ်ယောက်လို နှစ်သိမ့်တယ်။ ဝေဖန်သင့်တဲ့နေရာမှာ အကြီးအကဲ တစ်ယောက်လို ထောက်ပြ ပြုပြင်ပေးတတ်တယ်။ စိတ်ညစ်နေတဲ့အချိန်မှာ ပျော်စရာတွေ ဖန်တီးပေးတတ်တယ်။

Credit : trend myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top