iMyanmarHouse.com - Best Property Website for Myanmar
×

ရုပ္ရွင္ေတြထဲမွာ ခ်စ္သူႏွစ္ဦး ေလ်ွာက္လည္ၾကျပီဆုိရင္ ၾကည္ႏူးစရာေကာင္းတဲ့ ေနရာေတြ၊ ရိုမန္တစ္အရမ္းျဖစ္တဲ့ အခင္းအက်င္းေတြ၊ အစီအစဥ္အမိုက္စားေတြ တစ္ခုျပီးတစ္ခု ခ်ျပသြားတာေတြ အျမဲျမင္ေတြ႕ၾကရမွာပါ။  အျပင္မွာ ခ်စ္သူနွစ္ဦးခ်ိန္းေတြ႕တဲ့အခါ ရုပ္ရွင္ထဲကအတုိင္းေတာ့ ျဖစ္ခ်င္မွျဖစ္ပါလိမ့္မယ္။ ရိုမန္တစ္လညး္ အဲ့ဒီေလာက္ဆန္ခ်င္မွ ဆန္မွာပါ။ ရုပ္ရွင္ထဲက မင္းသား၊ မင္းသမီးေတြကို စံႏႈန္းတစ္ခုထားျပီး သင္တုိ႕ရဲ႕ခ်ိန္းေတြ႕မႈပံုစံေတြကို မဖန္တီးလိုက္ပါနဲ႕။

ဥပမာ ရုပ္ရွင္ဇာတ္လမ္းေတြထဲမွာ ေကာင္မေလးကို ေကာင္ေလးက အိမ္အထိလမ္းေလ်ွာက္လိုက္ပို႕ေပးျပီး ေကာင္မေလးအိမ္ထဲမ၀င္ခင္အထိ အျပင္မွာ ေစာင့္ၾကည့္ေနေပးတာမ်ိဳး ကိုယ္က သေဘာက်လုိ႕ ကိုယ့္ခ်စ္သူကိ ုေန႕တုိင္းအဲ့ဒီလို လုိက္ပို႕ခိုင္းဖုိ႕ ဆုိတာ မျဖစ္ႏိုင္ပါဘူး။ တစ္ခါတစ္ေလေတာ့ အဆင္ေျပပါလိမ့္မယ္။ ဒီလိုပါပဲ။ ကိုယ္ခ်စ္သူေကာင္မေလး အိပ္ခန္းျပတင္း၀ကေန ျမင္ရမယ့္ေနရာမွာ ညလံုးေပါက္ ဂစ္တာ ထုိင္တီးေနဖုိ႕ဆိုတာ ထင္သေလာက္ မလြယ္ပါဘူး။ ရပ္ကြက္အေနအထားက ရွိပါေသးတယ္။ သူမကုိလညး္ ငါဒီမွာရွိေနတယ္ေနာ္၊ နင္မအိပ္နဲ႕ဦးဆုိျပီး အတင္းဆြဲထားရာ ေရာက္ပါတယ္။ ေကာင္ေလးဘက္ကၾကည့္ရင္လည္း ဒီဒုကၡက နည္းတဲ့ဒုကၡမဟုတ္ပါဘူး။ ေကာင္မေလး မနက္အျပင္ မသြားခင္ ကိုယ္က သူ႕ျခံေရွ႕မွာ လာေစာင့္ေနတာ၊ ဒါမွမဟုတ္ suprise လုပ္တာမ်ိဳးေတြကလည္း ႏွစ္ဦးစလံုးအတြက္ အထူးတလည္က်ေရာက္တဲ့ အမွတ္တရေန႕ေတြမွာသာ လုပ္သင့္တာပါ။ ဒါမွမဟုတ္ ႏွစ္ပတ္တစ္ခါေလာက္ဆုိလည္း မဆုိးပါဘူး။ မဟုတ္ရင္ေတာ့ ၾကာရင္ ဒီလိုအျမဲလုပ္ေပးေနရသူအတြက္ အခက္ေတြ႕လာပါလိမ့္မယ္။ ဒါတင္မကေသးပဲ ေကာင္မေလးကို ခ်စ္ေၾကာင္း သက္ေသျပခ်င္လုိ႕ နာရီ၀က္တစ္ခါ ဖုန္းေခၚျပီး၊ ဆယ္မိနစ္တစ္ခါ message ပို႕တာမ်ိဳးကလည္း ေကာင္မေလးအတြက္ စိတ္အေႏွာင့္အယွက္ျဖစ္စရာေကာင္းပါတယ္။ ဒါေတြက တကယ္ေတာ့ ရုပ္ရွင္ထဲမွာသာ ေကာင္းတာပါ။ အျပင္မွာ ႏွစ္ဦးစလံုး စိတ္ဒုကၡေရာက္မယ့္ အေျခအေနေတြေပါ့။ အဆိုးဆံုးကေတာ့ ေကာင္မေလးအခန္းကို ရုပ္ရွင္ထဲကလုိ ေလွကားေထာင္ျပီးတက္တာ၊ ဒါမွမဟုတ္ အပင္ကေနတြယ္တက္တာမ်ိဳးေတြဟာ သင့္ကို အခ်ဳပ္ခန္းထဲေရာက္သြားေစမယ့္ အရာေတြဆုိတာ မေမ့ပါနဲ႕။

ဒီေတာ့ ကိုယ့္ခ်စ္သူေကာင္မေလးနဲ႕ ခ်ိန္းေတြ႕ေတာ့မယ္ဆို သူဘာစိတ္၀င္စားလဲ၊ ဘယ္ေနရာေတြသြားတတ္လဲ၊ ကိုယ္ကေရာ ဘာေတြစိတ္၀င္စားျပီး သူနဲ႕ဘယ္ေနရာမ်ိဳးမွာ အတူရွိခ်င္လဲေတြးပါ။ ဒင္နာတူတူစားမလား၊ ရုပ္ရွင္ၾကည့္မလား၊ ေကာ္ဖီဆုိင္ထုိင္မလား၊ စာအုပ္ဆုိင္အတူတူသြားခ်င္လား၊ ပန္းျခံသြားခ်င္လား၊ ေရွာ့ပင္းေမာသြားခ်င္လားဆုိတာမ်ိဳး ေတြးျပီး ႏွစ္ေယာက္သားညႈိႏႈိင္းျပီးေတာ့ လုပ္သင့္ပါတယ္။ အခ်ိန္ရတယ္ဆုိရင္ေတာ့ ေပ်ာ္ပြဲစားထြက္တာမ်ိဳးေတြ၊ ေန႕ခ်င္းျပန္ခရီးထြက္တာမ်ိဳးေတြ လုပ္သင့္ပါတယ္။ ဆိုလိုတာက နွစ္ေယာက္စလံုးအတြက္ တကယ္စိတ္၀င္စားျပီး အက်ိဳးရွိမယ့္အရာေတြကိုသာ အတူဖန္တီးသင့္တယ္ဆုိတာကို ေထာက္ျပခ်င္တာပါ။

တစ္ခါတစ္ေလ ရုပ္ရွင္ကားထဲက ဇာတ္၀င္ခန္းေတြက လက္ေတြ႕နဲ႕လံုး၀ျခားနားေနတာေၾကာင့္ အဲ့ဒါေတြကို နမူနာ စံမထားပဲ၊ ႏွစ္ဦးသားရဲ႕ အေျခအေနေပၚမူတည္ျပီးေတာ့သာ လုပ္ေဆာင္သြားတာအေကာင္းဆံုးပါ။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ရုပ်ရှင်တွေထဲမှာ ချစ်သူနှစ်ဦး လျှောက်လည်ကြပြီဆိုရင် ကြည်နူးစရာကောင်းတဲ့ နေရာတွေ၊ ရိုမန်တစ်အရမ်းဖြစ်တဲ့ အခင်းအကျင်းတွေ၊ အစီအစဉ်အမိုက်စားတွေ တစ်ခုပြီးတစ်ခု ချပြသွားတာတွေ အမြဲမြင်တွေ့ကြရမှာပါ။  အပြင်မှာ ချစ်သူနှစ်ဦးချိန်းတွေ့တဲ့အခါ ရုပ်ရှင်ထဲကအတိုင်းတော့ ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ရိုမန်တစ်လည်း အဲ့ဒီလောက်ဆန်ချင်မှ ဆန်မှာပါ။ ရုပ်ရှင်ထဲက မင်းသား၊ မင်းသမီးတွေကို စံနှုန်းတစ်ခုထားပြီး သင်တို့ရဲ့ချိန်းတွေ့မှုပုံစံတွေကို မဖန်တီးလိုက်ပါနဲ့။

ဥပမာ ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ ကောင်မလေးကို ကောင်လေးက အိမ်အထိလမ်းလျှောက်လိုက်ပို့ပေးပြီး ကောင်မလေးအိမ်ထဲမဝင်ခင်အထိ အပြင်မှာ စောင့်ကြည့်နေပေးတာမျိုး ကိုယ်က သဘောကျလို့ ကိုယ့်ချစ်သူကိ ုနေ့တိုင်းအဲ့ဒီလို လိုက်ပို့ခိုင်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ခါတစ်လေတော့ အဆင်ပြေပါလိမ့်မယ်။ ဒီလိုပါပဲ။ ကိုယ်ချစ်သူကောင်မလေး အိပ်ခန်းပြတင်းဝကနေ မြင်ရမယ့်နေရာမှာ ညလုံးပေါက် ဂစ်တာ ထိုင်တီးနေဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ ရပ်ကွက်အနေအထားက ရှိပါသေးတယ်။ သူမကိုလည်း ငါဒီမှာရှိနေတယ်နော်၊ နင်မအိပ်နဲ့ဦးဆိုပြီး အတင်းဆွဲထားရာ ရောက်ပါတယ်။ ကောင်လေးဘက်ကကြည့်ရင်လည်း ဒီဒုက္ခက နည်းတဲ့ဒုက္ခမဟုတ်ပါဘူး။ ကောင်မလေး မနက်အပြင် မသွားခင် ကိုယ်က သူ့ခြံရှေ့မှာ လာစောင့်နေတာ၊ ဒါမှမဟုတ် suprise လုပ်တာမျိုးတွေကလည်း နှစ်ဦးစလုံးအတွက် အထူးတလည်ကျရောက်တဲ့ အမှတ်တရနေ့တွေမှာသာ လုပ်သင့်တာပါ။ ဒါမှမဟုတ် နှစ်ပတ်တစ်ခါလောက်ဆိုလည်း မဆိုးပါဘူး။ မဟုတ်ရင်တော့ ကြာရင် ဒီလိုအမြဲလုပ်ပေးနေရသူအတွက် အခက်တွေ့လာပါလိမ့်မယ်။ ဒါတင်မကသေးပဲ ကောင်မလေးကို ချစ်ကြောင်း သက်သေပြချင်လို့ နာရီဝက်တစ်ခါ ဖုန်းခေါ်ပြီး၊ ဆယ်မိနစ်တစ်ခါ message ပို့တာမျိုးကလည်း ကောင်မလေးအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပါတယ်။ ဒါတွေက တကယ်တော့ ရုပ်ရှင်ထဲမှာသာ ကောင်းတာပါ။ အပြင်မှာ နှစ်ဦးစလုံး စိတ်ဒုက္ခရောက်မယ့် အခြေအနေတွေပေါ့။ အဆိုးဆုံးကတော့ ကောင်မလေးအခန်းကို ရုပ်ရှင်ထဲကလို လှေကားထောင်ပြီးတက်တာ၊ ဒါမှမဟုတ် အပင်ကနေတွယ်တက်တာမျိုးတွေဟာ သင့်ကို အချုပ်ခန်းထဲရောက်သွားစေမယ့် အရာတွေဆိုတာ မမေ့ပါနဲ့။

ဒီတော့ ကိုယ့်ချစ်သူကောင်မလေးနဲ့ ချိန်းတွေ့တော့မယ်ဆို သူဘာစိတ်ဝင်စားလဲ၊ ဘယ်နေရာတွေသွားတတ်လဲ၊ ကိုယ်ကရော ဘာတွေစိတ်ဝင်စားပြီး သူနဲ့ဘယ်နေရာမျိုးမှာ အတူရှိချင်လဲတွေးပါ။ ဒင်နာတူတူစားမလား၊ ရုပ်ရှင်ကြည့်မလား၊ ကော်ဖီဆိုင်ထိုင်မလား၊ စာအုပ်ဆိုင်အတူတူသွားချင်လား၊ ပန်းခြံသွားချင်လား၊ ရှော့ပင်းမောသွားချင်လားဆိုတာမျိုး တွေးပြီး နှစ်ယောက်သားညှိုနှိုင်းပြီးတော့ လုပ်သင့်ပါတယ်။ အချိန်ရတယ်ဆိုရင်တော့ ပျော်ပွဲစားထွက်တာမျိုးတွေ၊ နေ့ချင်းပြန်ခရီးထွက်တာမျိုးတွေ လုပ်သင့်ပါတယ်။ ဆိုလိုတာက နှစ်ယောက်စလုံးအတွက် တကယ်စိတ်ဝင်စားပြီး အကျိုးရှိမယ့်အရာတွေကိုသာ အတူဖန်တီးသင့်တယ်ဆိုတာကို ထောက်ပြချင်တာပါ။

တစ်ခါတစ်လေ ရုပ်ရှင်ကားထဲက ဇာတ်ဝင်ခန်းတွေက လက်တွေ့နဲ့လုံးဝခြားနားနေတာကြောင့် အဲ့ဒါတွေကို နမူနာ စံမထားပဲ၊ နှစ်ဦးသားရဲ့ အခြေအနေပေါ်မူတည်ပြီးတော့သာ လုပ်ဆောင်သွားတာအကောင်းဆုံးပါ။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top