iMyanmarHouse.com - Best Property Website for Myanmar
×

မိဘေတြ သင္ၾကားထားတဲ့ အရာေတြထဲမွာ တစ္ကိုယ္ေကာင္းဆန္ဆန္ မေနထိုင္ဖုိ႔၊ မျပဳမူဖုိ႔ဆုိၿပီး ပါေကာင္းပါ၀င္ႏိုင္ပါတယ္။ ဒါေပမယ့္ အရြယ္ေရာက္လာတဲ့ လူတစ္ေယာက္မွာ တစ္ကိုယ္ေကာင္းဆန္သင့္တဲ့ အခ်ိန္ေတြသပ္သပ္ကို ရွိေနပါတယ္။ ဒီလို လုပ္လိုက္လုိ႔ သူမ်ားကိုလည္း မထိခို္က္သလို၊ ကိုယ့္အတြက္လည္း ဘာမွ အက်ိဳးေတာင္ ပိုရွိဦးမယ္ဆုိရင္ေတာ့ တစ္ကိုယ္ေကာင္းဆန္သင့္ရင္ ဆန္ရမွာပါပဲ။ ဘယ္လိုအခ်ိန္ေတြမွာ တစ္ကိုယ္ေကာင္းဆန္ုတာဟာ သူတစ္ပါးအတြက္ အက်ိဳးယုတ္တာမ်ိဳး မရွိဘူးလဲဆိုတာ ေျပာျပေပးရရင္ေတာ့

၁။သင္နဲ႔ ဘယ္လိုမွ အဆင္မေျပေတာ့တဲ့၊ စိတ္ပ်က္ဖြယ္ အတိျဖစ္ေနတဲ့ အခ်စ္ေရးကို အဆံုးသတ္တဲ့အခါ

သင့္ဘ၀ဟာ သင့္ရဲ႕လက္တြဲေဖာ္ေၾကာင့္ ေရွ႕တိုးဖုိ႔မလြယ္ေတာ့ဘူး။ ခံစားခ်က္ေတြလညး္ တစ္ျဖည္းျဖည္းခ်ိနဲ႔ကုန္ရၿပီ။ ႏွစ္ဦးသားျပသနာေသာင္းေျခာက္ေထာင္နဲ႔ ဘယ္လိုညႈိႏႈိင္းညွိႏႈိင္း ျပန္အဆင္ေျပဖုိ႔ မလြယ္ကူေတာ့ဘူးဆုိရင္ ဒီလိုအေျခအေနမ်ိဳးမွာ လမ္းခြဲဖုိ႔ ကိုယ့္ဘက္က စေျပာလိုက္တာဟာ သင္တစ္ကိုယ္ေကာင္းဆန္တာ မဟုတ္ပါဘူး။ အထူးသျဖင့္ သင့္ကို အႀကိမ္ေပါင္းမ်ားစြာ လိမ္ညာေနတဲ့ လက္တြဲေဖာ္ကို သင္ လက္လႊတ္ဖုိ႔ ဆံုးျဖတ္တာမ်ိဳးဟာလည္း သင္ တစ္ကိုယ္ေကာင္းဆန္ဆန္ ဆံုးျဖတ္ခ်က္ခ်လိုက္တာမ်ိဳး မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ သင့္အျပဳအမူ ဆံုးျဖတ္ခ်က္အတြက္ အျပစ္ရွိတယ္လို႔ ခံစားဖုိ႔ မလိုဘူးဆိုတာ ေျပာပါရေစ။

၂။ အိမ္မွာ ေအးေအးခ်မ္းခ်မ္းေနခ်င္တဲ့အခါ

တစ္ခါတစ္ေလ စိတ္ပင္ပန္း၊ လူပင္ပန္းျဖစ္ေနတဲ့အခ်ိန္ သူငယ္ခ်င္းေတြက သူတုိ႔နဲ႔အတူ လိုက္ခဲ့ဖုိ႔ ေခၚေပမယ့္ သင္ကေတာ့ သင့္အိမ္ကေန တစ္ဖ၀ါးမွ မခြာခ်င္ဘူးျဖစ္ေနတယ္ဆုိရင္ သင့္သူငယ္ခ်င္းေတြကို ဒီတစ္ေခါက္ မလိုက္ႏိုင္ ေၾကာင္း ေကာင္းေကာင္းမြန္မြန္ ေျပာျပလိုက္ပါ။ လူတစ္ေယာက္ဟာ သူ႕အိမ္မွာ၊ သူ႕အခန္းေလးထဲမွာ ၿငိမ္ၿငိမ္ေလး ေနခ်င္တဲ့အခ်ိန္ဆုိတာ ရွိကုရွိပါတယ္။ ဒါ့ေၾကာင့္ ဒီ့အတြက္လည္း သင္အျပစ္ရွိသလို ခံစားစရာမလိုပါဘူး။ ဒါ တစ္ကုိယ္ေကာင္းဆန္သင့္တဲ့အရာပါ။

၃။သင္အလုပ္ေျပာင္းဖုိ႔ စိတ္အားထက္သန္ေနတဲ့အခါ

လက္ရွိလုပ္ေနတဲ့ အလုပ္က အထက္အရာရွိေရာ၊ သူေဌး နဲ႔ လုပ္ေဖာ္ကိုင္ဖက္ အားလံုးက ကုိယ့္အေပၚ ေကာင္းေနတဲ့အခါ ေနာက္ထပ္အလုပ္တစ္ခုေျပာင္းဖုိ႔ သင့္အေနနဲ႔ ဆံုးျဖတ္ရာမွာ တစ္ကိုယ္ေကာင္းဆန္သလို ခံစားေနရတတ္ပါ တယ္။ ဒါေပမယ့္ ဒီလိုျဖစ္ေနဖုိ႔ မလိုအပ္ပါဘူး။ ေနာက္ထပ္အလုပ္က သင့္ရဲ႕အိပ္မက္ေတြ အေကာင္အထည္ ပိုေဖာ္ႏိုင္မယ္ဆုိရင္၊ သင္လိုခ်င္တဲ့ လစာပမာဏကိုလည္း ေပးႏိုင္မယ္ဆုိရင္၊ ဘ၀အခြင့္အလမ္းေတြအတြက္ ပိုေကာင္းမြန္ ေနတယ္ဆုိရင္ ဘယ္လိုပဲျဖစ္ျဖစ္ သင္ေျပာင္းသင့္ပါတယ္။

၄။လူတုိင္း စိတ္ေက်နပ္ေပ်ာ္ရႊင္ေအာင္ သင္အၿမဲလုပ္ေပးေနရတာ စိတ္ပ်က္လာတဲ့အခါ

သူငယ္ခ်င္း၊ အေပါင္းအသင္းေတြ အားလံုးက ကိုယ့္ဆို အလိုရွိၾကတယ္။ ကုိယ္မပါရင္ ပြဲမစည္ဘူး ဆုိသလို သူတုိ႔ျပသနာေတြတက္တဲ့အခါ၊ စိတ္ညစ္တဲ့အခါမ်ိဳးေတြမွာ ကုိယ့္ကိုအၿမဲေခၚထားတတ္ၾကတယ္။ သူတုိ႔ေပ်ာ္ေနခ်ိန္ေရာ၊ စိတ္ပ်က္ေနခ်ိန္ေတြမွာပါ ကိုယ့္ကိုအၿမဲအနားမွာ ရွိေစခ်င္ၾကတယ္။ ဒါေပမယ့္ ကိုယ့္မွာလည္း ကိုယ့္စိတ္နဲ႔ကိုယ့္ကိုပါ။ ကုိယ္တုိင္ စိတ္ကသိကေအာက္ျဖစ္ေနခ်ိန္၊ စိတ္ဓာတ္က်ေနခ်ိန္ေတြမွာ သူတစ္ပါးကို ေပ်ာ္ရႊင္ေအာင္ လုိက္လုပ္ေပးဖုိ႔ ဘယ္လိုမွ မျဖစ္ႏိုင္ပါဘူး။ ဒီလိုအခ်ိန္ေတြမွာ ျငင္းကိုျငင္းရမွာပါပဲ။ ဒီလို ျငင္းရလုိ႔လဲ သင့္ဘက္က ငါတစ္ကိုယ္ေကာင္းဆန္ပါလားလို႔ ေတြးစရာ မလိုပါဘူး။

၅။တစ္စံုတစ္ေယာက္က သင့္ပစၥည္းေတြကို သင့္မေျပာပဲ ယူသံုးတာကို သင္ေျပာဖုိ႔လိုအပ္လာတဲ့အခါ

ျပသနာက ကိုယ့္ရဲအခန္းေဖာ္၊ ဒါမွမဟုတ္ သူငယ္ခ်င္းတစ္ေယာက္ေယာက္က ကိုယ့္ပစၥည္းေတြကို မေျပာမဆုိပဲ ယူသံုးတာမ်ိဳးေတြလုပ္တဲ့အခါ  သင့္စိတ္ထဲ ေဒါသျဖစ္မိမွာပါ။ ကိုယ့္ကိုေတာင္ ခြင့္မေတာင္းပဲ ယူသံုးတဲ့အျပင္ တစ္ျခားေနရာမွာေတာ့ သူကိုယ္ပိုင္ပစၥည္း သေဘာမ်ိဳး ေျပာဆုိတာကို သိရတဲ့အခါ သင္သူ႕ကို ေျပာဖုိ႔ လုိကိုလိုအပ္လာပါၿပီ။ ေနာက္တစ္ခါ သင့္ပစၥည္းေတြကို မထိဖုိ႔ ေျပာထားပါ။ ဒါဟာ သင္တစ္ကုိယ္ေကာင္းဆန္တာ မဟုတ္ပါဘူး။ ေျပာသင့္တာကို ေျပာျပထားတာမုိ႔ အျပစ္မရွိပါဘူး။

၆။အျခားတစ္ေယာက္ရဲ႕ အကူအညီကို ေတာင္းခံဖုိ႔ လုိလာတဲ့အခါ

တစ္ခါတစ္ေလ ကိုယ့္သူငယ္ခ်င္းေတြ၊ ကုိယ့္လုပ္ေဖာ္ကိုင္ဖက္ေတြထံက မျဖစ္မေန အကူအညီေတာင္းခံဖုိ႔ လုိလာတဲ့အခါမွာေတာ့ သူတုိ႔ဘက္ကို အရမ္းႀကီးေတြးမေနပဲ အကူအညီ ေတာင္းလိုက္ပါ။ ဒါဟာ သင္တစ္ကိုယ္ေကာင္းဆန္ လိုက္တာ မဟုတ္ပါဘူး။ တကယ္ကို အကူအညီလိုလို႔ ေတာင္းခံတာမ်ိဳးပါ။

Credit :trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

မိဘတွေ သင်ကြားထားတဲ့ အရာတွေထဲမှာ တစ်ကိုယ်ကောင်းဆန်ဆန် မနေထိုင်ဖို့၊ မပြုမူဖို့ဆိုပြီး ပါကောင်းပါဝင်နိုင်ပါတယ်။ ဒါပေမယ့် အရွယ်ရောက်လာတဲ့ လူတစ်ယောက်မှာ တစ်ကိုယ်ကောင်းဆန်သင့်တဲ့ အချိန်တွေသပ်သပ်ကို ရှိနေပါတယ်။ ဒီလို လုပ်လိုက်လို့ သူများကိုလည်း မထိခိုက်သလို၊ ကိုယ့်အတွက်လည်း ဘာမှ အကျိုးတောင် ပိုရှိဦးမယ်ဆိုရင်တော့ တစ်ကိုယ်ကောင်းဆန်သင့်ရင် ဆန်ရမှာပါပဲ။ ဘယ်လိုအချိန်တွေမှာ တစ်ကိုယ်ကောင်းဆန်ုတာဟာ သူတစ်ပါးအတွက် အကျိုးယုတ်တာမျိုး မရှိဘူးလဲဆိုတာ ပြောပြပေးရရင်တော့

၁။သင်နဲ့ ဘယ်လိုမှ အဆင်မပြေတော့တဲ့၊ စိတ်ပျက်ဖွယ် အတိဖြစ်နေတဲ့ အချစ်ရေးကို အဆုံးသတ်တဲ့အခါ

သင့်ဘဝဟာ သင့်ရဲ့လက်တွဲဖော်ကြောင့် ရှေ့တိုးဖို့မလွယ်တော့ဘူး။ ခံစားချက်တွေလည်း တစ်ဖြည်းဖြည်းချိနဲ့ကုန်ရပြီ။ နှစ်ဦးသားပြသနာသောင်းခြောက်ထောင်နဲ့ ဘယ်လိုညှိုနှိုင်းညှိနှိုင်း ပြန်အဆင်ပြေဖို့ မလွယ်ကူတော့ဘူးဆိုရင် ဒီလိုအခြေအနေမျိုးမှာ လမ်းခွဲဖို့ ကိုယ့်ဘက်က စပြောလိုက်တာဟာ သင်တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး။ အထူးသဖြင့် သင့်ကို အကြိမ်ပေါင်းများစွာ လိမ်ညာနေတဲ့ လက်တွဲဖော်ကို သင် လက်လွှတ်ဖို့ ဆုံးဖြတ်တာမျိုးဟာလည်း သင် တစ်ကိုယ်ကောင်းဆန်ဆန် ဆုံးဖြတ်ချက်ချလိုက်တာမျိုး မဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်အပြုအမူ ဆုံးဖြတ်ချက်အတွက် အပြစ်ရှိတယ်လို့ ခံစားဖို့ မလိုဘူးဆိုတာ ပြောပါရစေ။

၂။ အိမ်မှာ အေးအေးချမ်းချမ်းနေချင်တဲ့အခါ

တစ်ခါတစ်လေ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေတဲ့အချိန် သူငယ်ချင်းတွေက သူတို့နဲ့အတူ လိုက်ခဲ့ဖို့ ခေါ်ပေမယ့် သင်ကတော့ သင့်အိမ်ကနေ တစ်ဖဝါးမှ မခွာချင်ဘူးဖြစ်နေတယ်ဆိုရင် သင့်သူငယ်ချင်းတွေကို ဒီတစ်ခေါက် မလိုက်နိုင် ကြောင်း ကောင်းကောင်းမွန်မွန် ပြောပြလိုက်ပါ။ လူတစ်ယောက်ဟာ သူ့အိမ်မှာ၊ သူ့အခန်းလေးထဲမှာ ငြိမ်ငြိမ်လေး နေချင်တဲ့အချိန်ဆိုတာ ရှိကုရှိပါတယ်။ ဒါ့ကြောင့် ဒီ့အတွက်လည်း သင်အပြစ်ရှိသလို ခံစားစရာမလိုပါဘူး။ ဒါ တစ်ကိုယ်ကောင်းဆန်သင့်တဲ့အရာပါ။

၃။သင်အလုပ်ပြောင်းဖို့ စိတ်အားထက်သန်နေတဲ့အခါ

လက်ရှိလုပ်နေတဲ့ အလုပ်က အထက်အရာရှိရော၊ သူဌေး နဲ့ လုပ်ဖော်ကိုင်ဖက် အားလုံးက ကိုယ့်အပေါ် ကောင်းနေတဲ့အခါ နောက်ထပ်အလုပ်တစ်ခုပြောင်းဖို့ သင့်အနေနဲ့ ဆုံးဖြတ်ရာမှာ တစ်ကိုယ်ကောင်းဆန်သလို ခံစားနေရတတ်ပါ တယ်။ ဒါပေမယ့် ဒီလိုဖြစ်နေဖို့ မလိုအပ်ပါဘူး။ နောက်ထပ်အလုပ်က သင့်ရဲ့အိပ်မက်တွေ အကောင်အထည် ပိုဖော်နိုင်မယ်ဆိုရင်၊ သင်လိုချင်တဲ့ လစာပမာဏကိုလည်း ပေးနိုင်မယ်ဆိုရင်၊ ဘဝအခွင့်အလမ်းတွေအတွက် ပိုကောင်းမွန် နေတယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် သင်ပြောင်းသင့်ပါတယ်။

၄။လူတိုင်း စိတ်ကျေနပ်ပျော်ရွှင်အောင် သင်အမြဲလုပ်ပေးနေရတာ စိတ်ပျက်လာတဲ့အခါ

သူငယ်ချင်း၊ အပေါင်းအသင်းတွေ အားလုံးက ကိုယ့်ဆို အလိုရှိကြတယ်။ ကိုယ်မပါရင် ပွဲမစည်ဘူး ဆိုသလို သူတို့ပြသနာတွေတက်တဲ့အခါ၊ စိတ်ညစ်တဲ့အခါမျိုးတွေမှာ ကိုယ့်ကိုအမြဲခေါ်ထားတတ်ကြတယ်။ သူတို့ပျော်နေချိန်ရော၊ စိတ်ပျက်နေချိန်တွေမှာပါ ကိုယ့်ကိုအမြဲအနားမှာ ရှိစေချင်ကြတယ်။ ဒါပေမယ့် ကိုယ့်မှာလည်း ကိုယ့်စိတ်နဲ့ကိုယ့်ကိုပါ။ ကိုယ်တိုင် စိတ်ကသိကအောက်ဖြစ်နေချိန်၊ စိတ်ဓာတ်ကျနေချိန်တွေမှာ သူတစ်ပါးကို ပျော်ရွှင်အောင် လိုက်လုပ်ပေးဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီလိုအချိန်တွေမှာ ငြင်းကိုငြင်းရမှာပါပဲ။ ဒီလို ငြင်းရလို့လဲ သင့်ဘက်က ငါတစ်ကိုယ်ကောင်းဆန်ပါလားလို့ တွေးစရာ မလိုပါဘူး။

၅။တစ်စုံတစ်ယောက်က သင့်ပစ္စည်းတွေကို သင့်မပြောပဲ ယူသုံးတာကို သင်ပြောဖို့လိုအပ်လာတဲ့အခါ

ပြသနာက ကိုယ့်ရဲအခန်းဖော်၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်က ကိုယ့်ပစ္စည်းတွေကို မပြောမဆိုပဲ ယူသုံးတာမျိုးတွေလုပ်တဲ့အခါ  သင့်စိတ်ထဲ ဒေါသဖြစ်မိမှာပါ။ ကိုယ့်ကိုတောင် ခွင့်မတောင်းပဲ ယူသုံးတဲ့အပြင် တစ်ခြားနေရာမှာတော့ သူကိုယ်ပိုင်ပစ္စည်း သဘောမျိုး ပြောဆိုတာကို သိရတဲ့အခါ သင်သူ့ကို ပြောဖို့ လိုကိုလိုအပ်လာပါပြီ။ နောက်တစ်ခါ သင့်ပစ္စည်းတွေကို မထိဖို့ ပြောထားပါ။ ဒါဟာ သင်တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး။ ပြောသင့်တာကို ပြောပြထားတာမို့ အပြစ်မရှိပါဘူး။

၆။အခြားတစ်ယောက်ရဲ့ အကူအညီကို တောင်းခံဖို့ လိုလာတဲ့အခါ

တစ်ခါတစ်လေ ကိုယ့်သူငယ်ချင်းတွေ၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေထံက မဖြစ်မနေ အကူအညီတောင်းခံဖို့ လိုလာတဲ့အခါမှာတော့ သူတို့ဘက်ကို အရမ်းကြီးတွေးမနေပဲ အကူအညီ တောင်းလိုက်ပါ။ ဒါဟာ သင်တစ်ကိုယ်ကောင်းဆန် လိုက်တာ မဟုတ်ပါဘူး။ တကယ်ကို အကူအညီလိုလို့ တောင်းခံတာမျိုးပါ။

Credit :trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top