iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္၀န္ေဆာင္ေတာ့မယ္ဆိုရင္ ဆရာ၀န္ေတြ၊ အသိေတြ၊ ကိုယ့္ပတ္၀န္းက်င္က ကေလးမိခင္ေတြ၊ ကိုယ့္မိသားစု၀င္ေတြက ဘာေတြလုပ္ရမယ္၊ ဘာေတြေရွာင္ရမယ္ဆုိၿပီး ၀ိုင္းဂရုစိုက္ၾကပါလိမ့္မယ္။ ကိုယ္၀န္သံုးလေလာက္ဆုိရင္ ဘယ္လိုျဖစ္လာမယ္၊ ဘာေတြေရွာင္ရေတာ့မယ္ စသျဖင့္ေပါ့။ ဒါေပမယ့္ ကိုယ္၀န္တစ္ခါမွ မေဆာင္ဖူးသူေတြအေနနဲ႔ ဘယ္သူကမွလည္း သူတုိ႔ကို ေျပာေလ့ေျပာထမရွိတဲ့ အခ်က္ေလးေတြ ရွိေနပါတယ္။ အဲ့ဒါေတြကေတာ့

၁။ကိုယ္လည္း ကုိယ္၀န္ေဆာင္ျဖစ္ေရာ ကိုယ့္ပတ္၀န္းက်င္မွာ တစ္ျခားကိုယ္၀န္ေဆာင္ေတြကို အရင္ထက္ ပိုသတိျပဳမိလာမယ္။

၂။အူေၾကာင္ေၾကာင္ႏိုင္တဲ့ အိပ္မက္ေတြ မက္ပါလိမ့္မယ္။ ဒါေပမယ့္ တစ္ခါတစ္ေလ အဲ့ဒီအိပ္မက္ေတြက လက္ေတြ႕ဘ၀နဲ႔ ဆက္ႏြယ္ၿပီး နမိတ္ျပတာေတြေတာင္ ျဖစ္တတ္ပါတယ္။

၃။လူေတြကေတာ့ ကိုယ္၀န္ေဆာင္ေနတုန္း စားခ်င္တာအကုန္သာစား၊ ကေလးေမြးၿပီးတာနဲ႔ ၀ိတ္ကက်သြားမွာ စိုးရိမ္စရာ မရွိပါဘူးတဲ့။ ဒါဟာ လံုး၀မွားပါတယ္။ အဲ့ဒီလို မျဖစ္ပါေစနဲ႔။

၄။ကိုယ္၀န္ေဆာင္တုိင္းဟာ မနက္ပိုင္းေအာ့အန္တာမ်ိဳး၊ ေနရထိုင္ရတာ မသက္မသာျဖစ္တာမ်ိဳးေတြ ခံစားၾကရလိမ့္မယ္လို႔ ေျပာၾကပါတယ္။ ဒါဟာ ကိုယ္၀န္ေဆာင္တုိင္းေတာ့ မဟုတ္ပါဘူး။

၅။ကိုယ္၀န္ရင့္လာခ်ိန္မွာ ႏွာေခ်တာေတာင္ ဆီးထြက္က်တတ္ပါတယ္။ သတိထားရမယ့္အခ်က္ပါ။

၆။ရံုးကျပန္လာၿပီး မိနစ္ပိုင္းေလး အိပ္ယာေပၚ ေမွးခနဲျဖစ္သြားတတ္ၿပီး မ်က္လံုးဖြင့္တဲ့အခါ ေနာက္တစ္ေန႔ေတာင္ ေရာက္ေနၿပီ။ အိပ္လို႔အရမ္းေကာင္းတာမ်ိဳးေပါ့။

၇။အစားအေသာက္ေတြကိုပဲ အနံ႔လိုက္ခံမိေနသလိုကို အသားကုန္ စားလိမ့္မယ္။

၈။ကိုယ္၀န္ေဆာင္စေဆာင္ၿပီဆုိတာနဲ႔ ဘာေတြျဖစ္တယ္၊ ဘယ္လိုဆိုတာကို ခ်ေရးထားတာမ်ိဳး၊ ဓာတ္ပံုေတြ ရုိက္ထားတာမ်ိဳးက ေနာက္ပိုင္းမွာ တကယ့္ကို အမွတ္တရျဖစ္ေစတတ္ပါတယ္။

၉။ကိုယ္၀န္အရမ္း မရင့္ေသးတဲ့အခ်ိန္ လူေတြက ကိုယ္ဟာ ကိုယ္၀န္ေဆာင္မွန္းမသိဘဲ ကိုယ္နဲ႔လုၿပီး ဘတ္စ္ကားေပၚမွာ ထုိင္ခုံဦးလိုက္တာ၊ ဘယ္ေနရာမွာမဆို ဦးစားေပးမခံရတာမ်ိဳးေတြ ရွိတဲ့အတြက္ ဒီခံစားခ်က္ကို ႀကိဳတင္ျပင္ဆင္ထားပါ။

၁၀။ကိုယ့္ရဲ႕ခႏၶာကိုယ္ အေနအထား၊ ရင္သား၊ တင္နဲ႔ အဂၤါနဲ႔ ပတ္သက္ၿပီးေတာ့လည္း ကေလးေမြးဖြားၿပီးတဲ့အခ်ိန္ထိေတာင္ အရင္နဲ႔မတူညီေတာ့တဲ့ အေျပာင္းအလဲေတြ ရွိေနပါလိမ့္မယ္။

Credit: trend Myanmar
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ်ဝန်ဆောင်တော့မယ်ဆိုရင် ဆရာဝန်တွေ၊ အသိတွေ၊ ကိုယ့်ပတ်ဝန်းကျင်က ကလေးမိခင်တွေ၊ ကိုယ့်မိသားစုဝင်တွေက ဘာတွေလုပ်ရမယ်၊ ဘာတွေရှောင်ရမယ်ဆိုပြီး ဝိုင်းဂရုစိုက်ကြပါလိမ့်မယ်။ ကိုယ်ဝန်သုံးလလောက်ဆိုရင် ဘယ်လိုဖြစ်လာမယ်၊ ဘာတွေရှောင်ရတော့မယ် စသဖြင့်ပေါ့။ ဒါပေမယ့် ကိုယ်ဝန်တစ်ခါမှ မဆောင်ဖူးသူတွေအနေနဲ့ ဘယ်သူကမှလည်း သူတို့ကို ပြောလေ့ပြောထမရှိတဲ့ အချက်လေးတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့

၁။ကိုယ်လည်း ကိုယ်ဝန်ဆောင်ဖြစ်ရော ကိုယ့်ပတ်ဝန်းကျင်မှာ တစ်ခြားကိုယ်ဝန်ဆောင်တွေကို အရင်ထက် ပိုသတိပြုမိလာမယ်။

၂။အူကြောင်ကြောင်နိုင်တဲ့ အိပ်မက်တွေ မက်ပါလိမ့်မယ်။ ဒါပေမယ့် တစ်ခါတစ်လေ အဲ့ဒီအိပ်မက်တွေက လက်တွေ့ဘဝနဲ့ ဆက်နွယ်ပြီး နမိတ်ပြတာတွေတောင် ဖြစ်တတ်ပါတယ်။

၃။လူတွေကတော့ ကိုယ်ဝန်ဆောင်နေတုန်း စားချင်တာအကုန်သာစား၊ ကလေးမွေးပြီးတာနဲ့ ဝိတ်ကကျသွားမှာ စိုးရိမ်စရာ မရှိပါဘူးတဲ့။ ဒါဟာ လုံးဝမှားပါတယ်။ အဲ့ဒီလို မဖြစ်ပါစေနဲ့။

၄။ကိုယ်ဝန်ဆောင်တိုင်းဟာ မနက်ပိုင်းအော့အန်တာမျိုး၊ နေရထိုင်ရတာ မသက်မသာဖြစ်တာမျိုးတွေ ခံစားကြရလိမ့်မယ်လို့ ပြောကြပါတယ်။ ဒါဟာ ကိုယ်ဝန်ဆောင်တိုင်းတော့ မဟုတ်ပါဘူး။

၅။ကိုယ်ဝန်ရင့်လာချိန်မှာ နှာချေတာတောင် ဆီးထွက်ကျတတ်ပါတယ်။ သတိထားရမယ့်အချက်ပါ။

၆။ရုံးကပြန်လာပြီး မိနစ်ပိုင်းလေး အိပ်ယာပေါ် မှေးခနဲဖြစ်သွားတတ်ပြီး မျက်လုံးဖွင့်တဲ့အခါ နောက်တစ်နေ့တောင် ရောက်နေပြီ။ အိပ်လို့အရမ်းကောင်းတာမျိုးပေါ့။

၇။အစားအသောက်တွေကိုပဲ အနံ့လိုက်ခံမိနေသလိုကို အသားကုန် စားလိမ့်မယ်။

၈။ကိုယ်ဝန်ဆောင်စဆောင်ပြီဆိုတာနဲ့ ဘာတွေဖြစ်တယ်၊ ဘယ်လိုဆိုတာကို ချရေးထားတာမျိုး၊ ဓာတ်ပုံတွေ ရိုက်ထားတာမျိုးက နောက်ပိုင်းမှာ တကယ့်ကို အမှတ်တရဖြစ်စေတတ်ပါတယ်။

၉။ကိုယ်ဝန်အရမ်း မရင့်သေးတဲ့အချိန် လူတွေက ကိုယ်ဟာ ကိုယ်ဝန်ဆောင်မှန်းမသိဘဲ ကိုယ်နဲ့လုပြီး ဘတ်စ်ကားပေါ်မှာ ထိုင်ခုံဦးလိုက်တာ၊ ဘယ်နေရာမှာမဆို ဦးစားပေးမခံရတာမျိုးတွေ ရှိတဲ့အတွက် ဒီခံစားချက်ကို ကြိုတင်ပြင်ဆင်ထားပါ။

၁၀။ကိုယ့်ရဲ့ခန္ဓာကိုယ် အနေအထား၊ ရင်သား၊ တင်နဲ့ အင်္ဂါနဲ့ ပတ်သက်ပြီးတော့လည်း ကလေးမွေးဖွားပြီးတဲ့အချိန်ထိတောင် အရင်နဲ့မတူညီတော့တဲ့ အပြောင်းအလဲတွေ ရှိနေပါလိမ့်မယ်။


Credit: trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top