iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္သူမဆို ရုပ္ရွင္ေတာ့ သြားၾကည့္ဖူးပါလိမ့္မယ္။ ခ်စ္တဲ့သူနဲ႕ ရုပ္ရွင္ၾကည့္ၿဖစ္မွာၿဖစ္သလဲ၊ ရည္းစားမၿဖစ္ခင္မွာလဲ ရုပ္ရွင္သြားၾကည့္တဲ့အခါမွာ ေကာင္ေလးေတြကို ရင္ေတြခုန္ေစမဲ့ မိန္းကေလးေတြရဲ႕ ခ်စ္စရာေကာင္းတဲ့ အမူအရာေလးက ဘာၿဖစ္မွာလဲ။

★ မ်က္လံုးခ်င္း အၾကည့္ေတြ ဆံုမိတယ္

သူနဲ႕ရုပ္ရွင္သြားၾကည့္တဲ့အခ်ိန္မွာ တစ္ေယာက္နဲ႕တစ္ေယာက္ ခဏခဏ အၾကည့္ေတြ ဆံုေနေတာ့ ရုပ္ရွင္ကို ေကာင္းေကာင္း ၾကည့္လို႔ မရေတာ့ပဲ ရင္ေတြခုန္ေနမိတယ္။ ေကာင္ေလးေတြမွာေတာ့ သူ ရုပ္ရွင္မၾကည့္ပဲ ကိုယ့္ကိုခ်ည္းပဲ ၾကည့္ေနတယ္ဆိုၿပီး ေတြးေနမိမွာေပါ့ေနာ္။

★ ငိုေနမိတယ္

သူနဲ႕သြားၾကည့္တဲ့ကားက အရမ္းကို ဝမ္းနည္းဖို႔ေကာင္းတဲ့အတြက္ သူကေတာ့ ခ်က္ခ်င္း မ်က္ရည္ေတြက်ေနတဲ့အခ်ိန္မွာ ကိုယ့္မွာလည္း ခ်စ္စရာေကာင္းတဲ့သူကို ၾကည့္ရင္း ရင္ေတြခုန္ေနမိတယ္။ မိန္းကေလးေတြရဲ႕ မ်က္ရည္ဆိုတာ ဘယ္သူမွ ယွဥ္ၿပိဳင္လို႔ မရႏုိင္သလို ေကာင္ေလးေတြလည္း လက္ေၿမွာက္ အရႈံးေပးလိုက္မွာ ၿဖစ္ပါတယ္။

★ လက္ေလးကို ထိမိသြားတယ္

သူနဲ႔ အတူတူ ရုပ္ရွင္သြားၾကည့္ေနတုန္းက ကိုယ္ရဲ႕ထိုင္ခံုေဘးမွာ ေပါက္ေပါက္ဗူးေလးတင္ထားပါတယ္။ ေပါက္ေပါက္ယူစားခ်ိန္မွာ မမွတ္မထင္ သူနဲ႕ကိုယ့္ရဲ႕ လက္ေလးက သြားၿပီး ဆံုမိေတာ့ ရင္ေတြခုန္လိုက္တာေနာ္။ ဘာရယ္လို႔ မဟုတ္ပဲ မေတာ္တဆ ထိမိလိုက္တဲ့အခ်ိန္မွာ သူကို မၾကည့္ရဲပင္မဲ့ စိတ္ေတြ အရမ္းလႈပ္ရွားသြားပါတယ္။

★ မသိတာေလးေတြကို ေၿဖမိတယ္

ရုပ္ရွင္ထဲက နားမလည္တဲ့ အပိုင္းေလးေတြကို သူက ေမးလာေတာ့ ေၿဖလိုက္တဲ့အခါ အေၿဖကို ၾကားလိုက္တဲ့ သူ႕ရဲ႕ မ်က္ႏွာေလးက ၾကည့္ႏူးစရာေကာင္းပါတယ္။ အရမ္းၾကီးလည္း သိပ္မေမးနဲ႕ေနာ္။ ခ်စ္စရာေကာင္းတဲ့ မိန္းကေလးကေန မုန္းစရာေကာင္းတဲ့ အေမးထူတဲ့ မိန္းကေလးၿဖစ္သြားပါဦးမယ္။

Credit:Chelmo Team

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဘယ်သူမဆို ရုပ်ရှင်တော့ သွားကြည့်ဖူးပါလိမ့်မယ်။ ချစ်တဲ့သူနဲ့ ရုပ်ရှင်ကြည့်ဖြစ်မှာဖြစ်သလဲ၊ ရည်းစားမဖြစ်ခင်မှာလဲ ရုပ်ရှင်သွားကြည့်တဲ့အခါမှာ ကောင်လေးတွေကို ရင်တွေခုန်စေမဲ့ မိန်းကလေးတွေရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးက ဘာဖြစ်မှာလဲ။

★ မျက်လုံးချင်း အကြည့်တွေ ဆုံမိတယ်

သူနဲ့ရုပ်ရှင်သွားကြည့်တဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ခဏခဏ အကြည့်တွေ ဆုံနေတော့ ရုပ်ရှင်ကို ကောင်းကောင်း ကြည့်လို့ မရတော့ပဲ ရင်တွေခုန်နေမိတယ်။ ကောင်လေးတွေမှာတော့ သူ ရုပ်ရှင်မကြည့်ပဲ ကိုယ့်ကိုချည်းပဲ ကြည့်နေတယ်ဆိုပြီး တွေးနေမိမှာပေါ့နော်။

★ ငိုနေမိတယ်

သူနဲ့သွားကြည့်တဲ့ကားက အရမ်းကို ဝမ်းနည်းဖို့ကောင်းတဲ့အတွက် သူကတော့ ချက်ချင်း မျက်ရည်တွေကျနေတဲ့အချိန်မှာ ကိုယ့်မှာလည်း ချစ်စရာကောင်းတဲ့သူကို ကြည့်ရင်း ရင်တွေခုန်နေမိတယ်။ မိန်းကလေးတွေရဲ့ မျက်ရည်ဆိုတာ ဘယ်သူမှ ယှဉ်ပြိုင်လို့ မရနိုင်သလို ကောင်လေးတွေလည်း လက်မြှောက် အရှုံးပေးလိုက်မှာ ဖြစ်ပါတယ်။

★ လက်လေးကို ထိမိသွားတယ်

သူနဲ့ အတူတူ ရုပ်ရှင်သွားကြည့်နေတုန်းက ကိုယ်ရဲ့ထိုင်ခုံဘေးမှာ ပေါက်ပေါက်ဗူးလေးတင်ထားပါတယ်။ ပေါက်ပေါက်ယူစားချိန်မှာ မမှတ်မထင် သူနဲ့ကိုယ့်ရဲ့ လက်လေးက သွားပြီး ဆုံမိတော့ ရင်တွေခုန်လိုက်တာနော်။ ဘာရယ်လို့ မဟုတ်ပဲ မတော်တဆ ထိမိလိုက်တဲ့အချိန်မှာ သူကို မကြည့်ရဲပင်မဲ့ စိတ်တွေ အရမ်းလှုပ်ရှားသွားပါတယ်။

★ မသိတာလေးတွေကို ဖြေမိတယ်

ရုပ်ရှင်ထဲက နားမလည်တဲ့ အပိုင်းလေးတွေကို သူက မေးလာတော့ ဖြေလိုက်တဲ့အခါ အဖြေကို ကြားလိုက်တဲ့ သူ့ရဲ့ မျက်နှာလေးက ကြည့်နူးစရာကောင်းပါတယ်။ အရမ်းကြီးလည်း သိပ်မမေးနဲ့နော်။ ချစ်စရာကောင်းတဲ့ မိန်းကလေးကနေ မုန်းစရာကောင်းတဲ့ အမေးထူတဲ့ မိန်းကလေးဖြစ်သွားပါဦးမယ်။

Credit:Chelmo Team

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top