iMyanmarHouse.com - Best Property Website for Myanmar
×




Credit : Duwun



#Unicode Version

သရုပ်ဆောင်ပီပြင်သလို Running Man အစီအစဉ်မှာလည်း ပရိသတ်အချစ်တော်ဖြစ်ရတဲ့ မင်းသမီးလေး ဆောင်းဂျီဟိုဟာ ဖောက်ပြန်တတ်တဲ့အချစ်အပေါ် သူမရဲ့ခံယူချက်ကို ဖွင့်ပြောခဲ့ပါတယ်။ မကြာခင်ရိုက်ကူးမယ့် ဇာတ်လမ်းမှာ သူမက ဖောက်ပြန်တတ်တဲ့ခင်ပွန်းရဲ့ ဇနီးနေရာကနေ ပါဝင်ရမှာဖြစ်လို့ ဒီအကြောင်းနဲ့ ဆက်စပ်ပြီးပြောခဲ့တာဖြစ်ပါတယ်။

" ကျွန်မသာဆိုရင် ကိုယ်နဲ့အချိန်အကြာကြီး အတူရှိခဲ့သူကို လက်လွှတ်နိုင်မယ်မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက အမှားတစ်ခုပဲလေ" လို့ ပြောပါတယ်။ တစ်ကြိမ်လောက် မှားဖူးတဲ့အမှားကို အချစ်တွေနဲ့ ဖာထေးကာ ခွင့်လွှတ်ပေးမယ့်သဘောပါပဲ။

ဒီလိုမျိုး ဖြေကြားပေမယ့်လည်း ဂျီဟိုကတော့ ရိုက်ကူးရေးမရှိတဲ့ရက်တွေဆိုရင် အိမ်မှာပဲ နေနေရတဲ့ တစ်ကိုယ်တော်သမားဘဝပဲ ရှိပါသေးတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top