iMyanmarHouse.com - Best Property Website for Myanmar
×

ဓာတ္တိုးဆန္႔က်င္ဂုဏ္သတၱိရွိတဲ့ စေတာ္ဘယ္ရီဟာ အသားအေရ ကို ႏုပ်ိဳလန္းဆန္းေစႏုိင္စြမ္းရွိၿပီး ဗီတာမင္စီ၊ ပိုတက္ဆီယမ္၊ ေဖာ လစ္အက္စစ္၊ အမွ်င္ဓာတ္၊ ဗီတာမင္ဘီ၊ ဘိုင္အိုတင္နဲ႔ ဆံပင္၊ လက္သည္းေျခသည္းေတြကို က်န္းမာေစတဲ့ အာဟာရဓာတ္ေတြ ပါရွိပါတယ္။ စေတာ္ဘယ္ရီက ဘယ္ေနရာေတြမွာ ေကာင္းက်ိဳး ျပဳသလဲဆုိတာ   သိထားရေအာင္လို႔   ေဖာ္ျပေပးလိုက္ပါ တယ္။

သြားမ်ားကို ျဖဴေစျခင္း

သြားေတြျဖဴခ်င္ရင္ စေတာ္ဘယ္ရီအႏွစ္နဲ႔ သြားကိုပြတ္တုိက္ေဆးေၾကာႏုိင္သလို စေတာ္ဘယ္ ရီနဲ႔ မုန္႔ဖုတ္ဆိုဒါနည္းနည္းေရာၿပီး သြားေတြကိုသုတ္၊ ငါးမိနစ္ေလာက္ထားၿပီးရင္ သြားတိုက္ေဆးနဲ႔ တိုက္ေပးတာမ်ိဳး တစ္ပတ္တစ္ႀကိမ္ေလာက္လုပ္ေပးႏိုင္ပါတယ္။

မ်က္ႏွာေပၚက အညစ္အေၾကးမ်ား သန္႔စင္ေစျခင္း

တိုနာေတြမွာ ဓာတုပစၥည္းပါမွာ စိုးရိမ္လုိ႔ မသံုးရဲၾကရင္ေတာ့ စေတာ္ဘယ္ရီတိုနာေလးသံုးၾကည့္လိုက္ပါ။ စေတာ္ဘယ္ရီကို အရည္ညႇစ္ၿပီး ႏွင္းဆီရနံ႔ေလးနဲ႔ ေရာကာညအိပ္ခါနီးမွာ မ်က္ႏွာ တစ္ျပင္လံုးသုတ္လိမ္းပါ။ အရည္ေတြပိုေနေသးရင္ ေရခဲေသတၱာ ထဲ သိမ္းထားၿပီး ညတုိင္းလုပ္ေပးရင္ မ်က္ႏွာေလးၾကည္လင္လာ တာေတြ႕ရမွာပါ။

ဝက္ၿခံေပ်ာက္ေစျခင္း

ဝက္ၿခံေတြမ်ားလို႔ စိတ္ညစ္ေနရင္ေတာ့ စေတာ္ဘယ္ရီသီးကို အရည္ညႇစ္၊ ႏြားႏို႔၊ လက္ဖက္ရည္တစ္ဇြန္းနဲ႔ေရာၿပီး ဝက္ၿခံရွိတဲ့ေန ရာကို သုတ္၊ ၁၅ မိနစ္ေလာက္ထားၿပီးရင္ မ်က္ႏွာသစ္ေပးတာ မ်ိဳး တစ္ပတ္ကို ႏွစ္ႀကိမ္ေလာက္လုပ္ေပးရင္ ဝက္ၿခံေတြ သက္သာေစပါတယ္။

သဘာဝေၾကးခြၽတ္ေဆးအျဖစ္ သံုးႏုိင္ျခင္း

အသားအေရေခ်ာေမြ႕ခ်င္တယ္ဆိုရင္ စေတာ္ဘယ္ရီ ၁၂ လံုးေလာက္ကို သၾကား၊ သံလြင္ဆီတုိ႔နဲ႔ေရာေမႊၿပီး ခႏၶာကိုယ္အႏွံ႔လိမ္းၿပီး ေရခ်ိဳးတဲ့အခါ ေၾကးေညႇာ္ကင္းေစသလို ကိုယ္သင္းရနံ႔လည္း ေမႊးေနေစပါတယ္။ ေနာက္ၿပီး ေျခဖေနာင့္ကြဲတာ၊ အသားမာတက္တာေပ်ာက္ခ်င္ရင္ ႀကိတ္ေျခထားတဲ့ စေတာ္ဘယ္ရီအႏွစ္ ထဲကို အလွဆီနဲ႔ အုတ္ဂ်ံဳမႈန္႔ထည့္ၿပီးေရာထား၊ ေျခေထာက္ကို ေရ ေႏြးေႏြးနဲ႔ ၁၀ မိနစ္ေလာက္စိမ္ထားၿပီးရင္ စေတာ္ဘယ္ရီအႏွစ္နဲ႔ သုတ္လိမ္း၊ ေရေအးေလးနဲ႔ေဆးၿပီး ေျခေထာက္လိမ္းခရင္မ္ေလး လိမ္းေပးရင္ သက္သာေစပါတယ္။

သဘာဝမ်က္ႏွာေပါင္းတင္လႊာ ဖန္တီးႏုိင္ျခင္း

ပ်ားရည္လက္ဖက္ရည္ဇြန္းတစ္ဇြန္း၊ ခရင္မ္လက္ဖက္ရည္ ဇြန္းႏွစ္ဇြန္းကို  စေတာ္ဘယ္ရီသီးအႏွစ္နဲ႔ေရာၿပီး မ်က္ႏွာနဲ႔ လည္ပင္းတစ္ဝိုက္လိမ္းပါ၊ မိနစ္ ၂၀ ေလာက္ေပါင္းတင္ၿပီး မ်က္ ႏွာသစ္လိုက္တဲ့အခါ ႏူးညံ့ေခ်ာေမြ႕တဲ့ အသားအေရေလးျဖစ္ေန တာ ေတြ႕ရမွာပါ။

ဆံပင္ေပ်ာ့ေဆးအျဖစ္သံုးႏုိင္ျခင္း

စေတာ္ဘယ္ရီ ရွစ္လံုးေလာက္ကို ႀကိတ္ေျခၿပီး မ႐ိုးနိစ္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ေရာကာ အႏွစ္လုပ္ၿပီး ဆံပင္ကိုသုတ္ၿပီး မိနစ္ ၂၀ ေလာက္ေပါင္းေပးရင္ ဦးေရျပားက်န္းမာေရးကိုေထာက္ကူၿပီး ဆံသားေကာင္းေစပါတယ္။

မ်က္လံုးမို႔အစ္တာကို သက္သာေစျခင္း

စေတာ္ဘယ္ရီသီးကို ခပ္ပါး ပါးေလးလွီးၿပီးမို႔အစ္ေနတဲ့ေနရာ ကို ၁၀ မိနစ္ေလာက္ကပ္ေပးထားရင္ ပံုမွန္အတုိင္း ျပန္ျဖစ္ေစပါ တယ္။


Credit : 7Day Daily

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ စတော်ဘယ်ရီဟာ အသားအရေ ကို နုပျိုလန်းဆန်းစေနိုင်စွမ်းရှိပြီး ဗီတာမင်စီ၊ ပိုတက်ဆီယမ်၊ ဖော လစ်အက်စစ်၊ အမျှင်ဓာတ်၊ ဗီတာမင်ဘီ၊ ဘိုင်အိုတင်နဲ့ ဆံပင်၊ လက်သည်းခြေသည်းတွေကို ကျန်းမာစေတဲ့ အာဟာရဓာတ်တွေ ပါရှိပါတယ်။ စတော်ဘယ်ရီက ဘယ်နေရာတွေမှာ ကောင်းကျိုး ပြုသလဲဆိုတာ   သိထားရအောင်လို့   ဖော်ပြပေးလိုက်ပါ တယ်။

သွားများကို ဖြူစေခြင်း

သွားတွေဖြူချင်ရင် စတော်ဘယ်ရီအနှစ်နဲ့ သွားကိုပွတ်တိုက်ဆေးကြောနိုင်သလို စတော်ဘယ် ရီနဲ့ မုန့်ဖုတ်ဆိုဒါနည်းနည်းရောပြီး သွားတွေကိုသုတ်၊ ငါးမိနစ်လောက်ထားပြီးရင် သွားတိုက်ဆေးနဲ့ တိုက်ပေးတာမျိုး တစ်ပတ်တစ်ကြိမ်လောက်လုပ်ပေးနိုင်ပါတယ်။

မျက်နှာပေါ်က အညစ်အကြေးများ သန့်စင်စေခြင်း

တိုနာတွေမှာ ဓာတုပစ္စည်းပါမှာ စိုးရိမ်လို့ မသုံးရဲကြရင်တော့ စတော်ဘယ်ရီတိုနာလေးသုံးကြည့်လိုက်ပါ။ စတော်ဘယ်ရီကို အရည်ညှစ်ပြီး နှင်းဆီရနံ့လေးနဲ့ ရောကာညအိပ်ခါနီးမှာ မျက်နှာ တစ်ပြင်လုံးသုတ်လိမ်းပါ။ အရည်တွေပိုနေသေးရင် ရေခဲသေတ္တာ ထဲ သိမ်းထားပြီး ညတိုင်းလုပ်ပေးရင် မျက်နှာလေးကြည်လင်လာ တာတွေ့ရမှာပါ။

ဝက်ခြံပျောက်စေခြင်း

ဝက်ခြံတွေများလို့ စိတ်ညစ်နေရင်တော့ စတော်ဘယ်ရီသီးကို အရည်ညှစ်၊ နွားနို့၊ လက်ဖက်ရည်တစ်ဇွန်းနဲ့ရောပြီး ဝက်ခြံရှိတဲ့နေ ရာကို သုတ်၊ ၁၅ မိနစ်လောက်ထားပြီးရင် မျက်နှာသစ်ပေးတာ မျိုး တစ်ပတ်ကို နှစ်ကြိမ်လောက်လုပ်ပေးရင် ဝက်ခြံတွေ သက်သာစေပါတယ်။

သဘာဝကြေးချွတ်ဆေးအဖြစ် သုံးနိုင်ခြင်း

အသားအရေချောမွေ့ချင်တယ်ဆိုရင် စတော်ဘယ်ရီ ၁၂ လုံးလောက်ကို သကြား၊ သံလွင်ဆီတို့နဲ့ရောမွှေပြီး ခန္ဓာကိုယ်အနှံ့လိမ်းပြီး ရေချိုးတဲ့အခါ ကြေးညှော်ကင်းစေသလို ကိုယ်သင်းရနံ့လည်း မွှေးနေစေပါတယ်။ နောက်ပြီး ခြေဖနောင့်ကွဲတာ၊ အသားမာတက်တာပျောက်ချင်ရင် ကြိတ်ခြေထားတဲ့ စတော်ဘယ်ရီအနှစ် ထဲကို အလှဆီနဲ့ အုတ်ဂျုံမှုန့်ထည့်ပြီးရောထား၊ ခြေထောက်ကို ရေ နွေးနွေးနဲ့ ၁၀ မိနစ်လောက်စိမ်ထားပြီးရင် စတော်ဘယ်ရီအနှစ်နဲ့ သုတ်လိမ်း၊ ရေအေးလေးနဲ့ဆေးပြီး ခြေထောက်လိမ်းခရင်မ်လေး လိမ်းပေးရင် သက်သာစေပါတယ်။

သဘာဝမျက်နှာပေါင်းတင်လွှာ ဖန်တီးနိုင်ခြင်း

ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ခရင်မ်လက်ဖက်ရည် ဇွန်းနှစ်ဇွန်းကို  စတော်ဘယ်ရီသီးအနှစ်နဲ့ရောပြီး မျက်နှာနဲ့ လည်ပင်းတစ်ဝိုက်လိမ်းပါ၊ မိနစ် ၂၀ လောက်ပေါင်းတင်ပြီး မျက် နှာသစ်လိုက်တဲ့အခါ နူးညံ့ချောမွေ့တဲ့ အသားအရေလေးဖြစ်နေ တာ တွေ့ရမှာပါ။

ဆံပင်ပျော့ဆေးအဖြစ်သုံးနိုင်ခြင်း

စတော်ဘယ်ရီ ရှစ်လုံးလောက်ကို ကြိတ်ခြေပြီး မရိုးနိစ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ရောကာ အနှစ်လုပ်ပြီး ဆံပင်ကိုသုတ်ပြီး မိနစ် ၂၀ လောက်ပေါင်းပေးရင် ဦးရေပြားကျန်းမာရေးကိုထောက်ကူပြီး ဆံသားကောင်းစေပါတယ်။

မျက်လုံးမို့အစ်တာကို သက်သာစေခြင်း

စတော်ဘယ်ရီသီးကို ခပ်ပါး ပါးလေးလှီးပြီးမို့အစ်နေတဲ့နေရာ ကို ၁၀ မိနစ်လောက်ကပ်ပေးထားရင် ပုံမှန်အတိုင်း ပြန်ဖြစ်စေပါ တယ်။


Credit : 7Day Daily


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top