iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Trend Myanmar
Unicode Version
အစေ့၊ အရွက် နဲ့ အမျှင်တွေ အားလုံးပါတဲ့ ငှက်ပျောသီး အစိမ်းတွေမှာ ခုခံစွမ်းအားရှိတဲ့ ကစီဓာတ်ပါဝင်ပါတယ်။ ဒါဟာ ပျော်ဝင်နိုင်တဲ့ အဆီဓာတ်လျော့နည်းတဲ့ ကျွန်တော်တို့အတွက် အရေးပါတဲ့ အစားအစာ ဖွဲ့စည်းမှု စနစ်တစ်ခုဖြစ်ပါတယ်။ သူက ပျော်ဝင်နိုင်တဲ့ အဆီဓာတ်လျော့အမျှင်တွေကို အူသိမ်ထဲမှာ အစာချေဖျက်ပေးခြင်းတော့ မရှိဘူး။ ဒါပေမဲ့ ရေရှည်စွမ်းဆောင်နိုင်အားရှိတဲ့ အူမကြီးထဲက ဘက်ကတီရီးယားတွေ ကျက်စားရာနေရာ ခန္ဓာကိုယ်ထဲကို တဖြည်းဖြည်း တိုးဝင်သွားမှာဖြစ်ပါတယ်။
ခုခံနိုင်စွမ်းရည်ရှိတဲ့ ကစီဓာတ်ဆိုတာ ခန္ဓာကိုယ်အတွက် အကျိုးပြုစေတဲ့ သိကြားဓာတ်၊ ကစီဓာတ်တွေဖြစ်ပါတယ်။ တခြား ကာဗွန်ဟိုက်ဒရိုက် တွေကတော့ သွေးမှာ အချိုဓာတ်မဖြစ်စေပါဘူး။ ဒါကြောင့် ဆီးချိုရောဂါအတွက် အန္တရာယ်မဖြစ်စေဘဲ အစာစားပြီးချင်း အချိုဓာတ်ကြောင့်ဖြစ်တဲ့ ဝေဒနာတွေဖြစ်ပွားမှုမရှိတာပါ။/p>
နောက် hormone နှင့် glucagon ထုတ်လုပ်မှုဖြစ်စေတဲ့ အကျိုးရလဒ်လည်း ဖြစ်စေမှာပါ။ ခန္ဓာကိုယ်မှာ အဆီဓာတ် တက်လာမှုနှုန်းကိုလည်း မြင့်မားစေပါတယ်။
ဒါကြောင့်မို့ ခုခံနိုင်စွမ်းရှိတဲ့ကစီဓာတ်ဟာ ခန္ဓာကိုယ်အလေးချိန်နဲ့ သွေးချို ဖြစ်ပွားမှုနှုန်းကာကွယ်ဖို့သာမက အူဖွံ့ဖြိုးမှုဖြစ်စေဖို့လည်း ဘက်တီးရီးယားတွေကို ကျန်းမာသန်စွမ်းစေအောင် အကူအညီပေးပြီး အူလမ်း ကင်ဆာအန္တရာယ်ကို လျော့ကျစေတာကြောင့် မရှိမဖြစ် လိုအပ်ပါတယ်။
ငှက်ပျောသီးအစိမ်းတွေဟာ ခုခံနိုင်စွမ်းရှိ ကစီဓာတ်တွေပါတဲ့  ပင်မအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ မမှည့်တမှည့် ငှက်ပျောသီးတစ်လုံးမှာ ဆိုရင် ကစီဓာတ် ပါဝင်မှုနှုန်း ပိုများပါတယ်။
အနောက်တိုင်းဘက်မှာဆို ခုခံစွမ်းရည်ရှိ ကစီဓာတ်ပါတဲ့ အစားအစာကို ပျှမ်းမျှတစ်နေ့ (၃)ဂရမ် ကနေ (၇) ဂရမ်ထိ စားကြပါတယ်။ Commonwealth Scientific နှင့် Austrilia နိုင်ငံက တရားဝင်သိပ္ပံနည်းပညာအဖွဲ့ဖြစ်တဲ့ Industrial Research Organisation တို့လို ကျွမ်းကျင်တဲ့အဖွဲ့အစည်းတွေက တစ်နေ့ ကိုအနည်းဆုံး (၂၀) ဂရမ်ထိ စားသင့်ကြောင်းပြောဆိုခဲ့ပါတယ်။
Credit:Trend Myanmar
 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top