iMyanmarHouse.com - Best Property Website for Myanmar
×






Credit: 7 day daily


Unicode Version

အဆိုတော်မှမင်းသား ဖြစ်လာသူ ရိန်းသည် ၂၀၁၆ Busan One Asia Festival တွင် ဗီဒီယိုမှတစ်ဆင့် စကားပြောကြား ခဲ့သည်။

ဗီဒီယိုထဲတွင် တစ်ကမ္ဘာလုံး က သိသူအဖြစ် ၎င်း၏ အခန်းကဏ္ဍကို ရိန်းကပြောပြသည်။

‘‘စတိတ်ရှိုးတွေ ဖျော်ဖြေတဲ့ အခါ တစ်ခုခုပိုခံစားရတယ်။ ကျွန်တော် ဘယ်ကိုပဲသွားသွား တောင်ကိုရီးယားနိုင်ငံကို ကိုယ် စားပြုနေတယ်ခံစားရပြီး ကျွန် တော် ကြိုးစားပမ်းစား တင်ဆက် သင့်တယ်လို့ ထင်နေပါတယ်။ ဒါမျိုးကို တခြားနိုင်ငံခြားမှာ ပရို မိုးရှင်းလုပ်နေတဲ့ အနုပညာရှင် တွေလည်း စဉ်းစားသင့်တယ်လို့ ထင်ပါတယ်’’ဟု ရိန်းကဆိုသည်။

၂၀၀၄ ခုနှစ်က ကျင်းပခဲ့သော အာရှ ဖျော်ဖြေပွဲတွင် စိတ်ပူခဲ့ ကြောင်း ရိန်းကဝန်ခံခဲ့ပြီး ‘‘တိုကျို လိဂ်ခုံးရုံကြီးထဲမှာ ပထမဆုံး အကြိမ် တစ်ဦးချင်းအမျိုးသား အနုပညာရှင် ဖျော်ဖြေမှုကို ကျွန် တော် တင်ဆက်ခဲ့တာပါ။ မှား လိုက်၊ ပြင်လိုက်တွေ ရှိခဲ့ပေမယ့် လည်း အောင်မြင်ခဲ့ပါတယ်’’ဟု ရိန်းက ပြောသည်။

MTV Asia Grand Slam ကို  ပထမဆုံးရရှိခြင်းမှာ အမှတ်ရစရာဖြစ်သည်ဟု ၎င်းကပြော သည်။

Credit: 7 day daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top