iMyanmarHouse.com - Best Property Website for Myanmar
×

လူအမ်ားႏွစ္ၿခိဳက္စြာ စားသံုးေနၾကတဲ့ ကန္စြန္းဥဟာ အရသာထူးကဲတဲ့အျပင္ က်န္းမာေရးအတြက္လည္း မ်ားစြာအေထာက္အကူျပဳႏုိင္စြမ္းရွိပါတယ္။ ဒါေၾကာင့္ မရွိမျဖစ္လိုအပ္တဲ့ ဗီတာမင္နဲ႔ မင္နရယ္လ္ေတြျပည့္ႏွက္ ပါ၀င္ေနတဲ့ကန္စြန္းဥဟာ က်န္းမာေရးအတြက္ ဘယ္လို အက်ဳိးေက်းဇူးေတြ ရရွိေစႏုိင္သလဲဆိုတာနဲ႔ ပတ္သက္ၿပီး ေဖာ္ျပေပးလိုက္ပါတယ္။

1. အင္တီေအာက္ဆီးဒင့္ၾကြယ္၀စြာပါ၀င္ျခင္း

ေရႊ၀ါေရာင္ကန္စြန္းဥမွာေရာ ခရမ္းေရာင္သန္းေနတဲ့ကန္စြန္းဥမွာပါ အင္တီေအာက္ဆီးဒင့္ၾကြယ္၀စြာ ပါ၀င္ပါတယ္။ ဒါေၾကာင့္ေရာင္ရမ္းမႈျဖစ္စဥ္ေတြကို ေလ်ွာ့ခ်ေပးႏုိင္တဲ့အျပင္ အရြယ္တင္ႏုပ်ဳိေစၿပီး ေရာဂါပိုးမ်ား ၀င္ေရာက္ျခင္းမွလည္း ကာကြယ္တားဆီးေပးပါတယ္။

2. Manganese ပါ၀င္ႏႈန္းျမင့္မားျခင္း

အလယ္အလတ္အရြယ္အစားရွိတဲ့ ကန္စြန္းဥမွာ ခႏၶာကိုယ္အတြက္ တေန႔တာလိုအပ္ခ်က္ျဖစ္တဲ့ Manganese 28 ရာခို္င္ႏႈန္းပါ၀င္ပါတယ္။ ယင္းသတၱဳဓာတ္ အလံုအေလာက္ရရွိျခင္းျဖင့္ အားအင္ျပည့္၀ေနေစၿပီး အ႐ိုးေတြကို သန္မာေစတဲ့အျပင္ ခႏၶာကိုယ္အတြက္မရွိမျဖစ္လိုအပ္တဲ့ အျခားေသာ အာဟာရဓာတ္ေတြကို စုပ္ယူရာမွာလည္း မ်ားစြာအေထာက္အကူျပဳေပးပါတယ္။

3. Beta carotene ဓာတ္ပါ၀င္ျခင္း

အလယ္အလတ္အရြယ္အစားရွိတဲ့ ကန္စြန္းဥမွာတေန႔တာအတြက္ လိုအပ္တဲ့ Beta carotene ဓာတ္ထက္ 200 ရာခိုင္ႏႈန္းပိုမိုပါ၀င္ပါတယ္။ ယင္း beta carotene ဓာတ္ဟာ အျမင္အာ႐ံုကို ေကာင္းမြန္ေစၿပီး ကိုယ္ခံစြမ္းအားကိုလည္း တိုးျမႇင့္ေပးပါတယ္။

4. Quercetin ဓာတ္ပါ၀င္ျခင္း

ကန္စြန္းဥမွာပါ၀င္တဲ့ quercetin ဓာတ္ဟာ ေသြးတြင္းမေကာင္းတဲ့ ကိုလက္စထေရာ (LDL)ေတြကို ေလွ်ာ့က်ေစၿပီး ေရာင္ရမ္းမႈေတြကိုလည္း ေလ်ာ့နည္းေစပါတယ္။ ဒ့ါအျပင္ ႏွာေစးျခင္း၊ ဓာတ္မတည့္ျခင္းေတြကို ေလွ်ာ့က်ေစႏုိင္တဲ့ Anti-Histamin ဓာတ္လည္း ကန္စြန္းဥမွာပါ၀င္ပါတယ္။

5. ေသြးတြင္းသၾကားဓာတ္ကိုထိန္းညိႇေပးျခင္း

ကန္စြန္းဥမွာ အမွ်င္ဓာတ္ၾကြယ္၀စြာပါရွိတာေၾကာင့္ ေသြးတြင္းသို႔ သၾကားဓာတ္ စီးဆင္းမႈကို ေႏွးေကြးေစၿပီး ေသြးတြင္းသၾကားဓာတ္ ႐ုတ္တရက္ျမင့္တက္ျခင္းမွ ကာကြယ္ေပးပါတယ္။

6. ႏွလံုးက်န္းမာေရးအတြက္ အေထာက္အကူျပဳျခင္း

ႏွလံုးက်န္းမာေရးအတြက္ မရွိမျဖစ္လိုအပ္တဲ့ ပိုတက္ဆီယမ္နဲ႔ Vitamin B6 တို႔ဟာ ကန္စြန္းဥမွာ ၾကြယ္၀စြာပါ၀င္ပါတယ္။ ပိုတက္ဆီယမ္ဓာတ္က ေသြးဖိအားျမင့္တက္ျခင္းမွ ကာကြယ္ေပးႏုိင္ၿပီး Vitamin B6 က ေသြးေၾကာမာေက်ာျခင္းကိုျဖစ္ေစတဲ့ Homocysteine ကို ၿဖိဳခြဲေပးတာမို႔ ႏွလံုးေသြးေၾကာ ဆိုင္ရာေရာဂါေတြျဖစ္ျခင္းမွ တားဆီးေပးပါတယ္။

7. Vitamin C ၾကြယ္၀ျခင္း

ကန္စြန္းဥမွာVitamin C ၾကြယ္၀စြာပါ၀င္ပါတယ္။ ၎ဗီတာမင္ဟာ အ႐ိုးအဆစ္နဲ႔ အေရျပားက်န္းမာေရး အတြက္ လိုအပ္တဲ့ေကာ္လာဂ်င္ကို ထုတ္ေပးရာမွာကူညီေပးတဲ့အျပင္ စိတ္ဖိစီးမႈ ကိုလည္း ေလ်ာ့က်ေစပါတယ္။ အလယ္အလတ္အရြယ္အစားရွိတဲ့ ကန္စြန္းဥကို စားသံုး႐ံုနဲ႔တေန႔တာအတြက္ လိုအပ္တဲ့ vitamin C 40 ရာခိုင္ႏႈန္းကို ျဖည့္တင္းႏုိင္မွာျဖစ္ပါတယ္။

8. Vitamin D လံုေလာက္စြာရရွိႏုိင္ျခင္း

ကိုယ္ခံစြမ္းအားအတြက္ မရွိမျဖစ္လိုအပ္တဲ့ vitamin D ကိုကန္စြန္းဥစားသံုးျခင္းျဖင့္ရရွိႏုိင္ပါတယ္။ Vitamin D ဟာစိတ္ခံစားခ်က္ကို ေကာင္းမြန္ေစၿပီးအ႐ိုးေတြကိုလည္း သန္မာေစပါတယ္။ ဒါ့အျပင္ ႏွလံုးေရာဂါကို ကာကြယ္ေပးႏုိင္ၿပီး အေရျပားနဲ႔သြားက်န္းမာေရးတို႔အတြက္ အထူးလိုအပ္ပါတယ္။

Credit:Drmyanmar

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လူအများနှစ်ခြိုက်စွာ စားသုံးနေကြတဲ့ ကန်စွန်းဥဟာ အရသာထူးကဲတဲ့အပြင် ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ မင်နရယ်လ်တွေပြည့်နှက် ပါဝင်နေတဲ့ကန်စွန်းဥဟာ ကျန်းမာရေးအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ဖော်ပြပေးလိုက်ပါတယ်။

1. အင်တီအောက်ဆီးဒင့်ကြွယ်ဝစွာပါဝင်ခြင်း

ရွှေဝါရောင်ကန်စွန်းဥမှာရော ခရမ်းရောင်သန်းနေတဲ့ကန်စွန်းဥမှာပါ အင်တီအောက်ဆီးဒင့်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့်ရောင်ရမ်းမှုဖြစ်စဉ်တွေကို လျှော့ချပေးနိုင်တဲ့အပြင် အရွယ်တင်နုပျိုစေပြီး ရောဂါပိုးများ ဝင်ရောက်ခြင်းမှလည်း ကာကွယ်တားဆီးပေးပါတယ်။

2. Manganese ပါဝင်နှုန်းမြင့်မားခြင်း

အလယ်အလတ်အရွယ်အစားရှိတဲ့ ကန်စွန်းဥမှာ ခန္ဓာကိုယ်အတွက် တနေ့တာလိုအပ်ချက်ဖြစ်တဲ့ Manganese 28 ရာခိုင်နှုန်းပါဝင်ပါတယ်။ ယင်းသတ္တုဓာတ် အလုံအလောက်ရရှိခြင်းဖြင့် အားအင်ပြည့်ဝနေစေပြီး အရိုးတွေကို သန်မာစေတဲ့အပြင် ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အခြားသော အာဟာရဓာတ်တွေကို စုပ်ယူရာမှာလည်း များစွာအထောက်အကူပြုပေးပါတယ်။

3. Beta carotene ဓာတ်ပါဝင်ခြင်း

အလယ်အလတ်အရွယ်အစားရှိတဲ့ ကန်စွန်းဥမှာတနေ့တာအတွက် လိုအပ်တဲ့ Beta carotene ဓာတ်ထက် 200 ရာခိုင်နှုန်းပိုမိုပါဝင်ပါတယ်။ ယင်း beta carotene ဓာတ်ဟာ အမြင်အာရုံကို ကောင်းမွန်စေပြီး ကိုယ်ခံစွမ်းအားကိုလည်း တိုးမြှင့်ပေးပါတယ်။

4. Quercetin ဓာတ်ပါဝင်ခြင်း

ကန်စွန်းဥမှာပါဝင်တဲ့ quercetin ဓာတ်ဟာ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော (LDL)တွေကို လျှော့ကျစေပြီး ရောင်ရမ်းမှုတွေကိုလည်း လျော့နည်းစေပါတယ်။ ဒ့ါအပြင် နှာစေးခြင်း၊ ဓာတ်မတည့်ခြင်းတွေကို လျှော့ကျစေနိုင်တဲ့ Anti-Histamin ဓာတ်လည်း ကန်စွန်းဥမှာပါဝင်ပါတယ်။

5. သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးခြင်း

ကန်စွန်းဥမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါရှိတာကြောင့် သွေးတွင်းသို့ သကြားဓာတ် စီးဆင်းမှုကို နှေးကွေးစေပြီး သွေးတွင်းသကြားဓာတ် ရုတ်တရက်မြင့်တက်ခြင်းမှ ကာကွယ်ပေးပါတယ်။

6. နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုခြင်း

နှလုံးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပိုတက်ဆီယမ်နဲ့ Vitamin B6 တို့ဟာ ကန်စွန်းဥမှာ ကြွယ်ဝစွာပါဝင်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်က သွေးဖိအားမြင့်တက်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး Vitamin B6 က သွေးကြောမာကျောခြင်းကိုဖြစ်စေတဲ့ Homocysteine ကို ဖြိုခွဲပေးတာမို့ နှလုံးသွေးကြော ဆိုင်ရာရောဂါတွေဖြစ်ခြင်းမှ တားဆီးပေးပါတယ်။

7. Vitamin C ကြွယ်ဝခြင်း

ကန်စွန်းဥမှာVitamin C ကြွယ်ဝစွာပါဝင်ပါတယ်။ ၎င်းဗီတာမင်ဟာ အရိုးအဆစ်နဲ့ အရေပြားကျန်းမာရေး အတွက် လိုအပ်တဲ့ကော်လာဂျင်ကို ထုတ်ပေးရာမှာကူညီပေးတဲ့အပြင် စိတ်ဖိစီးမှု ကိုလည်း လျော့ကျစေပါတယ်။ အလယ်အလတ်အရွယ်အစားရှိတဲ့ ကန်စွန်းဥကို စားသုံးရုံနဲ့တနေ့တာအတွက် လိုအပ်တဲ့ vitamin C 40 ရာခိုင်နှုန်းကို ဖြည့်တင်းနိုင်မှာဖြစ်ပါတယ်။

8. Vitamin D လုံလောက်စွာရရှိနိုင်ခြင်း

ကိုယ်ခံစွမ်းအားအတွက် မရှိမဖြစ်လိုအပ်တဲ့ vitamin D ကိုကန်စွန်းဥစားသုံးခြင်းဖြင့်ရရှိနိုင်ပါတယ်။ Vitamin D ဟာစိတ်ခံစားချက်ကို ကောင်းမွန်စေပြီးအရိုးတွေကိုလည်း သန်မာစေပါတယ်။ ဒါ့အပြင် နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပြီး အရေပြားနဲ့သွားကျန်းမာရေးတို့အတွက် အထူးလိုအပ်ပါတယ်။

Credit:Drmyanmar



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top