iMyanmarHouse.com - Best Property Website for Myanmar
×

ခႏၶာကုိယ္အတြက္ လိုအပ္ တဲ့ အသားဓာတ္ကုိ အသားမစား ဘဲ ျပည့္၀ခ်င္သူေတြအတြက္ ဘာအစားအစာေတြ စားသံုးသင့္လဲသိ ထားရေအာင္လုိ႔ ေဖာ္ျပေပးလုိက္ ပါတယ္။

တုိဟူး၊ ပဲျပား- ေစ်းသက္ သက္သာသာနဲ႔ အာဟာရဓာတ္ ျပည့္၀တဲ့ အစားအစာျဖစ္ၿပီး အသားအစားထိုးစားသုံးေပးႏုိင္ ပါတယ္။ မနက္စာ၊ ေန႔လယ္စာ၊ ညစာပဲျဖစ္ျဖစ္၊ သေရစာျဖစ္ျဖစ္စားသံုးႏိုင္ၿပီး စိတ္ႀကိဳက္အရသာ ျပဳျပင္စားသံုးႏုိင္တဲ့ အစားအစာ ပါ။

ကၫြတ္- ေရွးေခတ္ကာလ ကတည္းက ေဆးဖက္၀င္အစား အစာအျဖစ္ စားသံုးလာခဲ့ၾကတဲ့ ကၫြတ္မွာ အသားဓာတ္၊ ဗီတာ မင္မ်ား၊ ေဖာလစ္အက္စစ္၊ ေၾကးနီနဲ႔ ပုိတက္ဆီယမ္တုိ႔ႂကြယ္၀ပါ တယ္။

အစိမ္းေရာင္ပဲမ်ား- အစိမ္း ေရာင္ပဲလက္ဖက္ရည္တစ္ပန္း ကန္စာပမာဏအသားဓာတ္ ရွစ္ ဂရမ္နဲ႔ ညီမွ်တာမို႔ ပဲမ်ားမ်ားစား ေပးတာမ်ိဳးလည္း လုပ္ႏုိင္ပါ တယ္။အယ္လ္မြန္-အေစ့အဆန္ ေတြထဲမွာ အယ္လ္မြန္ကလည္း အသားဓာတ္ႂကြယ္၀ၿပီး အယ္လ္မြန္ေစ့လက္ဖက္ရည္ တစ္ပန္း ကန္စာ (ဒါမွမဟုတ္) အယ္လ္မြန္ေထာပတ္ႏွစ္ဇြန္းဟာ အသား ဓာတ္ ခုနစ္ဂရမ္နဲ႔ ညီမွ်ပါတယ္။

အုတ္ဂ်ံဳ- အမွ်င္ဓာတ္ႂကြယ္ ၀သလုိ အသားဓာတ္လည္းမ်ား စြာပါ၀င္တဲ့ အုတ္ဂ်ဳံကို မနက္စာ အျဖစ္ ပံုမွန္စားသံုးတာမ်ိဳး ျပဳ လုပ္ေပးႏုိင္ပါတယ္။

ဟင္းႏုနယ္ရြက္၊ အစိမ္း ေရာင္ပန္းေဂၚဖီ- ဟင္းသီးဟင္း ရြက္စားၿပီး အသားဓာတ္ျပည့္ခ်င္ ရင္ေတာ့ ဟင္းႏုနယ္ရြက္တုိ႔ အ စိမ္းေရာင္ေဂၚဖီပန္းပြင့္ေတြသာ မ်ားမ်ားစားပါ။ ပန္းေဂၚဖီစိမ္းမွာ အသားဓာတ္အျပင္ ဗီတာမင္စီ၊ အမွ်င္ဓာတ္နဲ႔  ကယ္လ္ဆီယမ္ တု႔ိလည္း ႂကြယ္၀ပါေသးတယ္။

ေျမပဲေထာပတ္- ေျမပဲ ေထာပတ္လက္ဖက္ရည္တစ္ဇြန္း မွာ အသားဓာတ္ ရွစ္ဂရမ္ပါ၀င္ တယ္ဆိုတာ သိထားပါ။

ပဲလြန္းျဖဴ- ပဲစားလို႔ အသား ျဖစ္ဆိုသလုိ ပဲလြန္းျဖဴလက္ဖက္ ရည္တစ္ပန္းကန္ဟာ အသား ဓာတ္ ရွစ္ဂရမ္နဲ႔ ညီမွ်တယ္လို႔ သိရပါတယ္။

Credit:7Day Daily

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ခန္ဓာကိုယ်အတွက် လိုအပ် တဲ့ အသားဓာတ်ကို အသားမစား ဘဲ ပြည့်ဝချင်သူတွေအတွက် ဘာအစားအစာတွေ စားသုံးသင့်လဲသိ ထားရအောင်လို့ ဖော်ပြပေးလိုက် ပါတယ်။

တိုဟူး၊ ပဲပြား- ဈေးသက် သက်သာသာနဲ့ အာဟာရဓာတ် ပြည့်ဝတဲ့ အစားအစာဖြစ်ပြီး အသားအစားထိုးစားသုံးပေးနိုင် ပါတယ်။ မနက်စာ၊ နေ့လယ်စာ၊ ညစာပဲဖြစ်ဖြစ်၊ သရေစာဖြစ်ဖြစ်စားသုံးနိုင်ပြီး စိတ်ကြိုက်အရသာ ပြုပြင်စားသုံးနိုင်တဲ့ အစားအစာ ပါ။

ကညွတ်- ရှေးခေတ်ကာလ ကတည်းက ဆေးဖက်ဝင်အစား အစာအဖြစ် စားသုံးလာခဲ့ကြတဲ့ ကညွတ်မှာ အသားဓာတ်၊ ဗီတာ မင်များ၊ ဖောလစ်အက်စစ်၊ ကြေးနီနဲ့ ပိုတက်ဆီယမ်တို့ကြွယ်ဝပါ တယ်။

အစိမ်းရောင်ပဲများ- အစိမ်း ရောင်ပဲလက်ဖက်ရည်တစ်ပန်း ကန်စာပမာဏအသားဓာတ် ရှစ် ဂရမ်နဲ့ ညီမျှတာမို့ ပဲများများစား ပေးတာမျိုးလည်း လုပ်နိုင်ပါ တယ်။အယ်လ်မွန်-အစေ့အဆန် တွေထဲမှာ အယ်လ်မွန်ကလည်း အသားဓာတ်ကြွယ်ဝပြီး အယ်လ်မွန်စေ့လက်ဖက်ရည် တစ်ပန်း ကန်စာ (ဒါမှမဟုတ်) အယ်လ်မွန်ထောပတ်နှစ်ဇွန်းဟာ အသား ဓာတ် ခုနစ်ဂရမ်နဲ့ ညီမျှပါတယ်။

အုတ်ဂျုံ- အမျှင်ဓာတ်ကြွယ် ဝသလို အသားဓာတ်လည်းများ စွာပါဝင်တဲ့ အုတ်ဂျုံကို မနက်စာ အဖြစ် ပုံမှန်စားသုံးတာမျိုး ပြု လုပ်ပေးနိုင်ပါတယ်။

ဟင်းနုနယ်ရွက်၊ အစိမ်း ရောင်ပန်းဂေါ်ဖီ- ဟင်းသီးဟင်း ရွက်စားပြီး အသားဓာတ်ပြည့်ချင် ရင်တော့ ဟင်းနုနယ်ရွက်တို့ အ စိမ်းရောင်ဂေါ်ဖီပန်းပွင့်တွေသာ များများစားပါ။ ပန်းဂေါ်ဖီစိမ်းမှာ အသားဓာတ်အပြင် ဗီတာမင်စီ၊ အမျှင်ဓာတ်နဲ့  ကယ်လ်ဆီယမ် တု့ိလည်း ကြွယ်ဝပါသေးတယ်။

မြေပဲထောပတ်- မြေပဲ ထောပတ်လက်ဖက်ရည်တစ်ဇွန်း မှာ အသားဓာတ် ရှစ်ဂရမ်ပါဝင် တယ်ဆိုတာ သိထားပါ။

ပဲလွန်းဖြူ- ပဲစားလို့ အသား ဖြစ်ဆိုသလို ပဲလွန်းဖြူလက်ဖက် ရည်တစ်ပန်းကန်ဟာ အသား ဓာတ် ရှစ်ဂရမ်နဲ့ ညီမျှတယ်လို့ သိရပါတယ်။


Credit:7Day Daily



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top