iMyanmarHouse.com - Best Property Website for Myanmar
×


ဂျုံခေါက်ဆွဲများ


အချိုရည်




Credit :trend Myanmar



#Unicode Version

သင်ဟာ အစားအစာတွေကို မျှမျှတတစားသုံးတတ်သူဆိုရင် ကျန်းမာရေးဆိုးကျိုးတွေ ခံစားရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လူအများစုဟာ အစားအသောက်ကို အလွန်အကျွံစားသုံးခြင်းတွေကြောင့် မခံစားသင့်တဲ့ ကျန်းမာရေးပြသနာတွေ ကြုံနေကြရတာပါ။ အောက်မှာ ဖော်ပြထားတဲ့ အစားအစာတွေကတော့ စိတ်ဖိစီးမှုကို ပိုဆိုးရွားစေတာမို့လို့ တတ်နိုင်သလောက် ရှောင်ကြဉ်ဖို့ လိုပါတယ်။

ဂျုံခေါက်ဆွဲများ

ဂျုံခေါက်ဆွဲတွေဟာ ပြင်ဆင်ရတာအချိန်ကုန်သက်သာပြီး အရသာရှိတဲ့အတွက် အလုပ်ရှုပ်သက်သာစေပါတယ်။ ဒါပေမယ့် အချိန်တိုင်းအတွက် မကောင်းပါဘူး။ ပါစတာ၊ ဆန်ဖြူ အစရှိတဲ့ အစားအစာတွေဟာ အသက် ၅၀ ကျော် လူကြီးတွေအတွက် ဦးနှောက်ယောင်ယမ်းစေတတ်ပြီး စိတ်ဖိစီးမှုခံစားရလွယ်ကူစေကြောင်း ၂၀၁၃၊ အောက်တိုဘာလထုတ် ဦးနှောက်ဆိုင်ရာဂျာနယ်မှာ ဖော်ပြထားပါတယ်။

အချိုရည်

ကိုကာကိုလာ၊ ဆိုဒါ စတဲ့အချိုရည်အအေးတွေဟာ ရေဆာခြင်းကို ထိထိရောက်ရောက်သက်သာစေနိုင်ပေမယ့် လိုအပ်တဲ့အချိန်မှာပဲ မဟုတ်ပဲ အပျင်းပြေသောက်ဖို့ အသုံးပြုမယ်ဆိုရင်တော့ စိတ်ဖိစီးမှုပိုပြီး များလာစေနိုင်တဲ့ အလားအလာရှိပါတယ်။ အဲဒါကြောင့် မသောက်ခင်မှာ ကိုယ့်အခြေအနေကို ပြန်သုံးသပ်ပြီးမှ စိတ်ဓါတ်ကျနေတယ်ဆိုရင်တော့ ရှောင်ရှားသင့်တဲ့အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။

အသင့်စားနိုင်တဲ့အစားအစာများ

အသင့်စားနိုင်တဲ့အစားအစာကို စားသုံးတဲ့သူတွေဟာ မစားတဲ့သူထက် စိတ်ဖိစီးမှုဒဏ် ၅၁% ပိုခံစားနိုင်ချေရှိကြောင်း လေ့လာတွေ့ရှိထားပါတယ်။ ဟမ်ဘာဂါ၊ ဟော့ဒေါ့၊ ပီဇာ စတဲ့အစားအစာတွေလည်း ပါဝင်ပါတယ်။

Credit :trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top