iMyanmarHouse.com - Best Property Website for Myanmar
×

သြားက်ဥ္တယ္ဆိုတာ တိုေတာင္းစူးရွၿပီး ခံရခက္တဲ့ေ၀ဒနာတခုျဖစ္ပါတယ္။ ပူးလြန္း၊ ေအးလြန္းတဲ့အစားအစာ၊ အက္ဆစ္ဓာတ္လြန္ကဲ့တဲ့ အစားအစာေတြက သြားက်ဥ္ျခင္းကို ျဖစ္ေစပါတယ္။ သြားက်ဥ္ေဝဒနာကို ဘယ္လုိနည္းလမ္းေတြနဲ႔ သက္သာေလ်ာ့ပါးေအာင္ျပဳလုပ္လို႔ရပါသလဲ။

1. အက္ဆစ္ဓာတ္လြန္ကဲတဲ့ အစားအစာေတြကိုေရွာင္ရွားပါ

သြားက်ဥ္ေဝဒနာခံစားရတဲ့လူေတြဟာ အက္ဆစ္ဓာတ္ပါဝင္မႈနည္းတဲ့အစားအစာေတြကို ေရြးခ်ယ္သင့္ပါတယ္။ အစားအစာေတြမွာပါဝင္တဲ့ အက္ဆစ္ဓာတ္က အေပၚယံေႂကြလႊာကို တိုက္စားပစ္လိုက္တာေၾကာင့္ သြားက်ဥ္တဲ့ေ၀ဒနာကို ပိုမိုခံစားရႏုိင္ပါတယ္။ ဒါေၾကာင့္ အခ်ဥ္ဓာတ္ကဲေသာ အစားအစာ ဒါမွမဟုတ္ အက္ဆစ္ဓာတ္လြန္ကဲတဲ့ အစားအေသာက္ေတြကို စားေသာက္ၿပီးပါက မိနစ္ 20 အၾကာမွာ သြားတိုက္ေပးပါ။ အစာစားၿပီးခ်င္းသြားတိုက္ျခင္းက အက္ဆစ္ဓာတ္ကို ပိုမုိထြက္ရွိေစတာေၾကာင့္ မိနစ္ 20 အၾကာမွသာ သြားတိုက္ေပးပါ။

2. သြားက်ဥ္ျခင္းအတြက္ ရည္ရြယ္ၿပီးထုတ္လုပ္ထားတဲ့ သြားတိုက္ေဆးကိုသာ ေရြးခ်ယ္အသံုးျပဳပါ

အခုအခါမွာ သြားက်ဥ္တဲ့လူေတြအတြက္ ရည္ရြယ္ၿပီးထုတ္လုပ္ထားတဲ့ သြားက်န္းမာေရးႏွင့္ ဆက္စပ္ပစၥည္းေတြကို အလြယ္တကူရရွိေနႏုိင္ၿပီျဖစ္ပါတယ္။ ၎ပစၥည္းေတြမွာ ပိုတက္ဆီယမ္ႏုိက္ထရိတ္ (Potassium nitrate) ပါဝင္တာေၾကာင့္ သြားအေပၚမွာ အလႊာတခုကို ဖန္တီးေပးၿပီးသြားက်ဥ္ျခင္းမျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။

3. ေဝဒနာကိုႀကိတ္ခံမေနဘဲ ဆရာဝန္ႏွင့္တိုင္ပင္ျပသပါ

အခ်ိဳ႕ေသာလူေတြက ေလးေအးတုိက္ရင္ေတာင္ သြားက်ဥ္ေနတတ္ပါတယ္။ သြားက်ဥ္ျခင္းကိုသက္သာေစတဲ့ သြားတိုက္ေဆးနဲ႔ မသက္သာဘူးဆုိရင္ေတာ့ ေဝဒနာကိုႀကိတ္မခံစားဘဲ သြားဆရာဝန္ႏွင့္ျပသပါ။

4. သြားဖံုးကိုဂ႐ုစိုက္ပါ

အခ်ိဳ႕ေသာသြားက်ဥ္ျခင္းေတြက သြားဖံုးမ်ားပြန္းပဲ့လာျခင္းေၾကာင့္ျဖစ္ပါတယ္။ သြားတိုက္ရာမွာ သြားတုိက္တံျဖင့္ ခပ္ၾကမ္းၾကမ္းတုိက္ျခင္း ဒါမွမဟုတ္ သြားဖံုးေရာဂါမ်ားေၾကာင့္ျဖစ္ေစ သြားဖံုးပြန္းပဲ့လာကာ သြားေႂကြလႊာမ်ား ပ်က္စီးလာျခင္းေၾကာင့္ သြားက်ဥ္ျခင္းမ်ားျဖစ္ေပၚလာပါတယ္။

5. သြားတိုက္တဲ့ပံုစံေျပာင္းလဲပစ္ပါ

သြားတိုက္တဲ့အခ်ိန္မွာ အေပၚကေနေအာက္ကိုဆြဲခ်ၿပီး ညင္ညင္သာသာတိုက္ေပးပါ။ သြားကိုဖိၿပီး ခပ္ၾကမ္းၾကမ္းတိုက္ျခင္းက သြားက်ဥ္ျခင္းကိုျဖစ္ေပၚေစတာေၾကာင့္ သြားတိုက္တဲ့ပံုစံကို ေျပာင္းလဲၾကည့္လိုက္ပါ။ သိသာထင္ရွားတဲ့ရလဒ္ကို ေတြ႕ျမင္ရႏိုင္ပါတယ္။

6. သြားႀကိတ္တဲ့အက်င့္ကို ျပဳျပင္ပါ

လူေတြကစိတ္ဖိစီးမႈမ်ားတဲ့အခါမွာျဖစ္ေစ၊ ေမး႐ိုးဆိုင္ရာျပသရာ တခုခုရွိေနရင္သြားႀကိတ္ေလ့ရွိပါတယ္။ သြားႀကိတ္ျခင္းေၾကာင့္ ေႂကြလႊာမ်ားပ်က္ဆီးႏုိင္တာေၾကာင့္ မိမိမွာသြားႀကိတ္တဲ့အေလ့အက်င့္ရွိပါက သြားဆရာ၀န္နဲ႔ ျပသၿပီး လိုအပ္သည္မ်ားကို လိုက္နာသင့္ပါတယ္။ (ဥပမာ- mouth guard အသံုးျပဳျခင္း)


Credit : today bago


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version
သွားကျဉ်တယ်ဆိုတာ တိုတောင်းစူးရှပြီး ခံရခက်တဲ့ဝေဒနာတခုဖြစ်ပါတယ်။ ပူးလွန်း၊ အေးလွန်းတဲ့အစားအစာ၊ အက်ဆစ်ဓာတ်လွန်ကဲ့တဲ့ အစားအစာတွေက သွားကျဉ်ခြင်းကို ဖြစ်စေပါတယ်။ သွားကျဉ်ဝေဒနာကို ဘယ်လိုနည်းလမ်းတွေနဲ့ သက်သာလျော့ပါးအောင်ပြုလုပ်လို့ရပါသလဲ။

1. အက်ဆစ်ဓာတ်လွန်ကဲတဲ့ အစားအစာတွေကိုရှောင်ရှားပါ

သွားကျဉ်ဝေဒနာခံစားရတဲ့လူတွေဟာ အက်ဆစ်ဓာတ်ပါဝင်မှုနည်းတဲ့အစားအစာတွေကို ရွေးချယ်သင့်ပါတယ်။ အစားအစာတွေမှာပါဝင်တဲ့ အက်ဆစ်ဓာတ်က အပေါ်ယံကြွေလွှာကို တိုက်စားပစ်လိုက်တာကြောင့် သွားကျဉ်တဲ့ဝေဒနာကို ပိုမိုခံစားရနိုင်ပါတယ်။ ဒါကြောင့် အချဉ်ဓာတ်ကဲသော အစားအစာ ဒါမှမဟုတ် အက်ဆစ်ဓာတ်လွန်ကဲတဲ့ အစားအသောက်တွေကို စားသောက်ပြီးပါက မိနစ် 20 အကြာမှာ သွားတိုက်ပေးပါ။ အစာစားပြီးချင်းသွားတိုက်ခြင်းက အက်ဆစ်ဓာတ်ကို ပိုမိုထွက်ရှိစေတာကြောင့် မိနစ် 20 အကြာမှသာ သွားတိုက်ပေးပါ။

2. သွားကျဉ်ခြင်းအတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ သွားတိုက်ဆေးကိုသာ ရွေးချယ်အသုံးပြုပါ

အခုအခါမှာ သွားကျဉ်တဲ့လူတွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ သွားကျန်းမာရေးနှင့် ဆက်စပ်ပစ္စည်းတွေကို အလွယ်တကူရရှိနေနိုင်ပြီဖြစ်ပါတယ်။ ၎င်းပစ္စည်းတွေမှာ ပိုတက်ဆီယမ်နိုက်ထရိတ် (Potassium nitrate) ပါဝင်တာကြောင့် သွားအပေါ်မှာ အလွှာတခုကို ဖန်တီးပေးပြီးသွားကျဉ်ခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။

3. ဝေဒနာကိုကြိတ်ခံမနေဘဲ ဆရာဝန်နှင့်တိုင်ပင်ပြသပါ

အချို့သောလူတွေက လေးအေးတိုက်ရင်တောင် သွားကျဉ်နေတတ်ပါတယ်။ သွားကျဉ်ခြင်းကိုသက်သာစေတဲ့ သွားတိုက်ဆေးနဲ့ မသက်သာဘူးဆိုရင်တော့ ဝေဒနာကိုကြိတ်မခံစားဘဲ သွားဆရာဝန်နှင့်ပြသပါ။

4. သွားဖုံးကိုဂရုစိုက်ပါ

အချို့သောသွားကျဉ်ခြင်းတွေက သွားဖုံးများပွန်းပဲ့လာခြင်းကြောင့်ဖြစ်ပါတယ်။ သွားတိုက်ရာမှာ သွားတိုက်တံဖြင့် ခပ်ကြမ်းကြမ်းတိုက်ခြင်း ဒါမှမဟုတ် သွားဖုံးရောဂါများကြောင့်ဖြစ်စေ သွားဖုံးပွန်းပဲ့လာကာ သွားကြွေလွှာများ ပျက်စီးလာခြင်းကြောင့် သွားကျဉ်ခြင်းများဖြစ်ပေါ်လာပါတယ်။

5. သွားတိုက်တဲ့ပုံစံပြောင်းလဲပစ်ပါ

သွားတိုက်တဲ့အချိန်မှာ အပေါ်ကနေအောက်ကိုဆွဲချပြီး ညင်ညင်သာသာတိုက်ပေးပါ။ သွားကိုဖိပြီး ခပ်ကြမ်းကြမ်းတိုက်ခြင်းက သွားကျဉ်ခြင်းကိုဖြစ်ပေါ်စေတာကြောင့် သွားတိုက်တဲ့ပုံစံကို ပြောင်းလဲကြည့်လိုက်ပါ။ သိသာထင်ရှားတဲ့ရလဒ်ကို တွေ့မြင်ရနိုင်ပါတယ်။

6. သွားကြိတ်တဲ့အကျင့်ကို ပြုပြင်ပါ

လူတွေကစိတ်ဖိစီးမှုများတဲ့အခါမှာဖြစ်စေ၊ မေးရိုးဆိုင်ရာပြသရာ တခုခုရှိနေရင်သွားကြိတ်လေ့ရှိပါတယ်။ သွားကြိတ်ခြင်းကြောင့် ကြွေလွှာများပျက်ဆီးနိုင်တာကြောင့် မိမိမှာသွားကြိတ်တဲ့အလေ့အကျင့်ရှိပါက သွားဆရာဝန်နဲ့ ပြသပြီး လိုအပ်သည်များကို လိုက်နာသင့်ပါတယ်။ (ဥပမာ- mouth guard အသုံးပြုခြင်း)


Credit : today bago



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top