iMyanmarHouse.com - Best Property Website for Myanmar
×






- တကယ်လို့ သင်က အသက်(၁၀၀)ထိ အသက်ရှည်ခဲ့မယ်ဆိုရင် သင့်အမေက သင့်ကို အသက် ၀~၂၀ ထိ ပဲ သင့်ရဲ့ ဝတ်ဒုက္ခကို ခံခဲ့ရတယ်… ဒါကသင့်သက်တမ်းရဲ့ ၅ပုံ၁ပုံပဲရှိတယ်… တကယ်လို့ သင်က အသက်(၂၅)မှ အိမ်ထောင်ပြုခဲ့ရင် သေတဲ့အထိ သင့်ရဲ့ဝတ်တွေကို သင့်ဘဝရဲ့ ၅ပုံ၎ပုံအထိ လုပ်ကိုင်ပေးရတယ်…









#Unicode Version


သင်က သင့်အမေပေါ် ရိုသေတာ သားသမီးရဲ့တာဝန်ကြောင့် ဖြစ်သင့်တယ်…
ဒါပေမယ့် သင်က သင့်ဇနီးအပေါ်ပိုချစ်မြတ်နိုးပေးသင့်တယ်…

အိမ်  ထောင်ရေးမှာ အဆင်မပြေတာတွေ ကြုံတွေ့ရတဲ့သူတွေ သေချာဖတ်ပြီး စဉ်းစားပြီးမှ ဆုံးဖြတ်ကြနော်…

- သင့်ကို သင့်အမေက ရင်နဲ့လွယ်ပြီးမွေးခဲ့ရတာ သူကသင့်အပေါ်ကောင်းတာက ဖြစ်သင့်ဖြစ်ထိုက်လို့… ဒါပေမယ့်သင့်ဇနီးက သင့်ယောက္ခကမွေးပေးထားတာ…
သူသင့်အပေါ်ကောင်းတာက ဖြစ်သင့်ဖြစ်ထိုက်လို့ဆိုတာ မဟုတ်တော့ဘူး…

- သင့်ကိုသင့်အမေမွေးဖွားခဲ့တုန်းက သူ့အသက်နဲ့ရင်းပြီး မွေးဖွားပေးခဲ့ရတယ်… ဒါကသင့်အဖေကြောင့်ဖြစ်တာ သင့်အဖေက သူ့အပေါ်ကောင်းသင့်တယ်… သင့်ဇနီးက သင့်ကိုကလေးမွေးပေးရတာ ပင်ပန်းဆင်းရဲပြီး သေမလို ခံစားရတာက သင့်ကြောင့်ဖြစ်ရတာ… ဒါကြောင့် သင်ကသင့်ဇနီးအပေါ် ကောင်းတာကဖြစ်သင့်တယ်…

- သင်ဘာပဲ လုပ်လုပ် သင့်အမေက သင့်အမေပဲ… ဒါပေမယ့် သင်က သင့်ဇနီးအပေါ် မကောင်းခဲ့ဘူးဆိုရင် သူက သူများဇနီးဖြစ်သွားနိုင်တယ်…

- တကယ်လို့ သင်က အသက်(၁၀၀)ထိ အသက်ရှည်ခဲ့မယ်ဆိုရင် သင့်အမေက သင့်ကို အသက် ဝ~၂၀ ထိ ပဲ သင့်ရဲ့ ဝတ်ဒုက္ခကို ခံခဲ့ရတယ်… ဒါကသင့်သက်တမ်းရဲ့ ၅ပုံ၁ပုံပဲရှိတယ်… တကယ်လို့ သင်က အသက်(၂၅)မှ အိမ်ထောင်ပြုခဲ့ရင် သေတဲ့အထိ သင့်ရဲ့ဝတ်တွေကို သင့်ဘဝရဲ့ ၅ပုံ၄ပုံအထိ လုပ်ကိုင်ပေးရတယ်…

- သင့်အမေက သင့်ကိုတကယ်ချစ်ရင် သင့်ကို သာယာပျော်ရွှင်မှုတွေ ပေးသင့်တယ်… သင်က သင့်ရင်သွေးကို တကယ်ချစ်ရင် သူတို့အတွက် အကြီးမားဆုံးပေးဆပ်မှုက သူ့မိခင်ကို သစ္စာရှိရှိချစ်တာပဲ…

- ဇနီးက သင့်ရဲ့ကျန်တဲ့သက်တမ်းမှာ သင့်ကိုပြုစုရမယ့်သူ… သင့်အမေက သူ့ကိုကျေးဇူးတင်သင့်တယ်… သင့်အမေရဲ့ ကျန်နေတဲ့သက်တမ်းမှာ သူ့ကို သင်ရယ်သင့်ဇနီးက ပြုစုစောင့်ရှောက်ဖို့လိုအပ်တယ်… ဒါကြောင့် သင်ကသင့်ဇနီးကို ကျေးဇူးတင်သင့်တယ်…

- သင့်ဇနီးက သင့်ရဲ့စကားတစ်ခွန်းကြောင့် သူ့မိသားစုကို စွန့်ခွာပြီး သင့်မိသားစုထဲဝင်လာတာ… သင့်မိဘကို ကိုယ်မိဘလိုသဘောထားတယ်… သင့်မိဘက သူ့ကိုဒီအရွယ်ထိရောက်အောင် ကျွေးမွေးပြုစုခဲ့ဖူးလို့လား… စားဝတ်နေရေးအားလုံး သင့်မိဘတွေနဲ့ ဘာမှမသက်ဆိုင်ခဲ့ဘူးထင်တယ်... ဒါပေမယ့် သင့်အတွက်နဲ့ သင့်အိမ်မှာ ကျွန်လိုအလုပ်လုပ်ပေးခဲ့ရတယ်… သင် သင့်ဇနီးကို မချစ်ဘဲနေသင့်သလား???

- ဇနီးက ကိုယ့်အိမ်မှာဆို ကိုယ့်အဖေအမေရဲ့ အလိုလိုက်ခြင်းကိုခံရတယ်… သင့်အိမ်ရောက်ပြီးမှ သင့်မိဘတွေရဲ့ မျက်နှာကြည့်ပြီး နေရထိုင်ရတယ်…
သင် ဘာမှမဆိုင်သလိုနေသင့်သလား???

Credit:အလှအပခံစားတတ်သူများနှင့် မြန်မာ့အလှ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top