iMyanmarHouse.com - Best Property Website for Myanmar
×

ေမး။။ ကြၽန္မတို႔မိသားစုက အသားမွာ၀က္ဆိုသလို ၀က္သားကို အႀကိဳက္ဆံုးပါ။ တခ်ဳိ႕က ၀က္သားစားတာမ်ားရင္ က်န္းမာေရးအတြက္ မသင့္ေတာ္ဘူးလို႔ ေျပာၾကပါတယ္။ ၀က္သားကိုက်န္းမာေရးနဲ႔ညီၫြတ္ေအာင္ ဘယ္လိုစားရမလဲ ဆရာမ။

ေၿဖ။ ၀က္သားက အဆီမ်ားတဲ့အတြက္ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစာထဲမွာေတာ့ မပါ၀င္ပါဘူး။ ဒါေပမဲ့ လူအေတာ္မ်ားမ်ား က ၀က္သားကို ႀကိဳက္ၾကတယ္၊ အဲဒီေတာ့ က်န္းမာေရးနဲ႔ညီၫြတ္ေအာင္ စားတတ္ဖို႔လိုပါတယ္။ ၀က္သား ၁၀၀ ဂရမ္မွာဆို ရင္ ၃၆၀ ကယ္လိုရီရ တယ္၊ အဲဒီအထဲမွာ ၀က္အဆီကရတဲ့ ကယ္လိုရီက ၁၀၀ ေလာက္ရွိတယ္၊ တခ်ဳိ႕က ၀က္သားကို အဆီအေခါက္မွႀကိဳက္ၾကတယ္ဆိုတာမ်ဳိးရွိၾကတယ္၊ တကယ္ေတာ့ အသားခ်ည္းပဲ ေတာက္ေတာက္စဥ္းၿပီး ေရေႏြးနဲ႔က်က္ေအာင္ျပဳတ္၊ ၿပီးမွ အရသာအရည္နဲ႔တို႔စားတာမ်ဳိး စားသင့္ပါတယ္။

၀က္သားကို အကင္လုပ္စားတာထက္ ၀က္သားကို ေပါင္းစားတာမ်ဳိးက ပိုၿပီးသင့္ေတာ္ပါတယ္။ ၀က္သားက အနီေရာင္အသားျဖစ္တဲ့အျပင္ အဆီပါ၀င္မႈ ကလည္းမ်ားတယ္။ အနီေရာင္ အသားမ်ားမ်ားစားရင္ ကင္ဆာျဖစ္ႏိုင္တယ္လို႔ သတ္မွတ္ထားတယ္။ ဒါေၾကာင့္ ေန႔တိုင္း ၀က္သားစားတာမ်ဳိးကေတာ့ မသင့္ေတာ္ပါဘူး။ ၀က္သားကို ႀကိဳက္လို႔စားခ်င္ရင္ေတာင္ တစ္ပတ္မွာ တစ္ခါေလာက္ပဲ ထည့္စားတာမ်ဳိး၊ အဲဒီလို စားတဲ့အခါမွာလည္း အဆီမစားဘဲ အသားခ်ည္းပဲ စားတာမ်ဳိးလုပ္သင့္တယ္။ ဒါဆိုရင္ မ၀ေအာင္ကာကြယ္သလို ေသြးတြင္းကိုလက္စထေရာ မတက္ေအာင္၊ ဆီးခ်ဳိေရာဂါရွိသူေတြမွာ ဆီးခ်ဳိမတက္ေအာင္ ကာကြယ္ႏိုင္ပါတယ္။

အခုေနာက္ပိုင္းမွာ အနီေရာင္အသားေတြကို တစ္လမွာ တစ္ခါ-ႏွစ္ခါစားရင္ လံုေလာက္ပါတယ္ဆိုတဲ့ သုေတသနေတြက ထြက္လာေနပါၿပီ။ ဒါေၾကာင့္ တစ္လလံုးမွာမွ တစ္ခါ-ႏွစ္ခါေလာက္ပဲ စားသင့္ပါတယ္။ ေနာက္တစ္ခုေျပာလိုတာက ၀က္သားမွာ ပိုးေတြပါသလို သန္ေကာင္ေတြလည္း အမ်ားႀကီး ပါ၀င္တာေၾကာင့္ ၀က္သားကို ခ်က္တဲ့အခါမွာ က်က္ေအာင္ ခ်က္ၿပီးစားရင္ ပိုေကာင္းပါတယ္။

ေဒါက္တာေဒၚ၀င္း၀င္းျမင့္(အာဟာရဆိုင္ရာ အထူးကုဆရာ၀န္ႀကီး)

Credit: healthylife


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


မေး။။ ကျွန်မတို့မိသားစုက အသားမှာဝက်ဆိုသလို ဝက်သားကို အကြိုက်ဆုံးပါ။ တချို့က ဝက်သားစားတာများရင် ကျန်းမာရေးအတွက် မသင့်တော်ဘူးလို့ ပြောကြပါတယ်။ ဝက်သားကိုကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုစားရမလဲ ဆရာမ။

ဖြေ။ ဝက်သားက အဆီများတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာထဲမှာတော့ မပါဝင်ပါဘူး။ ဒါပေမဲ့ လူအတော်များများ က ဝက်သားကို ကြိုက်ကြတယ်၊ အဲဒီတော့ ကျန်းမာရေးနဲ့ညီညွတ်အောင် စားတတ်ဖို့လိုပါတယ်။ ဝက်သား ၁၀၀ ဂရမ်မှာဆို ရင် ၃၆၀ ကယ်လိုရီရ တယ်၊ အဲဒီအထဲမှာ ဝက်အဆီကရတဲ့ ကယ်လိုရီက ၁၀၀ လောက်ရှိတယ်၊ တချို့က ဝက်သားကို အဆီအခေါက်မှကြိုက်ကြတယ်ဆိုတာမျိုးရှိကြတယ်၊ တကယ်တော့ အသားချည်းပဲ တောက်တောက်စဉ်းပြီး ရေနွေးနဲ့ကျက်အောင်ပြုတ်၊ ပြီးမှ အရသာအရည်နဲ့တို့စားတာမျိုး စားသင့်ပါတယ်။

ဝက်သားကို အကင်လုပ်စားတာထက် ဝက်သားကို ပေါင်းစားတာမျိုးက ပိုပြီးသင့်တော်ပါတယ်။ ဝက်သားက အနီရောင်အသားဖြစ်တဲ့အပြင် အဆီပါဝင်မှု ကလည်းများတယ်။ အနီရောင် အသားများများစားရင် ကင်ဆာဖြစ်နိုင်တယ်လို့ သတ်မှတ်ထားတယ်။ ဒါကြောင့် နေ့တိုင်း ဝက်သားစားတာမျိုးကတော့ မသင့်တော်ပါဘူး။ ဝက်သားကို ကြိုက်လို့စားချင်ရင်တောင် တစ်ပတ်မှာ တစ်ခါလောက်ပဲ ထည့်စားတာမျိုး၊ အဲဒီလို စားတဲ့အခါမှာလည်း အဆီမစားဘဲ အသားချည်းပဲ စားတာမျိုးလုပ်သင့်တယ်။ ဒါဆိုရင် မဝအောင်ကာကွယ်သလို သွေးတွင်းကိုလက်စထရော မတက်အောင်၊ ဆီးချိုရောဂါရှိသူတွေမှာ ဆီးချိုမတက်အောင် ကာကွယ်နိုင်ပါတယ်။

အခုနောက်ပိုင်းမှာ အနီရောင်အသားတွေကို တစ်လမှာ တစ်ခါ-နှစ်ခါစားရင် လုံလောက်ပါတယ်ဆိုတဲ့ သုတေသနတွေက ထွက်လာနေပါပြီ။ ဒါကြောင့် တစ်လလုံးမှာမှ တစ်ခါ-နှစ်ခါလောက်ပဲ စားသင့်ပါတယ်။ နောက်တစ်ခုပြောလိုတာက ဝက်သားမှာ ပိုးတွေပါသလို သန်ကောင်တွေလည်း အများကြီး ပါဝင်တာကြောင့် ဝက်သားကို ချက်တဲ့အခါမှာ ကျက်အောင် ချက်ပြီးစားရင် ပိုကောင်းပါတယ်။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

Credit: healthylife

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top