iMyanmarHouse.com - Best Property Website for Myanmar
×
#Unicode Version
တစ်ကိုယ်စာ ပြီးပြည့်စုံတဲ့ အလှတရားရဖို့အတွက် သင့်မျက်နှာ၊ ကိုယ်ခန္ဓာ၊ ဆံကေသာတွေအပြင် သင့်ရဲ့လက်ဖဝါး၊ ခြေဖဝါးလေး တွေကိုလည်း လှပနူးညံ့နေအောင် ပြင်ဆင်ထိန်းသိမ်းပေးဖို့လည်း လိုအပ်ပါတယ်။ အားလုံးကမျက်နှာနဲ့ ခန္ဓာကိုယ်တွေရဲ့ ထိန်းသိမ်း ပြုပြင်ခြင်းတွေပြုလုပ်တတ်ကြပေမယ့် လက်နဲ့ခြေထောက်တွေကို ပြုပြင်ဖို့ကျတော့ အနည်းငယ် စိတ်ပါဝင်စားမှု အားနည်းနေတတ် ကြပါတယ်။ လက်ချောင်းကလေးတွေ၊ လက်ဖဝါးလေးတွေက နူး ညံ့အိစက်ပြီး အသားအရေလေး ချောမွတ်နေမယ်ဆိုရင်တော့ သင့်ရဲ့ အထိအတွေ့နဲ့ လှုပ်ရှားမှုတိုင်းမှာ ချစ်စရာကောင်းနေမှာပါ။
ဒါ့ကြောင့်မို့လို့ လက်ဖဝါးကလေးတွေ ဘယ်လိုလှပအောင် ပြင်ဆင် ထိန်းသိမ်းပေးရမလဲဆိုတဲ့ နည်းလမ်းကလေးတွေ ဖော်ပြပေးလိုက် ပါတယ်။
၁။ လက်ဆေးကြောသန့်စင်မှုတွေ ပြုလုပ်ပြီးတိုင်း ရေဓာတ်ထိန်း သိမ်းဖို့ မမေ့ပါနဲ့။ ဆပ်ပြာနဲ့ ပူနွေးတဲ့ ရေတွေက လက်ဖဝါးနဲ့ လက်တွေကို ခြောက်သွေ့ပြီး ကြမ်းတမ်းစေပါတယ်။ ဒါ့ကြောင့်မို့လို့ ရေကိုင်ပြီး သန့်စင်ပြီးတဲ့ အချိန်တိုင်း လက်ကလေးတွေ စွတ်စိုနေ အောင် လိုရှင်း၊ ရေဓာတ်ထိန်းသိမ်းပေးတဲ့ ခရင်မ်လေးတွေ လိမ်း ပေးသင့်ပါတယ်။
၂။ လက်သည်းရှည်ထားခြင်း၊ လက်သည်းထားခြင်းတွေအတွက် ဂရုတစိုက် သန့်ရှင်းမှုပြုလုပ်ပါ။ ဖြစ်နိုင်ရင် လက်သည်းလေးတွေကို တပ်နိုင်သမျှ အတိုညှပ်ထားသင့်ပါတယ်။ လက်သည်းရှည်ထားလို့ လက်သည်းကြားထဲ ချေးနဲ့ အမှုန်တွေ အမြဲလိုဝင်နေတတ်လို့ လက် ညစ်ပတ်မှုနဲ့ မသန့်ရှင်းမှုတွေ ဖြစ်စေပါတယ်။ ဒီလိုအရာတွေက လက်ဖဝါးပြင်ကြမ်းတမ်းမှုနဲ့ မသန့်ရှင်းမှုကို ဖြစ်စေတာကြောင့် လက်သည်းလေးတွေကို ပုံမှန်ညှပ်ပြီး သန့်သန့်ရှင်းရှင်းထားသင့်ပါ တယ်။
၃။ လက်က အသားရေနဲ့ အရေပြားတွေကို ဖုံးကွယ်ထားတဲ့ ဝတ်စား ဆင်ယင်မှုမျိုး မလုပ်ပါနဲ့။ လက်ဖဝါးနဲ့ လက်တွေရဲ့ အရေပြား၊ အသားရေကို လှောင်အိုက်စေတဲ့ လက်ရှည်အဝတ်အစားတွေ မဝတ်ဆင်ပဲ သဘာဝအတိုင်း ပတ်ဝန်းကျင်လေနဲ့ ထိတွေ့ခွင့်ပြုပါ။ နေရောင်ခြည်၊ လေထုနဲ့ ထိတွေ့တဲ့အသားအရေက ပိုပြီးတော့ ကျန်းမာစေနိုင်ပါတယ်။
Credit: ဖိုးသူတော် (www.phothutaw.com)
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top