iMyanmarHouse.com - Best Property Website for Myanmar
×

ညဘက္ အိပ္ရာဝင္ခါနီိး စမတ္ဖုန္းအသံုးျပဳျခင္း၊ ကြန္ပ်ဴတာအသံုးျပဳျခင္းေတြဟာ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရးေတြအတြက္ မေကာင္းမြန္ဘူးလို႔ ဆိုၾကေပမဲ့ သံုးေနၾကဆဲျဖစ္ပါတယ္။ ေလ့လာခ်က္အရ ညအိပ္ရာဝင္ခါနီး စမတ္ဖုန္းမသံုးရဘူးဆုိရင္ စိတ္ဖိစီးမႈ ျဖစ္ၾကတယ္လို႔ သိရပါတယ္။

ညဘက္ အိပ္ရာဝင္ခါနီး ဖုန္းအသံုးျပဳလုိသူေတြအတြက္ အေကာင္းဆံုး ျဖစ္ေစမယ့္ လမ္းညႊန္ခ်က္ (၁၀) ခုကို ၿဗိတိန္မွာရွိတဲ့ Digital Awareness နည္းပညာကုမၸဏီက အခုလို သတိေပးခဲ့ပါတယ္။

၁။ တကယ္အိပ္ေတာ့မယ့္ အခ်ိန္နဲ႔ အနည္းဆံုး မိနစ္ ၉၀ ေလာက္ျခားၿပီး ဖုန္းအသံုးျပဳပါ။ (ဖုန္းေျပာျခင္းမပါ)

၂။ Notification ေတြကို ပိတ္ထားပါ။

၃။ ဖုန္းမ်က္ႏွာျပင္က အျပာေရာင္ အလင္းကို ေလွ်ာ့ခ်ပါ။ ညဘက္ဆို ဖုန္းမ်က္ႏွာျပင္က အျပာေရာင္မဟုတ္ေတာ့ဘဲ ဝါက်င္က်င္အေရာင္ ထုတ္ေပးတဲ့ နည္းပညာ အခုေနာက္ပိုင္း စမတ္ဖုန္းေတြမွာ ပါဝင္လာပါၿပီ။

၄။ ဖုန္းခဏ ခဏ ကိုင္တဲ့အက်င့္ကိုေဖ်ာက္ပါ။

၅။ အိပ္တဲ့အခါ ဖုန္းကို လက္လွမ္းမမီတဲ့ေနရာ၊ မ်က္စိနဲ႔ မျမင္ႏုိင္တဲ့ေနရာမွာ ထားပါ။

၆။ ဖုန္းအသံုးျပဳတဲ့အခ်ိန္ကို မွတ္ထားၿပီး သတိေပးႏိုင္တဲ့ အက္ပလီေကးရွင္းမ်ိဳးသံုးပါ။ (ဥပမာ RealizD ႏွင့္ Moment)

၇။ အဆက္မျပတ္ ၾကည့္ေနတာမ်ိဳးမလုပ္ပါနဲ႔။ ဖုန္းကို လံုးဝ လက္ထဲက ခ်လိုက္မယ့္ အခ်ိန္တစ္ခု တိတိက်က် သတ္မွတ္ပါ။

၈။ ဖုန္းသံုးတဲ့အခ်ိန္ကို ဝါသနာတစ္ခုခုနဲ႔ အစားထိုးပါ။ စာဖတ္ျခင္း၊ တရားထုိင္ျခင္း စတာမ်ိဳးေတြ လုပ္ၾကည့္ပါ။

၉။ သင္မိုဘိုင္းဖုန္း သံုးေနရတဲ့ အဓိက အေၾကာင္းျပခ်က္ကို စဥ္းစားၾကည့္ပါ။ ေကာင္းမြန္တဲ့ အေၾကာင္းျပခ်က္ထြက္မလာရင္ အခ်ိန္အမ်ားႀကီးေပးၿပီး ဖုန္းသံုးတာကို ရပ္သင့္ပါၿပီ။

Credit : Duwun

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

ညဘက် အိပ်ရာဝင်ခါနီး စမတ်ဖုန်းအသုံးပြုခြင်း၊ ကွန်ပျူတာအသုံးပြုခြင်းတွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေအတွက် မကောင်းမွန်ဘူးလို့ ဆိုကြပေမဲ့ သုံးနေကြဆဲဖြစ်ပါတယ်။ လေ့လာချက်အရ ညအိပ်ရာဝင်ခါနီး စမတ်ဖုန်းမသုံးရဘူးဆိုရင် စိတ်ဖိစီးမှု ဖြစ်ကြတယ်လို့ သိရပါတယ်။

ညဘက် အိပ်ရာဝင်ခါနီး ဖုန်းအသုံးပြုလိုသူတွေအတွက် အကောင်းဆုံး ဖြစ်စေမယ့် လမ်းညွှန်ချက် (၁၀) ခုကို ဗြိတိန်မှာရှိတဲ့ Digital Awareness နည်းပညာကုမ္ပဏီက အခုလို သတိပေးခဲ့ပါတယ်။

၁။ တကယ်အိပ်တော့မယ့် အချိန်နဲ့ အနည်းဆုံး မိနစ် ၉၀ လောက်ခြားပြီး ဖုန်းအသုံးပြုပါ။ (ဖုန်းပြောခြင်းမပါ)

၂။ Notification တွေကို ပိတ်ထားပါ။

၃။ ဖုန်းမျက်နှာပြင်က အပြာရောင် အလင်းကို လျှော့ချပါ။ ညဘက်ဆို ဖုန်းမျက်နှာပြင်က အပြာရောင်မဟုတ်တော့ဘဲ ဝါကျင်ကျင်အရောင် ထုတ်ပေးတဲ့ နည်းပညာ အခုနောက်ပိုင်း စမတ်ဖုန်းတွေမှာ ပါဝင်လာပါပြီ။

၄။ ဖုန်းခဏ ခဏ ကိုင်တဲ့အကျင့်ကိုဖျောက်ပါ။

၅။ အိပ်တဲ့အခါ ဖုန်းကို လက်လှမ်းမမီတဲ့နေရာ၊ မျက်စိနဲ့ မမြင်နိုင်တဲ့နေရာမှာ ထားပါ။

၆။ ဖုန်းအသုံးပြုတဲ့အချိန်ကို မှတ်ထားပြီး သတိပေးနိုင်တဲ့ အက်ပလီကေးရှင်းမျိုးသုံးပါ။ (ဥပမာ RealizD နှင့် Moment)

၇။ အဆက်မပြတ် ကြည့်နေတာမျိုးမလုပ်ပါနဲ့။ ဖုန်းကို လုံးဝ လက်ထဲက ချလိုက်မယ့် အချိန်တစ်ခု တိတိကျကျ သတ်မှတ်ပါ။

၈။ ဖုန်းသုံးတဲ့အချိန်ကို ဝါသနာတစ်ခုခုနဲ့ အစားထိုးပါ။ စာဖတ်ခြင်း၊ တရားထိုင်ခြင်း စတာမျိုးတွေ လုပ်ကြည့်ပါ။

၉။ သင်မိုဘိုင်းဖုန်း သုံးနေရတဲ့ အဓိက အကြောင်းပြချက်ကို စဉ်းစားကြည့်ပါ။ ကောင်းမွန်တဲ့ အကြောင်းပြချက်ထွက်မလာရင် အချိန်အများကြီးပေးပြီး ဖုန်းသုံးတာကို ရပ်သင့်ပါပြီ။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top