iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္ေလာက္သည္းခံႏိုင္စြမ္းရွိတဲ့သူျဖစ္ျဖစ္ ကားေမာင္းတဲ့အခ်ိန္ေတြကေတာ့ သည္းခံႏိုင္စြမ္းကုန္ဆံုးတဲ့အခ်ိန္ေတြလို႕ ဆုိရပါလိမ့္မယ္။ ျမိဳ႕တစ္ပတ္ေလာက္ ကားေမာင္းျပီး အိမ္ျပန္ေရာက္ခ်ိန္မွာေတာ့ စိတ္ပန္းလူပန္းကို ျဖစ္ေနတတ္တဲ့အထိပါ။ ကားေမာင္းလို႕ ပင္ပန္းရတာကနည္းနည္း၊ ကားေမာင္းရင္း စည္းကမ္းမလိုက္နာတဲ့ ကားေတြေၾကာင့္၊ လူေတြေၾကာင့္၊ အတင္းျဖတ္လုေမာင္းတတ္တဲ့ ကားဒရုိင္ဘာေတြေၾကာင့္ ေဒါသေတြထြက္ရ၊ ေျပာရဆုိရ ၊ေနာက္ဆံုး ေျခကုန္လက္ပန္းက်ရတဲ့ အထိပါပဲ။

ယူေကက ဟြန္ဒိုင္းေမာ္တာရဲ႕ ေလ့လာခ်က္တစ္ခုအရေတာ့ သင္ဟာ အမ်ိဳးသမီးဒရိုင္ဘာတစ္ဦးျဖစ္မယ္ဆုိရင္ အမ်ိဳးသားေတြထက္ကို ကားေမာင္းတဲ့အခါ ေဒါသထြက္ စိတ္တုိပါလိမ့္မယ္္တဲ့။ ရာခုိင္ႏႈန္းနဲ႕ဆုိရင္ ၁၂ရာခုိင္ႏႈန္း ပိုစိတ္တိုစိတ္ဆိုးလိမ့္မယ္လုိ႕ေတာင္ သူတုိ႕က ေျပာထားတာ ေတြ႕ရပါတယ္။ 

ဒီတြက္ခ်က္မႈမွာ အေမရိကေတာ့ မပါ၀င္ပါဘူး။ လန္ဒန္အေျခစိုက္ အမူအက်င့္နဲ႕စိတ္ပညာက်ြမ္းက်င္သူ Patrick Fagan ကေတာ့ ကားေမာင္းတဲ့သူ အေယာက္ ၁၀၀၀ကို ေလ့လာခဲ့ျပီး သူတုိ႕စိတ္ေတြ ဘယ္လိုအေျခအေန ရွိမယ္ဆုိတာကို စမ္းသပ္ေလ့လာခဲ့ပါတယ္။ သူတုိ႕ ကားေမာင္းေနခ်ိန္အတြင္း စိတ္ခံစားခ်က္ေတြ ဘယ္လိုရွိမယ္ဆုိတာနဲ႕ပတ္သက္ျပီး အမ်ိဳးသားေတြသာမက အမ်ိဳးသမီးေတြကိုလည္း ဒီေလ့လာစမ္းသပ္မႈမွာ ပါ၀င္ေစျပီး အနံ႕ေတြ၊ အသံေတြ၊ အလင္းေရာင္ ၊ အရသာ နဲ႕ အထိအေတြ႕ေတြေပၚ သူတုိ႕ဘယ္လို တုန္႕ျပန္မလဲဆုိတာကိုလည္း ထပ္မံ စစ္တမ္းေကာက္ခဲ့ပါတယ္။

ေလ့လာခ်က္အျပီး သိလိုက္ရတာကေတာ့ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ ကားေမာင္းေနတဲ့အခ်ိန္ ပိုမိုေဒါသထြက္တတ္တယ္ဆုိတာပါပဲ။ လြတ္လပ္မႈရွိေနတဲ့အခ်ိန္ေတြမွာ အမ်ိဳးသားေတြေရာ အမ်ိဳးသမီးေတြပါ ေပ်ာ္ရႊင္မႈကို ခံစားရတာ အတူတူပါပဲ။ အေျခအေနေတြ အားလံုးထိန္းလို႕မရေတာ့တဲ့အခ်ိန္မွာေတာ့ သူတုိ႕ေတြဟာ ေဒါသေတြ ထြက္လာတတ္ၾကပါတယ္။ ဒီလိုအေျခအေနအတြက္ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ ပိုေဒါသထြက္၊ ေျပာဆုိတတ္ၾကတာပါပဲ။ အမ်ိဳးသမီးေတြဟာ သူတုိ႕ကားေမာင္းေနခ်ိန္  ဟြန္းေတြစြတ္တီးတာခံရရင္၊ ေအာ္တာခံရရင္ အမ်ိဳးသားေတြထက္ ၁၄ရာခိုင္ႏႈန္း ပိုစိတ္ဆုိးၾကသလို signal မျပပဲ သူတုိ႕ကားေရွ႕ ျဖတ္၀င္တာ၊ ရပ္ပစ္တာ စတာေတြလုပ္ရင္ေတာ့ အမ်ိဳးသားေတြထက္ ၁၃ရာခုိင္နႈန္း ပိုစိတ္တိုစိတ္ဆုိး တတ္ၾကပါတယ္တဲ့။ 

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဘယ်လောက်သည်းခံနိုင်စွမ်းရှိတဲ့သူဖြစ်ဖြစ် ကားမောင်းတဲ့အချိန်တွေကတော့ သည်းခံနိုင်စွမ်းကုန်ဆုံးတဲ့အချိန်တွေလို့ ဆိုရပါလိမ့်မယ်။ မြို့တစ်ပတ်လောက် ကားမောင်းပြီး အိမ်ပြန်ရောက်ချိန်မှာတော့ စိတ်ပန်းလူပန်းကို ဖြစ်နေတတ်တဲ့အထိပါ။ ကားမောင်းလို့ ပင်ပန်းရတာကနည်းနည်း၊ ကားမောင်းရင်း စည်းကမ်းမလိုက်နာတဲ့ ကားတွေကြောင့်၊ လူတွေကြောင့်၊ အတင်းဖြတ်လုမောင်းတတ်တဲ့ ကားဒရိုင်ဘာတွေကြောင့် ဒေါသတွေထွက်ရ၊ ပြောရဆိုရ ၊နောက်ဆုံး ခြေကုန်လက်ပန်းကျရတဲ့ အထိပါပဲ။

ယူကေက ဟွန်ဒိုင်းမော်တာရဲ့ လေ့လာချက်တစ်ခုအရတော့ သင်ဟာ အမျိုးသမီးဒရိုင်ဘာတစ်ဦးဖြစ်မယ်ဆိုရင် အမျိုးသားတွေထက်ကို ကားမောင်းတဲ့အခါ ဒေါသထွက် စိတ်တိုပါလိမ့်မယ်တဲ့။ ရာခိုင်နှုန်းနဲ့ဆိုရင် ၁၂ရာခိုင်နှုန်း ပိုစိတ်တိုစိတ်ဆိုးလိမ့်မယ်လို့တောင် သူတို့က ပြောထားတာ တွေ့ရပါတယ်။

ဒီတွက်ချက်မှုမှာ အမေရိကတော့ မပါဝင်ပါဘူး။ လန်ဒန်အခြေစိုက် အမူအကျင့်နဲ့စိတ်ပညာကျွမ်းကျင်သူ Patrick Fagan ကတော့ ကားမောင်းတဲ့သူ အယောက် ၁၀၀၀ကို လေ့လာခဲ့ပြီး သူတို့စိတ်တွေ ဘယ်လိုအခြေအနေ ရှိမယ်ဆိုတာကို စမ်းသပ်လေ့လာခဲ့ပါတယ်။ သူတို့ ကားမောင်းနေချိန်အတွင်း စိတ်ခံစားချက်တွေ ဘယ်လိုရှိမယ်ဆိုတာနဲ့ပတ်သက်ပြီး အမျိုးသားတွေသာမက အမျိုးသမီးတွေကိုလည်း ဒီလေ့လာစမ်းသပ်မှုမှာ ပါဝင်စေပြီး အနံ့တွေ၊ အသံတွေ၊ အလင်းရောင် ၊ အရသာ နဲ့ အထိအတွေ့တွေပေါ် သူတို့ဘယ်လို တုန့်ပြန်မလဲဆိုတာကိုလည်း ထပ်မံ စစ်တမ်းကောက်ခဲ့ပါတယ်။

လေ့လာချက်အပြီး သိလိုက်ရတာကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကားမောင်းနေတဲ့အချိန် ပိုမိုဒေါသထွက်တတ်တယ်ဆိုတာပါပဲ။ လွတ်လပ်မှုရှိနေတဲ့အချိန်တွေမှာ အမျိုးသားတွေရော အမျိုးသမီးတွေပါ ပျော်ရွှင်မှုကို ခံစားရတာ အတူတူပါပဲ။ အခြေအနေတွေ အားလုံးထိန်းလို့မရတော့တဲ့အချိန်မှာတော့ သူတို့တွေဟာ ဒေါသတွေ ထွက်လာတတ်ကြပါတယ်။ ဒီလိုအခြေအနေအတွက် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုဒေါသထွက်၊ ပြောဆိုတတ်ကြတာပါပဲ။ အမျိုးသမီးတွေဟာ သူတို့ကားမောင်းနေချိန်  ဟွန်းတွေစွတ်တီးတာခံရရင်၊ အော်တာခံရရင် အမျိုးသားတွေထက် ၁၄ရာခိုင်နှုန်း ပိုစိတ်ဆိုးကြသလို signal မပြပဲ သူတို့ကားရှေ့ ဖြတ်ဝင်တာ၊ ရပ်ပစ်တာ စတာတွေလုပ်ရင်တော့ အမျိုးသားတွေထက် ၁၃ရာခိုင်နှုန်း ပိုစိတ်တိုစိတ်ဆိုး တတ်ကြပါတယ်တဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top