iMyanmarHouse.com - Best Property Website for Myanmar
×

မနက္စာဟာ တစ္ေန႔လံုး အတြက္ အေရးအႀကီးဆံုးပါ။ ကေလးငယ္ေတြနဲ႔ လူလတ္ပိုင္းေတြဟာ မနက္စာစားျခင္းေၾကာင့္ စြမ္းအင္ကို ပိုရွိေစၿပီး ဥာဏ္ေကာင္းေစတယ္လို႔ ဆိုပါတယ္။ မနက္စာ စားျခင္းေၾကာင့္ တစ္ေန႔တာလံုး လုပ္ေဆာင္တဲ့ လုပ္ငန္းေဆာင္တာေတြဟာ ပိုၿပီး ေအာင္ျမင္ေစပါတယ္။ ကေလးေတြအတြက္ မနက္စာဟာ ဦးေႏွာက္ဖြံ႔ၿဖိဳးဖို႔ အတြက္နဲ႔ ကိုယ္အေလးခ်ိန္ကို ထိန္းဖို႔ အတြက္ အေရးႀကီးလွပါတယ္။ ကေလးေတြကို မနက္စာ ေကြ်းတဲ့အခါ တစ္မ်ိဳးတည္း ေကြ်းေနရင္ သူတို႔ ၿငီးေငြ႔လာပါလိမ့္မယ္။ ဒါေၾကာင့္ က်န္းမာေစၿပီး အရသာ ရွိလွတဲ့ မနက္စာ ၅မ်ိဳးကို မွ်ေ၀ေပးပါတယ္။

Cereal and Milk
အုတ္ဂ်ံဳနဲ႔ ႏြားႏို႔ဟာ က်န္းမာေရးနဲ႔ အညီညႊတ္ဆံုး မနက္စာ တစ္ခုပါ။ လုပ္ရတာ လြယ္ကူၿပီး အရသာ ရွိေစတဲ့ အရာပါ။ ကေလးေတြ အမ်ားစုဟာ
ဒီ အတြဲအစပ္ကို သေဘာက်လွပါတယ္။ အုတ္ဂ်ံဳကို စူပါမားကတ္ေတြမွာ ၀ယ္လို႔ ရပါတယ္။ အျခား အသီးအႏွံေတြကို ျဖည့္စြက္ၿပီးလည္း ေကြ်းလို႔
ရပါတယ္။

Sandwiches
ဟင္းသီးဟင္းရြက္ ပါတာျဖစ္ျဖစ္ မပါတာျဖစ္ျဖစ္ ဆန္းဒစ္၀္ခ်္ဆိုရင္ ကေလးေတြဟာ ႀကိဳက္ၾကပါတယ္။ အေရာင္စံုတဲ့ မနက္စာကို အိမ္မွာလုပ္ေပးၿပီး
ပရိုတင္းဓာတ္နဲ႔ ျပည့္ေ၀ေစတဲ့ အတြက္ ကေလးငယ္အတြက္ သင့္ေတာ္တဲ့ မနက္စာပါ။

ၾကက္ဥအေၾကေၾကာ္
ၾကက္ဥ ေမႊေၾကာ္လို႔လည္း ေခၚပါတယ္။ ၾကက္ဥကို ေဖာက္ထည့္ၿပီး အိုးထဲမွာပဲ ေမႊၿပီး ေၾကာ္လိုက္တာပါ။ ကေလးငယ္ေတြ ႀကိဳက္ၾကပါတယ္။
ထမင္းပူပူေလးနဲ႔ ေကြ်းပါ။ တစ္ေနတာလံုး အစာခံၿပီး ပရိုတင္းၾကြယ္ေစတဲ့ မနက္စာပါ။

ၾကက္ဥအျပဳတ္
က်န္းမာေစတဲ့ အစားအစာဆိုရင္ ၾကက္ဥျပဳတ္ကို ကေလးငယ္ကို ေကြ်းဖို႔ မေမ့ပါနဲ႔။ လြယ္ကူၿပီး ျမန္ဆန္တဲ့ မနက္စာဟာ ပရိုတင္းဓာတ္ၾကြယ္၀ၿပီး ကေ
အရသာလည္း ရွိေစပါတယ္။ ဆား၊ ငရုတ္ေကာင္း ႀကိဳက္ႏွစ္သက္ရာ ျဖဴးၿပီး ေကြ်းပါ။

ေထာပတ္၊ ေျမပဲနဲ႔ဂ်ယ္လီ Muffins
ကေလးတိုင္း ႀကိဳက္ႏွစ္သက္တဲ့ မုန္႔ျဖစ္ၿပီး ေျမပဲ ဓာတ္မတည့္သူေတြ အတြက္ေတာ့ ေျမပဲမထည့္ပါနဲ႔။ အထုူးသျဖင့္ စပ်စ္ယိုနဲ႔ လုပ္တဲ့ မုန္႔ဆိုရင္ ပိုၿပီး က်န္းမာေရးအတြက္ ေကာင္းေစပါတယ္။

Credit : today bago
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

မနက်စာဟာ တစ်နေ့လုံး အတွက် အရေးအကြီးဆုံးပါ။ ကလေးငယ်တွေနဲ့ လူလတ်ပိုင်းတွေဟာ မနက်စာစားခြင်းကြောင့် စွမ်းအင်ကို ပိုရှိစေပြီး ဉာဏ်ကောင်းစေတယ်လို့ ဆိုပါတယ်။ မနက်စာ စားခြင်းကြောင့် တစ်နေ့တာလုံး လုပ်ဆောင်တဲ့ လုပ်ငန်းဆောင်တာတွေဟာ ပိုပြီး အောင်မြင်စေပါတယ်။ ကလေးတွေအတွက် မနက်စာဟာ ဦးနှောက်ဖွံ့ဖြိုးဖို့ အတွက်နဲ့ ကိုယ်အလေးချိန်ကို ထိန်းဖို့ အတွက် အရေးကြီးလှပါတယ်။ ကလေးတွေကို မနက်စာ ကျွေးတဲ့အခါ တစ်မျိုးတည်း ကျွေးနေရင် သူတို့ ငြီးငွေ့လာပါလိမ့်မယ်။ ဒါကြောင့် ကျန်းမာစေပြီး အရသာ ရှိလှတဲ့ မနက်စာ ၅မျိုးကို မျှဝေပေးပါတယ်။

Cereal and Milk
အုတ်ဂျုံနဲ့ နွားနို့ဟာ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံး မနက်စာ တစ်ခုပါ။ လုပ်ရတာ လွယ်ကူပြီး အရသာ ရှိစေတဲ့ အရာပါ။ ကလေးတွေ အများစုဟာ
ဒီ အတွဲအစပ်ကို သဘောကျလှပါတယ်။ အုတ်ဂျုံကို စူပါမားကတ်တွေမှာ ဝယ်လို့ ရပါတယ်။ အခြား အသီးအနှံတွေကို ဖြည့်စွက်ပြီးလည်း ကျွေးလို့
ရပါတယ်။

Sandwiches
ဟင်းသီးဟင်းရွက် ပါတာဖြစ်ဖြစ် မပါတာဖြစ်ဖြစ် ဆန်းဒစ်ဝ်ချ်ဆိုရင် ကလေးတွေဟာ ကြိုက်ကြပါတယ်။ အရောင်စုံတဲ့ မနက်စာကို အိမ်မှာလုပ်ပေးပြီး
ပရိုတင်းဓာတ်နဲ့ ပြည့်ဝေစေတဲ့ အတွက် ကလေးငယ်အတွက် သင့်တော်တဲ့ မနက်စာပါ။

ကြက်ဥအကြေကြော်
ကြက်ဥ မွှေကြော်လို့လည်း ခေါ်ပါတယ်။ ကြက်ဥကို ဖောက်ထည့်ပြီး အိုးထဲမှာပဲ မွှေပြီး ကြော်လိုက်တာပါ။ ကလေးငယ်တွေ ကြိုက်ကြပါတယ်။
ထမင်းပူပူလေးနဲ့ ကျွေးပါ။ တစ်နေတာလုံး အစာခံပြီး ပရိုတင်းကြွယ်စေတဲ့ မနက်စာပါ။

ကြက်ဥအပြုတ်
ကျန်းမာစေတဲ့ အစားအစာဆိုရင် ကြက်ဥပြုတ်ကို ကလေးငယ်ကို ကျွေးဖို့ မမေ့ပါနဲ့။ လွယ်ကူပြီး မြန်ဆန်တဲ့ မနက်စာဟာ ပရိုတင်းဓာတ်ကြွယ်ဝပြီး ကေ
အရသာလည်း ရှိစေပါတယ်။ ဆား၊ ငရုတ်ကောင်း ကြိုက်နှစ်သက်ရာ ဖြူးပြီး ကျွေးပါ။

ထောပတ်၊ မြေပဲနဲ့ဂျယ်လီ Muffins
ကလေးတိုင်း ကြိုက်နှစ်သက်တဲ့ မုန့်ဖြစ်ပြီး မြေပဲ ဓာတ်မတည့်သူတွေ အတွက်တော့ မြေပဲမထည့်ပါနဲ့။ အထုူးသဖြင့် စပျစ်ယိုနဲ့ လုပ်တဲ့ မုန့်ဆိုရင် ပိုပြီး ကျန်းမာရေးအတွက် ကောင်းစေပါတယ်။

Credit : today bago

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top