iMyanmarHouse.com - Best Property Website for Myanmar
×

မဂၤလာေဆာင္တယ္၊ လက္ထပ္တယ္ဆိုတာ လူတစ္ေယာက္အတြက္ တကယ့္ကို အေရးပါတဲ့ ကိစၥတစ္ရပ္ပါ။ ဒီေတာ့ ဘ၀တစ္ေလွ်ာက္လံုးအတြက္ မွန္ကန္တဲ့ လူတစ္ေယာက္ကို ေရြးခ်ယ္ၿပီး ေပ်ာ္ရႊင္စြာေနထုိင္ႏိုင္ဖုိ႔အတြက္ဆုိရင္ ကိုယ့္ ဘက္က စဥ္းစားရမယ့္ ကိစၥေတြ အမ်ားႀကီး ရွိေနၿပီေပါ့။ ဒါ့ေၾကာင့္ ကိုယ့္ရဲ႕ခ်စ္သူေကာင္မေလးကို ကိုယ့္ဘက္က လက္ထပ္ခြင့္ေတာင္းဖုိ႔ စဥ္းစားေနၿပီဆုိရင္ ဒီအခ်က္ေလးေတြ ထည့္သြင္းစဥ္းစားဖုိ႔ လိုပါၿပီ။

၁။သူဟာ ကိုယ့္ရဲ႕ ေနာက္ခံဘက္ဂေရာင္း၊ ေငြေၾကးေၾကာင့္ ခ်စ္တာဆိုရင္။

သင္ဟာ ေယာက်ၤားေလးမုိ႔လုိ႔ သူလိုခ်င္တဲ့အရာတုိင္း အၿမဲတမ္း ၀ယ္ေပးခဲ့ရတယ္။ ႏွစ္ေယာက္သြား အျပင္သြားတဲ့အခ်ိန္၊ ခ်ိန္းေတြ႕တဲ့အခ်ိန္တိုင္းလည္း သင္ပဲ ပိုက္ဆံအၿမဲရွင္းရတယ္။ ဒါေတြက ထားလိုက္ပါေတာ့၊ ခု အိမ္ေထာင္က်ၿပီးတဲ့အခါက်ျပန္ရင္လည္း ရသမွ်ေငြကို သူ႕ကိုပဲ အပ္ရမယ္၊ သူလည္း အဲ့ဒီအခ်ိန္အလုပ္ကထြက္ၿပီး အိမ္မွာပဲေနမယ္ စတာေတြကို ခုခ်ိန္ကတည္းက ႀကိဳေျပာေလ့ရွိတယ္။ အိမ္ေထာင္က်ၿပီးသြားရင္ တိုက္ခန္း၀ယ္တဲ့အခါ သူ႕နာမည္နဲ႕ ၀ယ္ေပးဖုိ႔ သင့္ကို တတြတ္တြတ္ေျပာေနမယ္ဆုိရင္ေတာ့ ဒီလုိခ်စ္သူမ်ိဳးဟာ ကိုယ့္ကိုဘာအတြက္ေၾကာင့္ ခ်စ္တာလဲ၊ ႀကိဳက္တာလဲဆိုတာ ထည့္စဥ္းစားဖို႔ လုိပါၿပီ။

၂။ေယာက်ၤားေလး သူငယ္ခ်င္းေတြနဲ႔ ညဘက္ထြက္တိုင္း ျပႆနာရွာတတ္တဲ့ လူမ်ိဳးဆိုရင္။

ကိုယ့္ခ်စ္သူကို သ၀န္တိုတာ ရႈပ္ရႈပ္ယွက္ယွက္ေတြလုပ္တာကို ဘယ္ေကာင္မေလးကမွ လက္ခံမွာ မဟုတ္ေပမယ့္ သူငယ္ခ်င္းေတြနဲ႔ အျပင္ထြက္တုိင္း ျပႆ နာရွာၿပီး ပြားတတ္တဲ့သူဆုိရင္လည္း ဒီလိုအေျခအေနမ်ိဳးက ၾကာရင္ ျပႆ နာအႀကီးႀကီး ျဖစ္လာႏိုင္ပါတယ္။ ႏွစ္ဦးသားဆက္ဆံေရးကလည္း ခိုင္ၿမဲမွာ မဟုတ္ပါဘူး။

၃။သူမဆီမွာ သူငယ္ခ်င္းဆိုလို႔ တစ္ေယာက္မွကို မရွိတ့ဲသူဆိုရင္။

ကိုယ့္ေကာင္မေလးမွာ သူငယ္ခ်င္းတစ္ေယာက္မွ မရွိဘူး။ အေပါင္းအသင္းလည္း မရွိဘူးဆုိရင္ ဒါဟာ ေတာ္ေတာ္ေလး ထူးဆန္းတဲ့ ကိစၥလို႔ မထင္ဘူးလား။ ဘယ္သူမဆို တိုင္ပင္ရာ တုိင္ပင္ဖက္ သူငယ္ခ်င္းတစ္ေယာက္ေလာက္ေတာ့ လူတိုင္း ရွိတတ္ၾကတာပါပဲ။ အဲ့ဒီလိုေတာင္ မရွိဘူးဆုိရင္ ကိုယ့္ခ်စ္သူဟာ သာမာန္မဟုတ္ဘူးဆုိတာ နားလည္ထားလိုက္ေတာ့ေပါ့။

၄။သူနဲ႔ကိုယ္နဲ႔ ခ်စ္သူျဖစ္တာ လပိုင္းေလာက္ပဲရွိေသးတာကို ေတြ႕တိုင္း ယူဖုိ႔ခ်ည္း ေျပာေနၿပီဆုိရင္။

သူ႔အေၾကာင္း၊ ကိုယ့္အေၾကာင္း သိပ္လည္း မသိေသးဘဲ၊ လပိုင္းေလာက္တြဲၿပီး ယူမယ္လို႔ ဆံုးျဖတ္တာမ်ိဳးလည္း မျဖစ္သင့္ပါဘူး။ တစ္ဦးနဲ႔တစ္ဦး ေသခ်ာေလ့လာၾကဖုိ႔ အခ်ိန္ယူကိုယူရမွာပါ။ ဒါမွသာ တစ္ေယာက္ရဲ႕မိသားစုက ဘယ္လိုရွိတယ္ဆုိတာ သိလာမယ္၊ သူဘာေတြမႀကိဳက္ဘူး၊ ဘယ္အရာေတြ လက္မခံႏိုင္ဘူး ဆိုတာေတြ ေသခ်ာသိလာမွာပါ။

၅။သင္ခ်ည္းပဲ တစ္ဖက္သတ္ခ်စ္ေနရတာမ်ိဳးဆိုရင္။

သူကအယူခ်ည္း၊ ကိုယ္ကအေပးခ်ည္း။ ဒါ့အျပင္ သင္ကခ်ည္း တစ္ဖက္သက္ခ်စ္ေနရၿပီး သူ႕ဘက္က ခ်စ္တယ္သာေျပာတယ္၊ ကုိယ့္ကိုအေရးမေပး၊ အဖက္လည္း သိပ္မလုပ္တဲ့ မိန္းမမ်ိဳးဆုိရင္လည္း ကိုယ့္ဘက္က အိမ္ ေထာင္ဖက္ အျဖစ္ေရြးခ်ယ္ေတာ့မယ္လို႔ ဆံုးျဖတ္တဲ့အခါ စဥ္းစားရမွာေတြ အမ်ားႀကီးေပါ့။


Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မင်္ဂလာဆောင်တယ်၊ လက်ထပ်တယ်ဆိုတာ လူတစ်ယောက်အတွက် တကယ့်ကို အရေးပါတဲ့ ကိစ္စတစ်ရပ်ပါ။ ဒီတော့ ဘဝတစ်လျှောက်လုံးအတွက် မှန်ကန်တဲ့ လူတစ်ယောက်ကို ရွေးချယ်ပြီး ပျော်ရွှင်စွာနေထိုင်နိုင်ဖို့အတွက်ဆိုရင် ကိုယ့် ဘက်က စဉ်းစားရမယ့် ကိစ္စတွေ အများကြီး ရှိနေပြီပေါ့။ ဒါ့ကြောင့် ကိုယ့်ရဲ့ချစ်သူကောင်မလေးကို ကိုယ့်ဘက်က လက်ထပ်ခွင့်တောင်းဖို့ စဉ်းစားနေပြီဆိုရင် ဒီအချက်လေးတွေ ထည့်သွင်းစဉ်းစားဖို့ လိုပါပြီ။

၁။သူဟာ ကိုယ့်ရဲ့ နောက်ခံဘက်ဂရောင်း၊ ငွေကြေးကြောင့် ချစ်တာဆိုရင်။

သင်ဟာ ယောကျၤားလေးမို့လို့ သူလိုချင်တဲ့အရာတိုင်း အမြဲတမ်း ဝယ်ပေးခဲ့ရတယ်။ နှစ်ယောက်သွား အပြင်သွားတဲ့အချိန်၊ ချိန်းတွေ့တဲ့အချိန်တိုင်းလည်း သင်ပဲ ပိုက်ဆံအမြဲရှင်းရတယ်။ ဒါတွေက ထားလိုက်ပါတော့၊ ခု အိမ်ထောင်ကျပြီးတဲ့အခါကျပြန်ရင်လည်း ရသမျှငွေကို သူ့ကိုပဲ အပ်ရမယ်၊ သူလည်း အဲ့ဒီအချိန်အလုပ်ကထွက်ပြီး အိမ်မှာပဲနေမယ် စတာတွေကို ခုချိန်ကတည်းက ကြိုပြောလေ့ရှိတယ်။ အိမ်ထောင်ကျပြီးသွားရင် တိုက်ခန်းဝယ်တဲ့အခါ သူ့နာမည်နဲ့ ဝယ်ပေးဖို့ သင့်ကို တတွတ်တွတ်ပြောနေမယ်ဆိုရင်တော့ ဒီလိုချစ်သူမျိုးဟာ ကိုယ့်ကိုဘာအတွက်ကြောင့် ချစ်တာလဲ၊ ကြိုက်တာလဲဆိုတာ ထည့်စဉ်းစားဖို့ လိုပါပြီ။

၂။ယောကျၤားလေး သူငယ်ချင်းတွေနဲ့ ညဘက်ထွက်တိုင်း ပြဿနာရှာတတ်တဲ့ လူမျိုးဆိုရင်။

ကိုယ့်ချစ်သူကို သဝန်တိုတာ ရှုပ်ရှုပ်ယှက်ယှက်တွေလုပ်တာကို ဘယ်ကောင်မလေးကမှ လက်ခံမှာ မဟုတ်ပေမယ့် သူငယ်ချင်းတွေနဲ့ အပြင်ထွက်တိုင်း ပြဿ နာရှာပြီး ပွားတတ်တဲ့သူဆိုရင်လည်း ဒီလိုအခြေအနေမျိုးက ကြာရင် ပြဿ နာအကြီးကြီး ဖြစ်လာနိုင်ပါတယ်။ နှစ်ဦးသားဆက်ဆံရေးကလည်း ခိုင်မြဲမှာ မဟုတ်ပါဘူး။

၃။သူမဆီမှာ သူငယ်ချင်းဆိုလို့ တစ်ယောက်မှကို မရှိတဲ့သူဆိုရင်။

ကိုယ့်ကောင်မလေးမှာ သူငယ်ချင်းတစ်ယောက်မှ မရှိဘူး။ အပေါင်းအသင်းလည်း မရှိဘူးဆိုရင် ဒါဟာ တော်တော်လေး ထူးဆန်းတဲ့ ကိစ္စလို့ မထင်ဘူးလား။ ဘယ်သူမဆို တိုင်ပင်ရာ တိုင်ပင်ဖက် သူငယ်ချင်းတစ်ယောက်လောက်တော့ လူတိုင်း ရှိတတ်ကြတာပါပဲ။ အဲ့ဒီလိုတောင် မရှိဘူးဆိုရင် ကိုယ့်ချစ်သူဟာ သာမာန်မဟုတ်ဘူးဆိုတာ နားလည်ထားလိုက်တော့ပေါ့။

၄။သူနဲ့ကိုယ်နဲ့ ချစ်သူဖြစ်တာ လပိုင်းလောက်ပဲရှိသေးတာကို တွေ့တိုင်း ယူဖို့ချည်း ပြောနေပြီဆိုရင်။

သူ့အကြောင်း၊ ကိုယ့်အကြောင်း သိပ်လည်း မသိသေးဘဲ၊ လပိုင်းလောက်တွဲပြီး ယူမယ်လို့ ဆုံးဖြတ်တာမျိုးလည်း မဖြစ်သင့်ပါဘူး။ တစ်ဦးနဲ့တစ်ဦး သေချာလေ့လာကြဖို့ အချိန်ယူကိုယူရမှာပါ။ ဒါမှသာ တစ်ယောက်ရဲ့မိသားစုက ဘယ်လိုရှိတယ်ဆိုတာ သိလာမယ်၊ သူဘာတွေမကြိုက်ဘူး၊ ဘယ်အရာတွေ လက်မခံနိုင်ဘူး ဆိုတာတွေ သေချာသိလာမှာပါ။

၅။သင်ချည်းပဲ တစ်ဖက်သတ်ချစ်နေရတာမျိုးဆိုရင်။

သူကအယူချည်း၊ ကိုယ်ကအပေးချည်း။ ဒါ့အပြင် သင်ကချည်း တစ်ဖက်သက်ချစ်နေရပြီး သူ့ဘက်က ချစ်တယ်သာပြောတယ်၊ ကိုယ့်ကိုအရေးမပေး၊ အဖက်လည်း သိပ်မလုပ်တဲ့ မိန်းမမျိုးဆိုရင်လည်း ကိုယ့်ဘက်က အိမ် ထောင်ဖက် အဖြစ်ရွေးချယ်တော့မယ်လို့ ဆုံးဖြတ်တဲ့အခါ စဉ်းစားရမှာတွေ အများကြီးပေါ့။


Credit:Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top