iMyanmarHouse.com - Best Property Website for Myanmar
×

သမီးရည္းစားဘဝမွာေတာ့ ရန္ျဖစ္လုိက္ ၊ ျပန္ခ်စ္လုိက္နဲ႔ ေပ်ာ္စရာအခ်ိန္ေတြကုိ ကုန္ဆုံးၾကရပါတယ္။ ကုိယ့္ခ်စ္သူေကာင္မေလးရဲ႕ စိတ္ဆုုိးသြားတဲ့ ပုံရိပ္ေလးဟာ ကုိယ့္အတြက္ ခ်စ္စရာ Barbie ရုပ္ကေလးသဖြယ္ ျဖစ္တဲ့အတြက္ ရင္ခုန္ဖြယ္အတိျဖစ္ေနပါတယ္။ မိန္းကေလးေတြအတြက္လည္း စိတ္ဆုိးခ်င္ေယာင္ေဆာင္ၿပီး ကုိယ့္ရည္းစားက ေခ်ာ့တဲ့အရသာဟာ ဘာနဲ႔မွ မလဲႏုိင္ေအာင္ခံစားရပါတယ္။ ကုိယ့္ရည္းစား စိတ္ဆုိးသြားတာက ေခ်ာ့လုိ႔ရေကာင္းေသာ္လည္း စိတ္နာသြားရင္ ျပန္ေခ်ာ့လုိ႔ မရႏုိင္တဲ့နည္းတူ သမီးရည္းစားၾကားမွာ ခြင့္လႊတ္လုိ႔မရႏုိင္တဲ့ အမွားမ်ိဳးကုိ မက်ဴးလြန္မိဖုိ႔ အေရးႀကီးပါတယ္။

ကုိယ့္ရည္းစားကုိ ဘယ္လုိအေျခအေနမ်ိဳးပဲေရာက္ေရာက္ မလိမ္သင့္ပါဘူး။ ဒီေန႔ေခတ္မွာ ရည္းစားေတြအမ်ားစုဟာ မုသားစကားေတြေၾကာင့္ ျပတ္စဲကုန္ၾကပါတယ္။ ကုိယ္လိမ္ထားတာ သိသြားရင္ သြားပါၿပီ ။ ဘယ္ေလာက္ရွင္းျပပါေစ ၊ သူနားလည္ေတာ့မွာ မဟုတ္ပါဘူး။ တစ္ခါေလာက္ ခြင့္လႊတ္လုိက္ရင္လည္း အရင္လုိ ယုံၾကည္မႈမ်ိဳး ျပန္မရႏုိင္ေတာ့တဲ့အျပင္ ေမးခြန္းတုိင္းမွာလည္း သံသယေတြ ပါလာတတ္ပါတယ္။

ကုိယ့္ရည္းစားရဲ႕ စကားလုံးေတြကုိလည္း အေလးထားေပးသင့္တဲ့အျပင္ သူ႕ရဲ႕အမူအယာေတြကတဆင့္ အေသးစိတ္အကဲခပ္သင့္ပါတယ္။ ကုိယ့္ရည္းစားရဲ႕ အလုိလုိက္မႈ ၊ ဂရုစုိက္မႈကုိ မိန္းကေလးတုိင္း လုိခ်င္ၾကပါတယ္။ ကုိယ့္ရည္းစားရဲ႕ ဂရုစုိက္မႈ ၊ အလုိလုိက္မႈေလးေတြဟာ မိန္းကေလးေတြအတြက္ ရွိန္းတိန္းမက္ေမာဖြယ္အတိ ျဖစ္ေနျပန္ပါတယ္။ ေကာင္မေလး အားငယ္လာတုိင္း ဂရုတစုိက္ေထြးေပြ႕ထားလုိက္မယ္ဆုိရင္ ခ်စ္သူႏွစ္ဦးၾကား အခ်စ္ေတြတုိးပြားလာၿပီး သံေယာဇဥ္ေတြ ယုိဖိတ္လာပါတယ္။

ခ်စ္သူႏွစ္ဦးၾကားမွာ ေရွးရုိးစြဲမယူေတြလည္း ပယ္ေဖ်ာက္သင့္ျပန္ပါတယ္။ ဘယ္ေနရာမွ မွဲ႔ပါရင္ လက္မထပ္သင့္ပါဘူး ၊ ဘယ္ရာသီဖြားေတြက ဘာျဖစ္တတ္ပါတယ္ ၊ ဘယ္ေန႔နာမ္နဲ႔ မတည့္ဘူးစသျဖင့္ လက္ေတြ႕မက်တဲ့ အယူအဆေတြ ေခါင္းထဲမွ ထုတ္ပစ္သင့္ပါတယ္။ ဘယ္လုိပဲ အယူအဆေတြပဲရွိေနပါေစ ဖူးစာမွန္ရင္ အကုန္လုိက္ဖက္ပါတယ္လုိ႔ ဆုိခ်င္ပါတယ္။

Credit: akhayar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သမီးရည်းစားဘဝမှာတော့ ရန်ဖြစ်လိုက် ၊ ပြန်ချစ်လိုက်နဲ့ ပျော်စရာအချိန်တွေကို ကုန်ဆုံးကြရပါတယ်။ ကိုယ့်ချစ်သူကောင်မလေးရဲ့ စိတ်ဆိုုးသွားတဲ့ ပုံရိပ်လေးဟာ ကိုယ့်အတွက် ချစ်စရာ Barbie ရုပ်ကလေးသဖွယ် ဖြစ်တဲ့အတွက် ရင်ခုန်ဖွယ်အတိဖြစ်နေပါတယ်။ မိန်းကလေးတွေအတွက်လည်း စိတ်ဆိုးချင်ယောင်ဆောင်ပြီး ကိုယ့်ရည်းစားက ချော့တဲ့အရသာဟာ ဘာနဲ့မှ မလဲနိုင်အောင်ခံစားရပါတယ်။ ကိုယ့်ရည်းစား စိတ်ဆိုးသွားတာက ချော့လို့ရကောင်းသော်လည်း စိတ်နာသွားရင် ပြန်ချော့လို့ မရနိုင်တဲ့နည်းတူ သမီးရည်းစားကြားမှာ ခွင့်လွှတ်လို့မရနိုင်တဲ့ အမှားမျိုးကို မကျူးလွန်မိဖို့ အရေးကြီးပါတယ်။

ကိုယ့်ရည်းစားကို ဘယ်လိုအခြေအနေမျိုးပဲရောက်ရောက် မလိမ်သင့်ပါဘူး။ ဒီနေ့ခေတ်မှာ ရည်းစားတွေအများစုဟာ မုသားစကားတွေကြောင့် ပြတ်စဲကုန်ကြပါတယ်။ ကိုယ်လိမ်ထားတာ သိသွားရင် သွားပါပြီ ။ ဘယ်လောက်ရှင်းပြပါစေ ၊ သူနားလည်တော့မှာ မဟုတ်ပါဘူး။ တစ်ခါလောက် ခွင့်လွှတ်လိုက်ရင်လည်း အရင်လို ယုံကြည်မှုမျိုး ပြန်မရနိုင်တော့တဲ့အပြင် မေးခွန်းတိုင်းမှာလည်း သံသယတွေ ပါလာတတ်ပါတယ်။

ကိုယ့်ရည်းစားရဲ့ စကားလုံးတွေကိုလည်း အလေးထားပေးသင့်တဲ့အပြင် သူ့ရဲ့အမူအယာတွေကတဆင့် အသေးစိတ်အကဲခပ်သင့်ပါတယ်။ ကိုယ့်ရည်းစားရဲ့ အလိုလိုက်မှု ၊ ဂရုစိုက်မှုကို မိန်းကလေးတိုင်း လိုချင်ကြပါတယ်။ ကိုယ့်ရည်းစားရဲ့ ဂရုစိုက်မှု ၊ အလိုလိုက်မှုလေးတွေဟာ မိန်းကလေးတွေအတွက် ရှိန်းတိန်းမက်မောဖွယ်အတိ ဖြစ်နေပြန်ပါတယ်။ ကောင်မလေး အားငယ်လာတိုင်း ဂရုတစိုက်ထွေးပွေ့ထားလိုက်မယ်ဆိုရင် ချစ်သူနှစ်ဦးကြား အချစ်တွေတိုးပွားလာပြီး သံယောဇဉ်တွေ ယိုဖိတ်လာပါတယ်။

ချစ်သူနှစ်ဦးကြားမှာ ရှေးရိုးစွဲမယူတွေလည်း ပယ်ဖျောက်သင့်ပြန်ပါတယ်။ ဘယ်နေရာမှ မှဲ့ပါရင် လက်မထပ်သင့်ပါဘူး ၊ ဘယ်ရာသီဖွားတွေက ဘာဖြစ်တတ်ပါတယ် ၊ ဘယ်နေ့နာမ်နဲ့ မတည့်ဘူးစသဖြင့် လက်တွေ့မကျတဲ့ အယူအဆတွေ ခေါင်းထဲမှ ထုတ်ပစ်သင့်ပါတယ်။ ဘယ်လိုပဲ အယူအဆတွေပဲရှိနေပါစေ ဖူးစာမှန်ရင် အကုန်လိုက်ဖက်ပါတယ်လို့ ဆိုချင်ပါတယ်။

Credit: akhayar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top